Selena နဲ့ Taylor တို့နှစ်ဦးဟာ ခုချိန်ထိ အချစ်ဆုံးသူငယ်ချင်းတွေပါ

ဒီတလောမှာ Selena နဲ့ Taylor တို့ရဲ့ နွေးထွေးတဲ့ဆက်ဆံရေးတွေအရ သူတို့နှစ်ဦးဟာ အခုချိန်ထိ သူငယ်ချင်းကောင်းတွေဖြစ်နေကြတုန်းပဲဆိုတာ တကယ်ကို သေချာပါတယ်။ တစ်ချိန်တုန်းက သူတို့နှစ်ဦးဟာ ငယ်ရွယ်တဲ့ကြယ်ပွင့်လေးတွေဖြစ်ခဲ့ကြပြီး နှစ်ဦးစလုံးက Pop အဆိုတော်တွေပါပဲ။ သိပ်ချစ်တဲ့ သူငယ်ချင်းတွေလည်းဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာ သူတို့နှစ်ဦးကို ဝေးကွာစေမယ့် ပြသနာလေးတွေလည်း ဖြစ်ခဲ့ကြပါတယ်။ 2017 မှာ selena ကျောက်ကပ်လဲလှယ်နေရတဲ့ အတောအတွင်း Taylor ဟာ သူမရဲ့ album အသစ်ကို color အမည်းရောင် ပဲလိုချင်ခဲ့တာဟာ တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ပါဘူး။ ပြီးခဲ့တဲ့ Billboard Music award မှာ Taylor ဟာ Top Female Artist ဆုကိုရှိခဲ့တာနဲ့ပတ်သက်ပြီး selena ရဲ့ instragram မှာ “She won top female artist at the billboard music awards Sunday(May 21)” ဆိုပြီး ဂုဏ်ယူစွာတင်ခဲ့ပါတယ်။ Taylor ဟာလည်း လက်ရှိ သူမရဲ့ reputation tour မှာ Selena ကိုစင်မြင့်ထက်သို့ဖိတ်ခေါ်ခဲ့ကာ သီဆိုဖျော်ဖြေစေခဲ့ပါတယ်။ အဲ့ဒီနေ့မှာလည်း Selena ဟာ Taylor နဲ့ selfie ပုံကို instragram မှာတင်ခဲ့ပြီး  “the most beautiful, strong, independent woman I have ever met.” လို့တင်စားခဲ့ပါသေးတယ်။

အရင်နေ့ရက်တွေတုန်းက တစ်ယောက်နဲ့တစ်ယောက် လက်တွဲဖော် ကိစ္စတွေနဲ့ပတ်သတ်ပြီး အချင်းချင်း ကတောက်ကဆလေးတွေ ရှိကောင်းရှိခဲ့ကြပါလိမ့်မယ်။ Selena အရင် Justin နဲ့ပြန်တွဲတုန်းက သဘောမတူတဲ့သူတွေထဲမှာ Taylor လည်းတစ်ဦးအပါအဝင်ဖြစ်ခဲ့တာပါ။ Justin နဲ့ ပြတ်ပြီးနောက် selena ဟာ လက်တွဲဖော်အသစ်ကိုရှာဖို့ အဆင်သင့်မဖြစ်သေးပါဘူးလို့ ထုတ်ပြောပြီးတဲ့နောက်ပိုင်း သူတို့သူငယ်ချင်းနှစ်ဦးကို တတွဲတွဲ ပိုတွေ့လာရတာပါ။ ပရိတ်သတ်တွေစိုးရိမ်နေသလို လက်တွဲဖော်ပြဿနာဟာ သူတို့ရဲ့ သူငယ်ချင်းသံယောဇဉ်ကို ပျက်စီးသွားစေမှာမဟုတ်သလို ၁၃နှစ်တာကြာခဲ့တဲ့ သံယောဇဉ်ဟာ နောင်နှစ်ပေါင်းများစွာတိုင်အောင်တည်တံ့နေမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *