Royal Wedding မှာပါဝင်တင်ဆက်ဦးမယ့် Elton John

ဗြိတိန်တော်ဝင်မင်းသား Harry နဲ့ မင်းသမီးချော Megan Markle တို့ရဲ့ မင်္ဂလာပွဲမှာ အဆိုတော်ကြီး Sir Elton John က ပါဝင်ဖျော်ဖြေမယ်လို့သိရပါတယ်။ မေလ ၁၉ရက်နေ့မှာကျင်းပမယ့် တော်ဝင်မင်္ဂလာပွဲဟာ လက်ရှိအချိန်ထိအရွယ်ရောက်ပြီးတော်ဝင်မျိုးဆက်ရဲ့ မင်္ဂလာပွဲဖြစ်လာပါမယ်။ နောက်ထပ်ဒီလိုမင်္ဂလာပွဲကြုံရဖို့ကတော့ မင်းသားဝီလျံရဲ့သားသမီးတွေအရွယ်ရောက်လာမှပဲ ကြုံရတော့မှာပါ။

ဗြိတိန်ပြည်တွင်းမှာသာမက နိုင်ငံတကာကလူတွေပါဝိုင်းပြီးလေးစားချစ်ခင်မှုကိုရရှိခဲ့တဲ့ မင်းသမီး Diana ကွယ်လွန်ခဲ့စဉ်က “Candle in the Wind” သီချင်းနဲ့ ဂုဏ်ပြုခဲ့တဲ့ Sir Elton John ဟာ သားတော်မောင် Harry ရဲ့ မင်္ဂလာပွဲမှာ ပါဝင်ဖျော်ဖြေမယ်လို့ TMZ သတင်းဌာနမှတဆင့် သတင်းရထားပါတယ်။

20 years ago today, the world lost an angel. #RIP @ejaf

A post shared by Elton John (@eltonjohn) on

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော် Sir Elton John ဟာ ဗြိတိန်မိသားစုနဲ့ တော်တော်ရင်းနှီးတဲ့မိတ်ဆွေဖြစ်ပြီး အထူးသဖြင့် မင်းသမီး Diana နဲ့ သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြတာကတော့ လူသိများပါတယ်။ မင်းသားဝီလျံနဲ့ ဟယ်ရီတို့နဲ့လဲ သူ့အမေမရှိတော့တဲ့နောက်ပိုင်းမှာ ပိုပြီးရင်းနှီးလာတယ်လို့ ဒီနှစ်အစောပိုင်း ITV နဲ့အင်တာဗျူးတစ်ခုမှာ ပြောထားခဲ့ပါတယ်။

Sir Elton John ဟာ မေလ ၁၉/၂၀ မှာ Les Vegas မှာ show ပွဲလုပ်ဖို့ အစီအစဉ်ရှိပြီးသားပေမယ့် မင်္ဂလာပွဲကိုဉီးစားပေးပြီး show ပွဲကိုရွှေ့လိုက်တယ်လို့သိရပါတယ်။ မင်းသမီး Diana ဆုံးပြီး နှစ်ပေါင်း ၂၁ နှစ်အကြာ သူ့သားလေးရဲ့ပွဲမှာ ဖျော်ဖြေဖို့အတွက် Elton John တစ်ယောက်ဘယ်လိုခံစားနေရမလဲလို့ အက်မင်ကတော့သိချင်နေမိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *