ယောကျာ်းတွေကို စိတ်ကုန်နေတဲ့ အဆိုတော် Rihanna

နောက်ပိုင်းသတင်းတွေမှာ Rihanna ကို Saudi စီးပွားရေးသမား Hassan Jameel နဲ့ တွဲမတွေ့ရတော့ကြောင့် မီဒီယာတွေ သိပ်ကိုစိတ်ဝင်စားနေခဲ့ပါတယ်။ ဟိုတစ်စဒီတစ်စ ကြားရတဲ့ ဘီလျံနာသူဌေးနဲ့ Rihanna တို့ရဲ့အချစ်ဇာတ်လမ်း အဆုံးသတ်သွားတာဟာ Rihanna တစ်ယောက် ယောကျာ်းတွေကိုစိတ်ကုန်နေလို့ပါတဲ့။ ဒီသတင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူတို့နှစ်ယောက် ပြတ်စဲသွားတာဟာ ဒီအကြောင်းအရာနဲ့ အနည်းနဲ့အများတော့သက်ဆိုင်နေမယ်လို့ အားလုံးက ယူဆနေကြပါတယ်။

ဒီ အချစ်ဇာတ်လမ်း နဲ့ပတ်သက်ပြီး MediaTakeOut ဆိုတဲ့သတင်းက ထုတ်ဖော်ရေးသားထားတာကတော့ “သူတို့နှစ်ယောက် အချစ်ဇာတ်လမ်းဟာ တကယ်ကို နှစ်လိုဖွယ်ကောင်းခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အဆုံးသတ်သွားခဲ့ပါပြီ။ ဒါပေါ့။ Rihanna တစ်ယောက် Hassan Jameel ရဲ့အသည်းကိုခွဲခဲ့ပြီလေ။ သူမက ယောကျာ်းတွေရဲ့နှလုံးသားကို ခွဲခဲ့တဲ့သူပဲလေ။ သူမ Hassan Jameel ကို စိတ်ကုန်ငြီးငွေ့သွားလို့ဖြစ်မယ်။ ဘာလို့ဆိုသူမဟာ တစ်ခါတစ်လေ ယောကျာ်းတွေကို ငြီးငွေ့တတ်တယ်။” လို့ဖော်ပြထားပါတယ်။

A post shared by badgalriri (@badgalriri) on

Jameel နဲ့ Rihanna တို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၀၁၇ ခုနှစ်မှာ စတင်လက်တွဲခဲ့ကြပြီး စပိန်မြို့ရဲ့ ရေကူးကန်မှာ စတင်တွေ့ဆုံခဲ့တာပါ။ ၂၀၁၇ ဇူလိုင်လမှာတော့ သတင်းမီဒီယာတွေကနေတစ်ဆင့် သူတို့နှစ်ဦးချိန်းတွေ့ကြတာ လအနည်းငယ်လောက်ရှိပြီဖြစ်ကြောင်း ကြေငြာမောင်းခတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခု ဇွန်လ ၇ ရက်မှာထွက်ရှိမယ့် Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ Ocean’s 8 ဇာတ်ကားမှာလည်း Cate Blanchett, Sandra Bullock, Anne Hathaway, Mindy Kaling, Sarah Paulson, Awkwafina, Helena Bonham Carter တို့နဲ့အတူပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီဇာတ်ကားထဲမှာတော့ Rihana တစ်ယောက် နည်းပညာကျွမ်းကျင်သူနေရာကနေ သရုပ်ဆောင်ထားတာပါ။ ဒါ့အပြင် သူမရဲ့ Make Up Collection ဟာလည်း ဆက်လက်ပြီးအောင်မြင်နေဆဲပါ။ ဒါတွေကြောင့်လည်း Rihanna တစ်ယောက် ချစ်သူနဲ့ချိန်းတွေ့ဖို့ အချိန်မရှိတာဖြစ်ပါလိမ့်မယ်။ အလုပ်တွေ သဲကြီးမဲကြီးလုပ်နေတဲ့ Rihanna တစ်ယောက် အသည်းကွဲဖို့လည်း အချိန်ရှိရှာမယ်မထင်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *