လက်ရှိအချိန်ထိတိုင်အောင် ပရိတ်သတ်ရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ် ရရှိနေတဲ့ Selena နဲ့ Justin တို့ရဲ့ relationship

Justinနဲ့ selenaတို့ နှစ်ယောက်စလုံးဟာ ငယ်ရွယ်ပြီး သိပ်ကိုtalentရှိကြတဲ့ အောင်မြင်ကျော်ကြားတဲ့အဆိုတော်တွေအဖြစ် ပရိတ်သတ်တွေရဲ့ အားပေး နှစ်သက်မှု အသီးသီးကို ရရှိထားကြသူတွေဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိလှတဲ့ selena ဆိုရင်လည်း လက်ရှိအချိန်ထိ instagram မှာ followers ပေါင်း 135မီလီယမ်ကျော်ကိုရရှိထားတဲ့ instagram own account ပြီးရင် ဒုတိယအများဆုံး follower ရသူဖြစ်တဲ့ ကမ္ဘာကျော်အဆိုတော် သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ Justin ဟာလည်း စပေါ်ခါစကတည်းက လူအများရဲ့စိတ်ဝင်စားမှုကိုရှိခဲ့တဲ့ မိန်းကလေးတွေအသည်းစွဲ ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ 2011 ရဲ့ ဖေဖော်ဝါရီလက red carpet party တစ်ခုမှာ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို ပရိတ်သတ်ရှေ့ အတိအလင်းချပြလိုက်တဲ့အခါမှာတော့ ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုဟာ မြင့်တက်လာပါတော့တယ်။ စစတွဲချင်းမှာ fan အနည်းငယ်ရဲ့ ဆိုးရွားတဲ့တုံ့ပြန်မှုတစ်ချို့ရှိခဲ့ပေမယ့်လည်း သူတို့နှစ်ဦးရဲ့ အချစ်ရေးဟာ hollywood ရဲ့ ချစ်ခင်ကြည်နူးဖွယ်ကောင်းတဲ့ စုံတွဲတစ်တွဲအဖြစ်တောင် လူတိုင်းကအားကျခဲ့ ကြပါတယ်။ 2011 တစ်နှစ်လုံး နီးပါးဟာ ချစ်ခင်စ jelena တို့အတွက်တော့ သိပ်ကိုလှပတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး 2012 မှာတော့ စေ့စပ်ကြောင်း သတင်းတွေတောင်ထွက်ရှိခဲ့ပါတယ်။ ဒါပေမယ့် 2012 ရဲ့ နိုဝင်ဘာလမှာတော့ များလွန်းတဲ့အချိန်ဇယားတွေကြောင့်ဆိုတဲ့ အကြောင်းပြချင်တွေအောက်မှာ တရားဝင်လမ်းခွဲကြောင်း ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာ သူတို့နှစ်ဦးပြန်အဆင်ပြေသွားတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် တရားဝင်ထုတ်ပြောခြင်းတော့ မရှိခဲ့ပါဘူး။ အဲ့ဒီနောက်ပိုင်း Justin ဘက်က ပြန်အဆင်ပြေချင်ကြောင်း အလားအလာတွေရှိခဲ့ပေမယ့် selenaကတော့ media တွေကို single ဖြစ်ကြောင်း ပြောဆိုပြီး တရားဝင်ငြင်းဆန်ခဲ့ပြန်ပါတယ်။ 2014 ရဲ့ new year ညမှာတော့ Justin ဟာ love the way you look at me ဆိုပြီး သူတို့နှစ်ယောက်ပုံကို instagram မှာတင်ခဲ့ပါတာ်။ အဲ့ဒီနောက် အခြားမိန်းကလေးတစ်ယောက်နဲ့ ကားပေါ်မှာထပ်မံတွေ့မြင်ကြရတဲ့အခါ ပရိတ်သတ်တွေဝေခွဲမရဖြစ်ကြရပြန်ပါတယ်။ ဒါပေမယ့် 2014 အောက်တိုဘာလမှာထွက်ရှိခဲ့တဲ့ Justin ရဲ့ “noting like us” ဆိုတဲ့သီချင်းနဲ့ selena ရဲ့ “the heart want what it want” ဆိုတဲ့သီချင်းတွေဟာ သူတို့နှစ်ယောက်အကြောင်း သီဆိုထားတာဖြစ်ပြီး နှစ်ယောက်စလုံးရဲ့ အချစ်ရေးဟာလည်း