‘Twilight Theme’ လေးနဲ့ Taeyang နဲ့ Min Hyorin တို့ရဲ့မင်္ဂလာဆောင်

Big Bang အဖွဲ့ဝင် Taeyang နဲ့ ရုပ်ရှင်သရုပ်ဆောင် Min Hyorin တို့ဟာ ၄ နှစ်ကျော်ကြာ တွဲလာကြပြီးတဲ့နောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ လက်ထပ်သွားခဲ့ကြပြီဖြစ်ပါတယ်။ “Wedding of the Year” လို့တောင်တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကိုတော့ Gyeonggi Province က Church တစ်ခုမှာ ရင်းနှီးတဲ့မိတ်ဆွေအပေါင်းသင်းတွေကို ဖိတ်ခေါ်ပြီး ကျင်းပခဲ့ပါတယ်။

မင်္ဂလာပွဲကို Min Hyorin က ပန်းပွင့်ပုံလေးတွေဖော်ထားတဲ့ အလွန်လှပတဲ့ ဂါဝန်အဖြူလေးနဲ့တက်ရောက်လာခဲ့ပြီး Taeyang ကတော့ Tuxedo အနက်ရောင်မှာ Hyorin နဲ့ဆင်တူ ပန်းပွင့်လေးထိုးထားပြီး တက်ရောက်ခဲ့ပါတယ်။ သူတို့မင်္ဂလာစုံတွဲရဲ့ အလှကြီးလှနေပုံကို ဒီဇိုင်နာ Suzan Lee က သူ့ရဲ့ Instagram ကနေတစ်ဆင့် မျှဝေပေးခဲ့ပါတယ်။

ပြီးတော့ သူတို့ရဲ့မင်္ဂလာဧည့်ခံပွဲကို Incheon က Paradise City ဟိုတယ်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ဧည့်ခံပွဲကျင်းပတဲ့ ခန်းမတစ်ခုလုံးကို Twilight Theme လေးနဲ့ ပြင်ဆင်ထားခဲ့ပါတယ်။ အဲဒီခန်းမကို Twilight: Breaking Dawn ထဲက မင်္ဂလာပွဲကိုပြင်ဆင်ခဲ့တဲ့ဒီဇိုင်နာ Youngsong Martin ကိုယ်တိုင်က လက်စွမ်းပြဖန်တီးပေးထားထာဖြစ်ပြီး လှပတဲ့ပန်းပွင့်လေးတွေနဲ့ပြည့်နှက်နေတဲ့ အဲဒီခန်းမဟာ ကြည့်လိုက်တာနဲ့ စိတ်ကူးယဉ်ကမ္ဘာကြီးထဲရောက်သွားသလို ခံစားရစေပါတယ်။ ဒါ့အပြင် Twilight: Breaking Dawn ထဲကသီချင်း “A Thousand Years” ကို နောက်ခံမှာ ညင်ညင်သာသာလေးဖွင့်ထားတာဟာဆိုရင် အဲဒီဇာတ်ဝင်ခန်းထဲကို ကိုယ်တိုင်ရောက်သွားသလိုပါပဲ။

မင်္ဂလာဧည့်ခံပွဲမှာ Taeyang က သူ့ရဲ့ချစ်ရသူ အသည်းတစ်ခြမ်းလေးအတွက် ရည်ရွယ်ပြီး သီချင်းဆိုပြနေတာကို Jinusean အဖွဲ့က Sean က သူ့ရဲ့ Instagram ကနေတစ်ဆင့် မျှဝေပေးခဲ့ပါတယ်။ အဲဒီဗီဒီယိုလေးထဲမှာ Taeyang က “မျက်ဝန်း.. နှာတံ.. နှုတ်ခမ်းလွှာ” လို့အဓိပ္ပာယ်ရတဲ့ စာသားတွေကို ခံစားချက်အပြည့်နဲ့သီဆိုနေပြီး အဲဒါကို Min Hyorin က ဘယ်ညာယိမ်းပြီး ကြည်ကြည်နူးနူးလေးနားထောင်နေတာကို မြင်ရမှာဖြစ်ပါတယ်။

_ 서로 감사하며 이쁘게 사랑하길 기도할께 ~

A post shared by Sean Ro (@jinusean3000) on

ပြီးတော့ သူတို့စုံတွဲ ပွဲလာပရိသတ်တွေရှေ့မှာ Bruno Mars ရဲ့ Versace On The Floor သီချင်းလေးနဲ့ ကကြတာဟာဆိုရင်လည်း ကြည်နူးဖွယ်ရာလေးဖြစ်ပါတယ်။

မင်္ဂလာပွဲလေးကတော့ မြင်လိုက်သူတိုင်း မချီးကျူးဘဲမနေနိုင်လောက်အောင် ချစ်စရာကောင်းလှပါတယ်။ ဝတ်စုံကအစ အခမ်းအနားအပြင်အဆင်အဆုံး လုံးဝ perfect ဖြစ်ပြီးတော့ ပုံလေးတွေဟာဆိုရင် online ကကြည့်နေသူတွေရဲ့ရင်ထဲကို ကြည်နူးမှုတွေနဲ့ ပြည့်နှက်သွားစေပါတယ်။ “Wedding of the Year” လို့ခေါ်မယ်ဆိုလည်း ခေါ်ထိုက်ပါတယ်။ ❤️

ဒီပုံလေးတွေကိုကြည့်ပြီး ကိုယ်တွေလည်း သူတို့နဲ့အတူ ထပ်တူထပ်မျှဝမ်းမြောက်ပေးသလို Taeyang နဲ့ Min Hyorin တို့နှစ်ယောက် ယနေ့မှစ နောင်နှစ်ပေါင်းများစွာတိုင်အောင် တစ်ယောက်အပေါ်တစ်ယောက် အချစ်မလျှော့ဘဲ ဘဝခရီးလမ်းကို လက်တွဲလျှောက်လမ်းနိုင်ကြပါစေလို့ မင်္ဂလာဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *