အခမဲ့ဝင်ကြေးအတွက် Mobile app ထုတ်လုပ်သွားမယ့် စိုင်းစိုင်းခမ်းလှိုင်

ပျိုပျိုအိုအို မိန်းကလေးများရဲ့ အချစ်တော် စိုင်းစိုင်းကတော့ အောင်မြင်မှုများစွာကို  ယနေ့ထိတိုင် နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ဆုံး သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလောကအတွက် ဆယ်စုနှစ် ၂စုစာ သိမ်းပိုက်ထားနိုင်တဲ့အတွက် လူငယ်အဆိုတော်တွေရဲ့ စံပြတစ်ယောက်ဖြစ်သလို ဘာကိုဘဲလုပ်လုပ် လေးလေးနက်နက်လုပ်ကိုင်သူတစ်ဉီးဖြစ်တာကြောင့် စီးပွားရေးဘက်မှာလည်း အောင်မြင်နေတာတွေ့ရပါတယ်။ ဒီနှစ်ကတော့ အသက် ၃၉ နှစ်ပြည့်မွေးနေ့မတိုင်ခင် သီချင်းအခွေတစ်ခွေထွက်ရှိခဲ့ပြီး ရှိုးပွဲတွေကိုလည်း ခပ်စိပ်စိပ်လေး ပြန်လုပ်လာတာ တွေ့ရပါတယ်။

မကြာသေးခင်ရက်ပိုင်းကဘဲ စိုင်းစိုင်းဟာ သူ့ရဲ့အခမဲ့ဝင်ကြေး Fan club တစ်ခု ပြုလုပ်ဖို့ စီစဉ်နေတယ်လို ပြောကြားထားပြီး နေ့ရက်၊ အချိန်ကိုတော့ အတိအကျမကြေငြာသေးပါဘူး။ SAI STARDOM OFFICIAL FAN CLUB မှာ သူများနဲ့မတူတဲ့ ထူးခြားချက်လေးတွေ ရှိနေခဲ့တာကိုလည်း ပြောထားပါတယ်။ ဒီဝင်ကြေးအခမဲ့အတွက် ထူးခြားတာကတော့ register လုပ်ဖို့အတွက် mobile app တစ်ခုကို ထည့်သွင်းသွားမှာဖြစ်ပြီး အသေးစိတ်ကိုတော့ သေချာလေး ကြေငြာပေးသွားမယ်လို့ ပြောကြားထားပါတယ်။

စိုင်းစိုင်းပွဲတွေဟာ ဝင်ကြေးနဲ့ဆိုရင်တောင်မှ တိုးမပေါက်လောက်အောင် အောင်မြင်တာမို့ အခုလို fan club ကို ဝင်ကြေးအခမဲ့ဆိုရင် လူအရမ်းများလို့ တချို့ကျလည်း မကြိုက်ပြန်ပါဘူး။ ဒါပေမယ့်လည်း စိုင်းစိုင်းဖြစ်နေလို့ကို ဘယ်လိုဘဲဖြစ်ဖြစ် သူ့ရှိုးပွဲတွေကို ရောက်အောင်လာကြမယ့်သူတွေကတော့ ရင်ခုန်စွာနဲ့ အသစ်သစ်တွေကို မျှော်လင့်စောင့်စားနေကြပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *