Taylor Swift ချစ်သူတွေသဘောတွေ့မယ့် app “Taylor Swift: The Swift Life”

Taylor Swift ချစ်သူတွေအတွက် The Swift Life လို့အမည်ရတဲ့ app လေးလာပါပြီ။ ဒီ app လေးကဘာလဲ.. အဲဒီမှာ ဘာတွေလုပ်လို့ရမှာလဲ…

The Swift Life ဟာ Taylor Swift ချစ်သူတွေအတွက် သီးသန့် community လေးတစ်ခုဖြစ်ပါတယ်။ ဒီ app လေးထဲမှာ ကမ္ဘာတစ်ဝန်းက Taylor Swift ချစ်သူတွေနဲ့ ဆက်သွယ်ပြောဆိုလို့ရမှာဖြစ်ပါတယ်။ Swifties တွေအမုန်းကဲလို့ရမယ့်နေရာလေးပေါ့။ Taylor Swift ရဲ့ နောက်ဆုံးသတင်းတွေ၊ ဗီဒီယိုတွေ၊ သူမရဲ့ social media ပေါ်က activity တွေအားလုံးကို ဒီနေရာလေးမှာ တစ်စုတစ်စည်းတည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ ချစ်စဖွယ် Taymoji လေးတွေကိုအသုံးပြုပြီးလည်း Swifties တွေနဲ့ သတင်းတွေဖလှယ်လို့ရပါသေးတယ်။

အဲဒါတွေပဲလားဆိုတော့ မဟုတ်ပါဘူး.. အကောင်းဆုံး feature လေးတစ်ခုကျန်ပါသေးတယ်၊ အဲဒါကတော့ သင့်ရဲ့ post တွေကို Taylor Swift ကိုယ်တိုင်က ဖတ်ရှုမှာဖြစ်ပြီး သူမ သဘောကျတာလေးတွေဆိုရင် like လုပ်ပေးသွားဦးမှာပါ။ ကိုယ်အရမ်းနှစ်သက်တဲ့ artist တစ်ယောက်နဲ့ တိုက်ရိုက်ထိတွေ့ခွင့်ဆိုတာ လွယ်လွယ်ကူကူနဲ့ရနိုင်တဲ့အခွင့်အရေးမဟုတ်ပါဘူး။ ဒါကြောင့် ကမ္ဘာတစ်ဝန်းက Swifties တွေရဲ့အိပ်မက်ကို The Swift Life က အကောင်အထည်ဖော်ပေးနိုင်မှာဖြစ်ပါတယ်။

ဒီ app လေးကို လောလောဆယ်မှာတော့ iOS မှာပဲရယူသုံးစွဲနိုင်ဦးမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *