သူမရဲ့ 2018 Japan Show အတွက် TWICE ရဲ့ ‘Candy Pop’ သီချင်းကို လေ့ကျင့်နေတာပါလို့ဆိုတဲ့ အဆိုတော် Sabrina Carpenter

အဆိုတော် Sabrina Carpenter က သူမရဲ့ Instagram Story မှာ 2018 Japan Show အတွက် TWICE ရဲ့ ‘Candy Pop‘ သီချင်းကို လေ့ကျင့်နေတာပါလို့ဆိုပြီး ‘Candy Pop’ သီချင်းကို ဆိုပြထားတဲ့ Video လေးကို တင်ခဲ့ပါတယ်။ Twice ရဲ့ ဖေဖော်ဝါရီလမှာ ထွက်ရှိခဲ့တဲ့ ဒုတိယမြောက် ဂျပန် Single ‘Candy Pop’ ဟာဆိုရင် Japan Music Chart တွေမှာ နံပါတ် #1 နေရာကို ရယူထားခဲ့ပြီး Title Song ဖြစ်တဲ့ ‘Candy Pop’ သီချင်းဟာဆိုရင်လည်း လတ်တလော လူကြိုက်များနေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Sabrina Carpenter ကလည်း လာမယ့် ၂၀ ရက်နေ့ Tokyo မှာပြုလုပ်မယ့် သူမရဲ့ 2018 Japan Show မှာ TWICE ရဲ့ ‘Candy Pop’ သီချင်းလေးနဲ့ ဖျော်ဖြေမယ်ထင်ပါရဲ့။ သူမဆိုလိုက်ပြန်တော့လဲ TWICE ရဲ့ ချစ်စဖွယ် ‘Candy Pop’ သီချင်းလေးဟာ တစ်မျိုးလေးဆန်းပြီး နားထောင်ကောင်းနေပြန်ရော။

ဒါလေးကတော့ သူမရဲ့ Instagram ပါ ။ သူမရဲ့ Story မှာ သူမဆိုထားတဲ့ ‘Candy Pop’ သီချင်းလေးကို သွားနားထောင်လို့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *