ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ အခွေသစ်ထုတ်မယ့် ရေဗက္ကာဝင်း

Y2K တုန်းက Kiss me quick သီချင်းနဲ့ လူငယ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ pop အဆိုတော် ရေဗက္ကာဝင်းက ဒီလ ၁၂ရက်နေ့မှာ သူ့အခွေအသစ်ဖြစ်တဲ့ Maka လို့ နာမည်ပေးထားတဲ့ ခွေကို release လုပ်တော့မှာဖြစ်ပါတယ်။

Maka ဆိုတာကတော့ ကချင်စကားဖြစ်ပြီး အဓိပ္ပါယ်ကတော့ အရမ်းလေးနက်ပါတယ်။ ကိုယ့်ရဲ့ အမှတ်တံဆိပ်(trade mark) လို့ ဆိုလိုတဲ့ ဝေါဟာရဖြစ်ပါတယ်။ ခွေတစ်ခွေလုံး ကချင်သီချင်းတွေချည်းပဲပါမှာဖြစ်ပြီး ကချင်တိုင်းရင်းသူဖြစ်တဲ့အလျောက် သူ့ဘဝမှာ အမှတ်တရမှတ်တိုင်တစ်ခုအနေနဲ့ ကချင်ဘာသာနဲ့ဆိုထားတဲ့ခွေကိုထုတ်ချင်တာဖြစ်တယ်လို့ သိရပါတယ်။ သီချင်းအမျိုးအစားတွေကတော့ အစုံပါမှာဖြစ်ပြီး သူ့ facebook account မှာ teaser တွေတင်ထားလို့ စမ်းနားထောင်ကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ link ကနေတဆင့်နားထောင်ကြည့်လို့ရပါတယ်။

လွန်ခဲ့တဲ့ရက်ကပဲ အမြည်းအနေနဲ့ Ndai Shara (ဒီနေရာ) လို့ခေါင်းစဉ်ပေးထားတဲ့ music video တစ်ပုဒ်ကို သူ့ facebook မှာတင်ထားပေးခဲ့ပါတယ်။ ကချင်လိုဆိုတာဖြစ်ပေမယ့် မြန်မာစာတန်းထိုးပေးထားတာမို့ နားလည်ဖို့မခဲယဉ်းပါဘူး။ Admin နားထောင်ကြည့်ရတာတော့ တော်တော်ကောင်းပါတယ်။ သူ့ရဲ့ ချိုပြီးဆွဲဆောင်မှုရှိတဲ့ အသံလေးကတော့ လုံးဝမပြောင်းလဲသွားပါဘူး။ MTV ကိုတော့ ကချင်စစ်ဘေးဒုက္ခသည်စခန်းမှာရိုက်ထားတာဖြစ်ပြီး တဖက်တလမ်းကနေ ကချင်ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေကြရတဲ့ ကလေးတွေအကြောင်းကို လူတွေသိအောင် message ပေးထားတာကို မြင်နိုင်ပါတယ်။

Valentine’s day အမှီလဲ ရေဗက္ကာဝင်းကြိုက်တတ်တဲ့ ကိုယ့်ချစ်သူလေးကိုလဲ အခွေလေးဝယ်ပြီးလက်ဆောင်ပေးလို့ရသေးတယ်ဆိုတော့ အိုကေမှာစိုပြေပဲနော်။ Admin ကတော့ သီချင်းချိုချိုလေးတွေနားထောင်ရဖို့ ၁၂ရက်နေ့ထွက်မယ့် ရေဗက္ကာဝင်းရဲ့ ခွေအသစ်ကိုဝယ်ဖို့ စောင့်မျှော်နေပါပြီ။ ဝယ်ပြီးနားထောင်ပြီးရင်လဲ review နဲ့ recommend လေးတွေပြောပြပေးမှာမို့လို့ stay tuned နော်……

 

Source : RebeccaWin/facebook

Leave a Reply

Your email address will not be published. Required fields are marked *