ထွန်းလင်းတောက်ပနေတဲ့ ကြယ်တစ်ပွင့် – Camila Cabello

၂၀၁၈ ခုနှစ်ရဲ့ ဖေဖော်ဝါရီလကို ရောက်နေတာတောင် ဘယ်နားသွားသွား Havana, ooh na-na သီချင်းကိုကြားနေရတုန်းပဲမလား ဘော်ဒါတို့ရေ?  ၂၀၁၇ ခုနှစ် အောက်တိုဘာလကုန်ပိုင်းမှာ released လုပ်ခဲ့ပေမယ့် ခုချိန်ထိ လူတိုင်းနားထဲစွဲနေအောင်ဖမ်းစားနိုင်နေဆဲဖြစ်တဲ့ Havana သီချင်းဟာ Camila Cabelo လို့ခေါ်တဲ့ ကျူးဘား-မက်ဆီကန် အဆိုတော်မလေး ရဲ့  ပွဲဦးထွက်အောင်မြင်ခဲ့တဲ့ သီချင်းလေးပါ။

တချို့တွေလဲ သိပြီးရင်းနှီးပြီးသားဖြစ်မှာဆိုပေမယ့် Camila အကြောင်း သိပ်မသိကြသေးတဲ့ သူတွေများရှိရင် ပိုပြီး သိသွားအောင် သူ့အကြောင်းတချို့ကို မိတ်ဆက်ပေးချင်ပါတယ်နော်။

Camila ရဲ့ နာမည်အပြည့်အစုံက Karla Camila Cabello Estrabao ဖြစ်ပြီး ၁၉၉၇ ခုနှစ် မတ်လ သုံးရက်နေ့မှာမွေးခဲ့တဲ့ Camila ဟာ ခုမှ အသက် ၂၁ နှစ်ပဲရှိပါသေးတယ်။ သူ့မှာ သူ့ထက်ဆယ်နှစ်လောက်ငယ်တဲ့ ညီမလေးတစ်ယောက်ရှိပြီး သူ့ညီမလေးကိုလဲ သိပ်ချစ်တတ်သူဖြစ်ပါတယ်။ မိသားစုကိုလဲ အလေးထားတတ်ပြီး သူခုလိုကြိုးကြိုးစားစားနဲ့ အောင်မြင်လာအောင် မြေတောင်မြှောက်ပေးခဲ့တဲ့ သူ့မိသားစုကိုလဲ တော်တော်ချစ်ပုံရပါတယ်။

သိပ်မကြာတော့တဲ့အချိန်မှာ ၂၁ နှစ်ပြည့်တော့မှာဖြစ်ပေမယ့် သူ့ရဲ့ အောင်မြင်မှုကတော့ ၂၁နှစ်နဲ့ မလိုက်အောင်ကို အကြီးအကျယ် အရှိန်အဟုန်နဲ့ ကျော်ကြားနေပါပြီ။ The X factor ရဲ့ Season 2 (2012) ရဲ့ ကျေးဇူးနဲ့ စဖွဲ့ဖြစ်ခဲ့တဲ့ မိန်းကလေးအဆိုတော်အဖွဲ့ Fifth Harmony ရဲ့ အဖွဲ့ဝင်အဖြစ်နေစပြီး လူသိများလာသူဖြစ်ပြီး Fifth Harmony နဲ့ album ၂ခုထုတ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အမျိုးမျိုးသောအကြောင်းတွေကြောင့် Fifth Harmony ကနေထွက်ခဲ့ပြီးနောက် Rapper ကြီး Machine Gun Kelly နဲ့ အတူသီဆိုခဲ့တဲ့ Bad Things သီချင်းနဲ့လဲပေါက်ခဲ့ပါသေးတယ်။ Bad Things က တကယ်တမ်းတော့ ၂၀၁၆ ခုနှစ် ၈လပိုင်းမှာ ထုတ်ခဲ့တာဖြစ်ပေမယ့် MTV ထွက်လာမှပဲ ပိုပြီးလူကြိုက်များခဲ့တဲ့ သီချင်းပါ။ နားမထောင်ရသေးရင်နားထောင်ကြည့်လိုက်အုန်းနော်။

တော်တော်များများသိကြတဲ့ Havana သီချင်းကတော့ Camila ကို solo singer အနေနဲ့ အောင်မြင်စေခဲ့တဲ့ သီချင်းပဲဖြစ်ပြီး Australia, United Kingdom နဲ့ United States တို့မှာ နံပါတ်တစ်စွဲခဲ့ပါတယ်။ ထိပ်တန်းနိုင်ငံကြီးတွေမှာ တစ်စွဲခဲ့ရုံသာမက US Mainstream Top 40 မှာလဲ ခုနှစ်ပတ်ဆက်တိုက်နေရာယူနိုင်ခဲ့ပါသေးတယ်။ ဒီနှစ် ၂၀၁၈ ခုနှစ် နှစ်စပိုင်းမှာပဲ released လုပ်ခဲ့တဲ့ Camila လို့ နာမည်ပေးထားတဲ့ album ကတော့ Camila ကို အောင်မြင်မှု အထွတ်အထိပ်ရောက်စေခဲ့တဲ့ album ပဲဖြစ်ပါတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ United States မှာ နံပါတ်တစ်နဲ့  Billboard Top 200 Chart မှာ နံပါတ်တစ်စွဲခဲ့ပါတယ်။ တကယ့်ကို အမေးဇင်းပါပဲနော်။

သူ့ကိုဝိုင်းပြီးအားပေးကြတဲ့အတွက် သူ့ပရိသတ်တွေအားလုံး (camilizer တွေလို့ သူကခေါ်လေ့ရှိပါတယ်။) ကို အရမ်းချစ်ကြောင်း ကိုလဲ သူ့ instagram account မှာမကြာခဏပြောတတ်တဲ့ သူလေးတစ်ယောက်လဲဖြစ်ပါတယ်။  သူဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာတွေကို သူ့ရဲ့ social media ကနေ ပရိသတ်တွေကို အမြဲအသိပေးလေ့ရှိတာကြောင့် သူ့အကောင့်တွေကို like & follow လုပ်ထားလိုက်ကြပါအုန်းနော်။ လတ်တလောလှုပ်ရှားမှုအနေနဲ့ကတော့ Grammy ဆုပေးပွဲမှာ တကယ့်နာမည်ကြီးတွေနဲ့ တင်ဆက်ဖျော်ဖြေခဲ့ပြီး speech လဲပြောခဲ့ပါသေးတယ်။ အခုလက်ရှိမှာတော့ သူ့ရဲ့ album promotion အတွက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာရောက်ရှိနေကြောင်း သူ့ instagram မှာတင်ထားပါတယ်။

ネヴァー・ビー・ザ・セイム ??????????

A post shared by camila (@camila_cabello) on

သူ့ album ထဲက admin အကြိုက်ဆုံး သီချင်းကတော့ Never be the same ပါ။ ကဲ သူ့သီချင်းတွေနားထောင်ဖူးတယ်ဆိုရင် ဘယ်သီချင်းအကြိုက်ဆုံးလဲ ဆိုတာပြောသွားကြပါအုန်းနော်။

Leave a Reply

Your email address will not be published. Required fields are marked *