Pre-Release ပဲရှိသေးပေမယ့် Chart တွေအားလုံးမှာ နံပါတ် ၁ ရယူသွားတဲ့ Suzy ရဲ့သီချင်း

Miss A အဖွဲ့ဝင်ဟောင်း Suzy ဟာ ဇန်နဝါရီ ၂၉ ရက်နေ့ထွက်ရှိမယ့် သူမရဲ့ဒုတိယမြောက် mini album “Faces of Love” ကို promote လုပ်တဲ့အနေနဲ့ ဇန်နဝါရီ ၂၂ ရက်နေ့တုန်းက အဲဒီ album ထဲကသီချင်းတစ်ပုဒ်ဖြစ်တဲ့”I’m in Love with Someone Else” ကိုထုတ်ပေးလိုက်ပါတယ်။ အဲဒီသီချင်းအောင်မြင်ချက်က သေလို့ရပါတယ်.. ထွက်ရှိပြီးနာရီပိုင်းအတွင်းမှာပဲ ကိုရီးယားနိုင်ငံရဲ့ အဓိက Music Chart ၆ ခုလုံးမှာ နံပါတ် ၁ နေရာကိုရရှိသွားခဲ့တဲ့အထိပါပဲ။

Piano သံစဉ်အေးအေးလေးနဲ့ဒီသီချင်းဟာ ပြိုကွဲလုဆဲအချစ်တစ်ခုအကြောင်းကိုဖော်ကြူးထားတာဖြစ်ပြီး သူ့ရဲ့ထိမိလွန်းလှတဲ့စာသားတွေကြောင့် လူတွေအမှန်အကန်နှစ်သက်သဘောကျနေကြတာဖြစ်ပါတယ်။ ငါ့မှာချစ်ရမယ့်သူအသစ်တွေ့ရှိပြီးသားမို့ ငါတို့နှစ်ယောက်ကြားကအချစ်ရေးကိုအဆုံးသတ်လိုက်ကြပါစို့ လို့အဓိပ္ပာယ်ရတဲ့စာသားတွေဟာ အချစ်ရေးမှာ အလားတူအခက်အခဲတွေနဲ့ကြုံတွေ့နေရသူတွေရဲ့ရင်ထဲကို ဒဲ့ကြီးမှန်သွားစေမှာသေချာသလောက်ပါပဲ။ အဓိပ္ပာယ်ရှိလွန်းလှတဲ့စာသားတွေကို Suzy ရဲ့ချိုသာတဲ့အသံနဲ့ပေါင်းစပ်လိုက်တော့ ခံစားချက်တူရင် နားထောင်ရင်းနဲ့ မျက်ရည်ပါဝဲစေလောက်ပါတယ်။

I’m in Love with Someone Else” ဟာ Suzy ရဲ့ ၂၀၁၈ အတွင်းထွက်ရှိတဲ့ ပထမဦးဆုံးသီချင်းဖြစ်ပြီး သူ့ရဲ့ album “Faces of Love” ဟာ သူမရဲ့ ပထမဦးဆုံး solo album ဖြစ်လာမှာပါ။ Album ထွက်ရှိမယ့် ၂၉ ရက်နေ့ကို ဒီသီချင်းလေးနားထောင်ရင်း စောင့်မျှော်လိုက်ကြရအောင်လား.. ?

Leave a Reply

Your email address will not be published. Required fields are marked *