SHINee အဖွဲ့ရဲ့ ၁၀နှစ်ပြည့် Comeback Album လေးက ထွက်ရှိပြီး ၂၄နာရီမပြည့်ခင်မှာပဲ iTunes Chart မှာ Top ဖြစ်လို့နေပြီတဲ့နော်

90s Born တွေရဲ့ငယ်ချစ်ဦးလို့ ပြောလို့ရတဲ့ Kpop Boy Group လေးဖြစ်တဲ့ SHINee အဖွဲ့လေးကတော့ ခုဆိုရင် သူတို့ရဲ့ 10th Anniversary အထိမ်းအမှတ် Album လေးတစ်ခု ထွက်ရှိထားပါတယ်။ SHINee ရဲ့ Comeback Album လို့လည်းပြောလို့ရတဲ့ ‘Story of Light‘ Album လေးကိုတော့ မေလ ၂၈ရက်နေ့ ကိုရီးယားစံတော်ချိန်ညနေ ၆နာရီမှာ စတင်ထုတ်ဝေခဲ့တယ်လို့သိရပါတယ်။

ယခု ထွက်ရှိထားတဲ့ Album လေးထဲမှာပါတဲ့ ‘Good Evening’ ဆိုတဲ့ သီချင်းကလည်း ယခုလတ်တလောမှာအရမ်းနာမည်ကြီးနေပြီး ဒီသီချင်းလေးက Electronic Pop ပုံစံလေးဖြစ်လို့ နားထောင်ရတာ Kpop Song Type တွေကနေ အနည်းငယ် ကွဲထွက်လို့နေတာကို တွေ့ရပါတယ်။ ‘Good Evening’ သီချင်းလေးမှာပါတဲ့ Rap စာသားလေးတွေကိုတော့ SHINee Member တွေဖြစ်တဲ့ Minho နဲ့ Key တို့ကရေးစပ်ဖန်တီးထားတယ်လို့သိရပါတယ်။

‘Story of Light’ ဟာဆိုရင် အပိုင်းသုံးပိုင်းနဲ့ထွက်ရှိမှာဖြစ်ပြီး ပထမဦးဆုံးအပိုင်းကတော့ မေလ ၂၈ရက်နေ့မှာထွက်ရှိခဲ့ပါတယ်။ ‘Story Of Light: Ep2’ ကတော့ ဇွန်လ ၁၁ ရက်နေ့မှာထွက်ရှိမှာဖြစ်ပြီး ‘Story of Light: Ep3’ ကတော့ ဇွန်လ ၂၅ရက်နေ့မှာ ထွက်ရှိမယ်ဆိုတာသိခဲ့ရပါတယ်။ ယခုထွက်ရှိတဲ့ ‘Story of Light:Ep1’ မှာ ‘Good Evening’, ‘All Day All Night’, ‘Undercover’, ‘Jump’ နဲ့ ‘You & I’ ဆိုပြီး တေးသီချင်း၅ပုဒ်ကို သီဆိုထည့်သွင်းပေးထားတာဖြစ်ပြီး နောက်ပိုင်းထွက်ရှိမယ့် Ep2 နဲ့ Ep3 မှာလည်း တေးသီချင်း ၅ပုဒ်စီသာပါဝင်မယ်ဆိုတဲ့အကြောင်းပြောပြထားခဲ့ပါတယ်။

SHINee ရဲ့ ‘Story of Light: Ep1’ ကတော့ iTunes Chart မှာ Top ဖြစ်နေပါပြီတဲ့ရှင်။ ထွက်ပြီးတာမှ တစ်ရက်သာရှိသေးတဲ့ဒီ Album လေးကနေပြီး SHINee ရဲ့ ၁၀နှစ်တာအောင်မြင်မှုကို ဖော်ပြလို့နေပါတော့တယ်။ နိုင်ငံပေါင်း ၃၀ရဲ့ iTunes Top Album Chart မှာ နံပတ် ၁ နေရာကိုရရှိထားတဲ့ SHINee အဖွဲ့ရဲ့ ‘Story of Light: Ep1’ ကိုနားမထောင်ရသေးဘူးဆိုရင်တော့ နားထောင်ကြည့်စေလိုပါတယ်နော့်။ အရမ်းမိုက်လို့ညွှန်းရတာပါ။

i know you were here love you jhong

A post shared by SHINee KEY (@bumkeyk) on

SHINee အဖွဲ့က သူတို့ကို ၁၀နှစ်တာအားပေးခဲ့ကြတဲ့ Fan တွေကို SMTOWN Coex Artium ကနေပြီး ကျေးဇူးတင်စကားတွေဆိုထားကြပါတယ်။ သူတို့ရဲ့ Official Website ကနေပြီးလည်း Member တစ်ဦးချင်းစီရဲ့ လက်ရေးစာမူတွေနဲ့အတူ Fan တွေကို ကျေးဇူးတင်ရှိကြောင်းရေးသားဖော်ပြခဲ့ပါတယ်။ 90s Born တွေရဲ့ ငယ်ချစ်ဦး တစ်ဖြစ်အနေနဲ့ SHINee အဖွဲ့လေးကတော့ သူတို့ရဲ့ အင်အားကြီးမားလှတဲ့အောင်မြင်မှုကို ထုတ်ဖော်ပြသရင်း Fan တွေအချစ်ကို အကုန်လုံးသိမ်းပိုက်ရယူလိုက်တယ်လို့ မြင်မိပါတယ်။ Kpop Idol ဆိုတာကို ကိုယ်တွေအနေနဲ့ကတော့ သူတို့တွေကနေပြီး စတင်သိကျွမ်းလာတယ်လို့ထင်ပါတယ်။

ကဲ…အားလုံးသော SHINee Fan လေးတွေရေ ကိုယ့် Idol တွေလည်း ကမ္ဘာကျော်သထက်ကျော်လာအောင် Support လုပ်ပေးကြပါဦးလို့တောင်းဆိုရင်း SHINee ရဲ့ ‘Story of Light: Ep1’ လေးကိုနားထောင်ပေးကြပါဦးနော်….?။

Ref: Soompi

Leave a Reply

Your email address will not be published. Required fields are marked *