ရှုပ်ထွေးမှုပေါင်းများစွာနဲ့ ရှေ့ဆက်နေခဲ့ပါတယ်။ 2015 ဇန်နဝါရီမှာတော့ selena ဟာ Zedd နဲ့စတင် date ခဲ့ပြီး တစ်ဖက်မှာလည်း justin နဲ့ဆက်လက်တွေ့ဆုံနေခဲ့ပါတယ်။ ဒီကြားထဲမှာ သူတို့ရဲ့အချစ်ရေးဟာ ပရိတ်သတ်ဘက်က ခန့်မှန်းလို့မရအောင်သိပ်ကို ရှုပ်ထွေးနေခဲ့ပေမယ့် သူတို့ ရဲ့သီချင်းတိုင်းမှာ တစ်ယောက်အကြောင်း တစ်ယောက်သီဆိုရေးစပ်ထားခြင်းတွေဟာ တစ်ယောက်ကိုတစ်ယောက် ချစ်နေသေးတယ်ဆိုတဲ့သက်သေပါပဲ။ 2015 နောက်ပိုင်းမှာတော့ selena ဟာ သူမ lupus ရောဂါကို ခံစားနေရကြောင်းနဲ့ နွေအကုန်မှာတော့ ကျောက်ကပ်လဲဖို့ ခွဲစိတ်ရမှာဖြစ်ကြောင်း သူမရဲ့ ကျန်းမာရေးအခြေအနေကို ပရိတ်သတ်ဆီအတိအလင်း ဖွင့်ထုတ်ခဲ့ပါတယ်။

Lupus ရောဂါကို ကုသဖို့ဆေးမရှိသေးပါဘူး။ ဒီရောဂါရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ကျောက်ကပ်လဲရတာဖြစ်နိုင်ကြောင်းလည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီအချိန်အတောအတွင်းဟာ selena အဖို့တော့ ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ခဲ့ပြီး ပရိတ်သတ်တွေကလည်း Justin ရဲ့ selena အပေါ်ဂရုမစိုက်မှုကို ဝေဖန်ခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး interview တစ်ခုမှာတော့ selena က သူမ justin ကိုချစ်ကြောင်း သူတို့နှစ်ဦးဟာ အတူကြီးပြင်းလာခဲ့ကြပြီး Justin ကို သူမလေးစားကြောင်း Justin ကလည်း သူမကျန်းမာရေးနဲ့ပတ်သတ်ပြီးလေးစားတယ်လို့ထင်ကြောင်း ထည့်သွင်းဖြေကြားခဲ့ပါတယ်။ 2017 နှစ်စပိုင်းမှာတော့ selena တစ်ယောက် အဆိုတော်weeknd နဲ့တွဲခဲ့ပြီး 10လ အကြာမှာတော့ weeknd နဲ့ အချစ်ရေးကို အဆုံးသတ်ကာ JB နဲ့ ပြန်လည်လက်တွဲခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပြန်လည်ပေါင်းစည်းခြင်းနဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေလည်း သိပ်ကိုပျော်ရွှင်နေကြပါတယ်။ နောက်ပိုင်းမှာ JB တစ်ယောက်လည်းနယ်လှည့်ဖျော်ဖြေပွဲတွေကို ရပ်နားပြီး ဘာသာရေးဘက်ကို ဦးတည်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ကို ဘုရားကျောင်းမှာလည်း အတူတူတွေ့ရပြီး ဖျော်ဖြေပွဲတွေ အခမ်းအနားတွေမှာလည်း အရင်စတွဲတုန်းကလို တပူးပူးတတွဲတွဲပြန်တွေ့နေရပါပြီ။ ဒါပေမယ့်လည်း လတ်တလောမှာတော့  Justin ဟာ သူရဲ့ရည်းစားဟောင်း Buskin နဲ့ Church တူတူတက်ခဲ့ပြီး မကြာခဏအတူတွေ့မြင်နေရတဲ့ သတင်းတွေကြောင့် selena နဲ့ထပ်ပြီး လမ်းခွဲပြန်ပြီးလားဆိုပြီး ပရိတ်သတ်တွေဟာ စိုးရိမ်ပူပန်နေကြရပြန်ပါတယ်။ ကဲ …ဒါဆိုအခုချိန်ထိသူတို့နှစ်ယောက်ရဲ့ အချစ်ရေးက ရှုပ်ထွေးနေတုန်းပဲလား။ Selena ရဲ့လက်ထောက် instagram မှာပြောထားသလိုပဲ သူတို့နှစ်ယောက် ပြန်လည်ပေါင်းစည်းဖို့ဆိုတာ တကယ်ပဲမဖြစ်နိုင်တော့ဘူးလားဆိုတာ ရင်တထိတ်ထိတ်နဲ့စောင့်ကြည်ရတော့မှာပေါ့နော်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *