Super Junior က Leeteuk တစ်ယောက် စိတ်ဖိစီးမှုတွေခံစားနေရတာလား

Super Junior အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Leeteuk ရဲ့ ဇန်နဝါရီ ၂၅ ရက်နေ့တုန်းကတင်ခဲ့တဲ့ Instagram post တစ်ခုဟာ သူ့ရဲ့ပရိသတ်တွေကိုအရမ်းစိုးရိမ်သွားစေခဲ့ပါတယ်။ အဲဒီ post မှာ Leeteuk က အောက်ပါအဓိပ္ပာယ်ရတဲ့စာသားတွေကို ဖော်ပြထားခဲ့ပါတယ် ~

“တစ်ရက်တစ်ရက် အချိန်တွေဘယ်လိုကုန်ဆုံးသွားမှန်းမသိတော့ဖူး.. အိပ်ယာပေါ်မှာကျောခင်းလိုက်တဲ့အချိန်ကျမှပဲ တစ်ရက်တာကုန်ဆုံးသွားပြန်ပြီဆိုတဲ့အသိဝင်လာတော့တယ်.. ငါ့ရဲ့လည်ချောင်းတွေလည်းနာနေသလို ခြေထောက်တွေကလည်း ထုံထိုင်းနေတယ်.. တိမ်တွေပေါ်မှာလွင့်မျောနေသလိုခံစားချက်မျိုးခံစားနေရတယ်.. တစ်ရက်တစ်ရက် Hamster Wheel ပေါ်မှာပြေးနေရသလိုပဲ ဘာရည်ရွယ်ချက်ကြောင့်ပြေးနေမှန်း အဖြေရှာမရတော့ဘူး.. အဲဒီမေးခွန်းအတွက်အဖြေကရှိနေပေမယ့် အဲဒါကိုရှာဖွေနိုင်စွမ်းမရှိတော့ဖူး.. နောက်ဆုံးတော့ အဲဒီအဖြေကိုမရှာဖွေပဲဆက်သွားနေတာပဲကောင်းမယ်လို့တွေးမိလာတယ်”

အဲဒီ post ရဲ့အသွားအလာအရဆိုရင်တော့ Leeteuk တစ်ယောက်စိတ်ဖိစီးမှုတွေခံစားနေရတယ်ဆိုတာ အနည်းနဲ့အများခန့်မှန်းလို့ရပါတယ်။ တီဗီဖန်သားပြင်ပေါ်မှာ အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နဲ့မြင်ရတဲ့ celebrity တွေမှာ ပရိသတ်တွေမမြင်နိုင်တဲ့ စိတ်ဖိစီးမှုတွေရှိကြတာတော့ အသေအချာပါပဲ။ ဒါပေမယ့် သူတို့ရဲ့အလုပ်သဘောအရ အများရှေ့မှာပြုံးနေရတာဆိုတော့ အပြင်လူတွေက သူတို့ရင်ထဲကဒဏ်ရာတွေကိုမမြင်နိုင်ကြပါဘူး။ Jonghyun နဲ့ Chester Bennington တို့လိုမျိုး သေကြောင်းကြံစည်ကြတဲ့အခါမှ သူတို့အတွေးထဲမှာဘာတွေရှိနေတယ်ဆိုတာကို ဝမ်းနည်းစွာနဲ့သိခွင့်ရကြပါတယ်။ အဲဒါကြောင့် ဒီ post ကိုမြင်ပြီးနောက် Leeteuk ကို သူ့ရဲ့ပရိသတ်တွေကစိုးရိမ်ပေးကြတာ သဘာဝကျပါတယ်။

ပထမ post တင်ပြီးနာရီအနည်းငယ်အကြာမှာတော့ သူ့အတွက်စိုးရိမ်ပေးနေကြတဲ့ပရိသတ်တွေကို အဲဒီလိုစိတ်ပူပေးကြတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောထားတဲ့ နောက် post တစ်ခုကိုထပ်တင်ခဲ့ပါတယ်။

“အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်.. ငါ့ရဲ့မျက်လုံးတွေက ဝမ်းနည်းတဲ့ပုံပေါက်နေတာက ရာသီဥတုအရမ်းအေးလို့ဖြစ်နိုင်ပါတယ်။ အခုအခြေအနေကတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးစိုးရိမ်နေမိတယ်.. ငါကအခုမှအရွယ်ရောက်တာလည်းမဟုတ်ဖူးဆိုတော့လေ..”

ကိုယ်တွေပရိသတ်တွေအနေနဲ့က Leeteuk တစ်ယောက် သူ့ရင်ထဲကအခက်အခဲတွေကို အမြန်ဆုံးဖြေရှင်းနိုင်ပါစေလို့ဆုတောင်းပေးရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဖူး.. သူစိတ်ဓာတ်မကျသွားအောင် အရင်ကထက်ပိုပြီးအားပေးလိုက်ကြရအောင်လား..

Leave a Reply

Your email address will not be published. Required fields are marked *