မူပိုင်ခွင့်ပြဿနာကြောင့် ဒေါ်လာ ၁.၆ ဘီလီယံ လျှော်ကြေးတောင်းခံရတဲ့ Spotify

Spotify ဟာ လက်ရှိအချိန်အထိ သူ့ရဲ့ကုမ္ပဏီသမိုင်းမှာအကြီးမားဆုံးလို့ဆိုနိုင်တဲ့ အမှုတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က Wixen Music Publishing က သူပိုင်ဆိုင်တဲ့သီချင်းတွေကို Spotify က ခွင့်ပြုချက်မရရှိပဲ မူပိုင်ခွင့်ချိုးဖောက်ပြီး ရယူသုံးစွဲခဲ့လို့ နစ်နာကြေး ဒေါ်လာ ၁.၆ ဘီလီယံရရှိလိုကြောင်း တရားစွဲခဲ့တာဖြစ်ပါတယ်။ Wixen Music Publishing ဖော်ပြချက်အရဆိုရင် Spotify ဟာ Tom Patty, The Doors နဲ့ Neil Young စတဲ့အဆိုတော်တွေရဲ့သီချင်းတွေအပါအဝင် သီချင်းပေါင်းထောင်ဂဏန်းကို ခွင့်ပြုချက်လိုင်စင်မရှိပဲ သူ့ရဲ့ streaming service မှာအသုံးပြုခဲ့တာဖြစ်ပါတယ်။

Wixen ရဲ့ပြောဆိုချက်အရဆိုရင် Spotify ဟာ စျေးကွက်ထဲမှာ ပထမနေရာရယူလိုတာကြောင့် သီချင်းတွေရဲ့မူပိုင်ခွင့်လုပ်ထုံးလုပ်နည်းတွေကို နည်းစနစ်တကျလုပ်ဆောင်ခြင်းမရှိတော့ဘဲ မူပိုင်ခွင့်ဥပဒေ အခန်း ၁၁၅ မှာပြဠန်းထားတဲ့လိုအပ်ချက်တွေကို ပြည့်မီအောင်ဆောင်ရွက်ဖို့ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။

Prior to launching in the United States, Spotify attempted to licensesound recordings by working with record labels but, in a race to be first to market,made insufficient efforts to collect the required musical composition informationand, in turn, failedin many casesto license the compositions embodied within eachrecording or comply with the requirements of Section 115 of the Copyright Act.
Wixen

Spotify ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လောလောဆယ်အထိ ဘာမှတိတိပပ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။ Wixen ကတော့ Spotify အနေနဲ့ နှစ်ဖက်လုံးအတွက်မျှမျှတတဖြစ်မယ့်အဖြေတစ်ခုကိုရှာဖွေနိုင်ဖို့မျှော်လင့်တယ်လို့ဆိုပါတယ်။ သူတို့အနေနဲ့ client တွေရဲ့ရပိုင်ခွင့်တွေဆုံးရှုံးခြင်းမရှိရလေအောင် တရားဥပဒေနည်းလမ်းအရ အစွမ်းကုန်ကြိုးစားသွားမှာဖြစ်တယ်လို့လည်း ထပ်ဆောင်းပြောကြားသွားပါတယ်။

Ref: Hollywood Reporter

Leave a Reply

Your email address will not be published. Required fields are marked *