လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး သူ့သဘောထားကိုပထမဆုံးအကြိမ် ဖွင့်ဟပြောဆိုလိုက်တဲ့ Taylor Swift

နိုင်ငံရေးတွေနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုလက်ရှောင်နေလေ့ရှိတဲ့ Taylor Swift ကတော့ ဒီတစ်ခါမှာ ပထမဆုံးအကြိမ်အဖြစ် social media ကနေတဆင့် အသိပေးလိုက်ပါတယ်။

March For Our Lives ဆိုတဲ့ campaign နဲ့ပတ်သက်ပြီး ပြောကြားခဲ့တာဖြစ်ပြီး ဒီ campaign ကတော့ အမေရိကန်နိုင်ငံမှာ သေနတ်ကိုင်ဆောင်ခွင့်ဉပဒေကိုပြောင်းလဲပေးဖို့အတွက် ချီတက်ဆန္ဒပြတာတွေလုပ်နေတာပါ။ Florida, Parkland ကျောင်းတစ်ခုမှာဖြစ်ပျက်ခဲ့တဲ့ သေနတ်အကြမ်းဖက်မှုဖြစ်ခဲ့တာကနေစပြီးတော့ အမေရိကန်ပြည်သူပြည်သားတွေအနေနဲ့ ဆန္ဒပြမှုတွေစတင်နေခဲ့တာဖြစ်ပါတယ်။ နာမည်ကြီး မင်းသားမင်းသမီးတော်တော်များများ ပါဝင်လှုပ်ရှားကြတယ်ဆိုပေမယ့် Taylor အနေနဲ့တော့ ဒီလိုမျိုးပါဝင်လာတာ ပထမဆုံးအကြိမ်ဖြစ်တာမို့ ပရိသတ်တွေအပါအဝင် မီဒီယာတွေကလဲ စိတ်ဝင်တစားဖြစ်နေကြတာပါ။

လွန်ခဲ့တဲ့ ၂ရက်ကတင်ထားခဲ့တဲ့ သူ့ရဲ့ Instagram post ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

သူ့အနေနဲ့ ချီတက်မှုမှာကိုယ်တိုင်မပါခဲ့ပေမယ့် လှူဒါန်းမှုတွေလုပ်ခဲ့ပြီး ဘယ်လောက်လှူဒါန်းခဲ့တယ်ဆိုတာကိုတော့ မဖော်ပြထားခဲ့ပါဘူး။

ဘာပဲဖြစ်ဖြစ် နိုင်ငံရေးဆိုတာမျိုးထက် လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး လိမ္မာပါးနပ်စွာနေတတ်ပြောတတ်ဆိုတတ်တဲ့ Taylor လေးကိုတော့ လေးစားပါတယ်လို့ ပြောချင်မိပါတယ်။ ဆက်ပြီးတော့လဲ အောင်မြင်မှုတွေကိုပိုင်ဆိုင်နေနိုင်ပါစေ taytay လေးရေ…..

Leave a Reply

Your email address will not be published. Required fields are marked *