Snare အဖွဲ့ရဲ့ Album အသစ် ‘ပူးတွဲချန်ပီယံ’ ထွက်တော့မယ်

Snare ပရိသတ်တွေကို အသိပေးချင်တာလေးရှိပါတယ်။ Snare အဖွဲ့ရဲ့ တတိယမြောက် Album ဖြစ်မယ့် ပူးတွဲချန်ပီယံ ကို လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကျရင် ထုတ်ဝေပေးသွားတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ခွေထွက်တဲ့အထိမ်းအမှတ်အနေနဲ့ အဲဒီနေ့မှာပဲ Album ထဲမှာပါဝင်သီဆိုထားတဲ့ အနုပညာရှင်တွေအားလုံးက Junction Square Outdoor Area မှာ ချစ်ရတဲ့ပရိသတ်တွေနဲ့တွေ့ဆုံပြီး ညနေ ၃ နာရီကနေ ၇ နာရီအထိ အမှတ်တရလက်မှတ်ရေးထိုးပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ချစ်ရတဲ့ပရိသတ်ကြီးကို သီချင်းသီဆိုဖျော်ဖြေပေးသွားဦးမယ်လို့လည်း သိရပါတယ်။ ၁၂ ရက်နေ့က ပြည်ထောင်စုနေ့ အားလပ်ရက်ဆိုတော့ Snare ကိုချစ်တဲ့ပရိသတ်ကြီး သွားဖြစ်အောင်သွားအားပေးလိုက်ကြပါဦးလို့ တိုက်တွန်းပေးလိုက်ပါတယ်။

အြမည်းအနေနဲ့ Snare နဲ့ အောင်သူတို့် တွဲဖက်သီဆိုထားတဲ့ Rollin’ လို့အမည်ရတဲ့သီချင်းလေးကို အောက်မှာနားဆင်ကြည့်လိုက်ပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *