SM, JYP နဲ့ Big Hit Entertainment တို့ပူးပေါင်းပြီး Music Service တစ်ခုဖန်တီးမည်

K-Pop လောကရဲ့ နာမည်ကြီး Talent Agency တွေဖြစ်ကြတဲ့ SM Entertainment, JYP Entertainment နဲ့ Big Hit Entertainment တို့က သီချင်းတွေကိုဖြန့်ချိမယ့် service platform တစ်ခုကို ပူးပေါင်းဖန်တီးကြတော့မှာဖြစ်ပါတယ်။ ဇန်နဝါရီ ၃၁ ရက်နေ့မှာ အဲဒီ agency သုံးခုနဲ့ SK Telecom တို့ဟာ အဆိုပါလုပ်ငန်းအတွက် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့စတင်မယ့်အဆိုပါ serivce ကို SK Telecom ရဲ့လက်အောက်ကကုမ္ပဏီတစ်ခုဖြစ်တဲ့ iriver က တာဝန်ယူကိုင်တွယ်မှာဖြစ်ပြီး B2B (business-to-business) ရော B2C (business-to-consumer) service ၂ မျိုးလုံးကိုဆောင်ရွက်လုပ်ကိုင်သွားမှာဖြစ်ပါတယ်။

Music Industry ရဲ့အကြီးမားဆုံးပြဿနာတစ်ခုဖြစ်တဲ့ မူပိုင်ခွင့်မရယူပဲရယူသုံးစွဲကြတာတွေကို လျှော့ကျစေချင်တာကတစ်ကြောင်း၊ ကုမ္ပဏီတွေအနေနဲ့လည်း ဖြန့်ချိရေးလုပ်ငန်းစဉ်တစ်ရပ်လုံးကို ကျကျနန ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့ကတစ်ကြောင်းတို့ကြောင့် ဒီ service platform ကိုဖန်တီးခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီအတွက် blockchain လိုနည်းပညာသစ်တွေကိုအသုံးပြုမှာဖြစ်ပြီး အဲဒါဟာ ကုမ္ပဏီတွေရော အနုပညာရှင်တွေကိုပါ အကျိုးပြုမှာဖြစ်ပါတယ်။ ဒီ service platoform ကို ရေရှည်အတွက်ရည်ရွယ်ပြီး နောက်ပိုင်းမှာ အခြားကုမ္ပဏီတွေပါ ပူပေါင်းပါဝင်လာမယ်လို့မျှော်လင့်ကြောင်း ဆိုထားပါတယ်။

Ref: Soompi

Leave a Reply

Your email address will not be published. Required fields are marked *