Taeyang ရဲ့ Pyeongchang 2018 Olympic အတွက်သီချင်း “Louder”

BIGBANG အဖွဲ့ဝင် Taeyang က လာမယ့်ဖေဖော်ဝါရီလမှာကျင်းပမယ့် Pyeongchang 2018 Olympic အတွက်ရည်ရွယ်ပြီး “Louder” လို့အမည်ရတဲ့ သီချင်းအသစ်စက်စက်ကိုထုတ်ပေးခဲ့ပါတယ်။ Taeyang က လာမယ့် အိုလံပစ်အတွက်သီချင်းသီဆိုပေးမယ်ဆိုတာ ပြီးခဲ့တဲ့ဇွန်လကတည်းက ကြေညာထားခဲ့ပေမယ့် ပွဲကျင်းပမယ့်အချိန်နီးကပ်လာမှ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းကို Taeyang ကိုယ်တိုင် ရေးစပ်သီဆိုထားတာဖြစ်ပါတယ်။ ဒီသီချင်းကို အိုလံပစ်မီးရှူးလက်ဆင့်ကမ်းပွဲအခမ်းအနားမှာ ပထမဆုံးအကြိမ်ထုတ်ဖော်သီဆိုခဲ့ပြီး တစ်ပြိုင်တည်းလိုလိုမှာပဲ Spotify၊ Apple Music နဲ့ iTunes တို့မှာ ဝယ်ယူနားဆင်နိုင်ပြီဖြစ်ပါတယ်။ ခပ်မြူးမြူးသံစဉ်နဲ့ “Louder” ကတော့ အိုလံပစ်ပွဲလာပရိသတ်တွေကို ခွန်အားတွေဖြည့်တင်းပေးနိုင်မှာအသေအချာပါပဲ။

Taeyang ဟာ Pyeongchange 2018 Winter Olympic မှာ Honorary Ambassador အဖြစ်တာဝန်ယူထားရတာဖြစ်ပါတယ်။ Taeyang နဲ့အတူ Honorary Ambassador အဖြစ်တာဝန်ယူထားတဲ့ အခြားအနုပညာရှင်တွေကတော့ အော်ပရာအဆိုတော် Jo Sumi, Insooni, Jinusean မှ Sean, Girl’s Day, AOA နဲ့ CNBLUE မှ Jung Yonghwa တို့ပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *