The Voice အဆိုပြိုင်ပွဲအကြောင်း

The Voice လို့ပြောလိုက်တာနဲ့ အခုရက်ပိုင်းလေးမှာ social media ပေါ်မှာတော်တော်ခေတ်စားနေတဲ့ The Voice Myanmar ကိုတန်းပြီးပြေးမြင်ကြတယ်ဟုတ်။ ဟုတ်ပါတယ်… The Voice Myanmar ကတော့ မူပိုင်ဖြစ်တဲ့ US တီဗွီအစီအစဉ်ဖြစ်တဲ့ The Voice ကို franchise ယူထားတဲ့ ပြည်တွင်းတီဗွီအစီအစဉ်တစ်ခုဖြစ်ပါတယ်။

ကဲ အဲ့တော့ မူရင်း The Voice ဘယ်ကစလာသလဲဆိုတာ  တချက်ကြည့်ရအောင်နော်။ The Voice ကတော့ NBC ကနေထုတ်လွှင့်ပြသနေတဲ့ အဆိုပြိုင်ပွဲတစ်ခုဖြစ်ပြီး ဒီပြိုင်ပွဲရဲ့ မူလဘူတအစကတော့ The Voice of Holland ဆိုတဲ့ အစီအစဉ်ဖြစ်ခဲ့ပါတယ်။

တခြားအဆိုပြိုင်ပွဲတွေ talent ပြိုင်ပွဲတွေနဲ့ လုံးဝကွဲပြားတဲ့ အချက်ကတော့ The Voice မှာ ဒိုင်တွေက ပြိုင်ပွဲဝင်တွေကိုကြည့်ခွင့်မရှိပါဘူး။ စင်ကိုကျောပေးထားရတဲ့ ဒိုင်လေးယောက်ဟာ ပြိုင်ပွဲဝင်ရဲ့ အသံကိုပဲနားထောင်ပြီးအဆုံးအဖြတ်ပေးရတာမျိုးပါ။ ကိုယ်သဘောကျတဲ့ အသံပိုင်ရှင်ရှိလာပြီဆိုရင်တော့ ဒိုင်တွေအနေနဲ့ ကိုယ့်ရှေ့မှာရှိတဲ့ ခလုတ်ကိုဖိနှိပ်ပြီးပြိုင်ပွဲဝင်ကိုလှည့်ကြည့်ခွင့်ရှိပါတယ်။ ပြိုင်ပွဲဝင်တစ်ယောက်တည်းကိုပဲ ဒိုင်တွေတစ်ယောက်နဲ့အထက်ရွေးချယ်ခဲ့ပြီဆိုရင်တော့ အဲ့ဒီပြိုင်ပွဲဝင်က ကိုယ့်ကိုအနိုင်ရအောင် လေ့ကျင့်ပေးနိုင်မယ့် ဒိုင်ကို ပြန်လည်ရွေးချယ်ခွင့်ရှိပါတယ်။ နောက်ဆုံးအနိုင်ရရှိတဲ့သူက US$ 100,000 ရရှိမှာဖြစ်ပြီး Universal Music Group နဲ့ album ထုတ်လုပ်ခွင့်ကိုလဲ ရရှိဦးမှာပါ။

အခုလက်ရှိမှာတော့ ၂၀၁၈ ဖေဖော်ဝါရီလ ၂၆ရက်မှာ The Voice က season 14 ကို စတင်နေပြီဖြစ်တာမို့ The Voice Myanmar နဲ့ ရက်သိပ်မကွာဘူးလို့ပြောလို့ရပါတယ်။ Season 14 ရဲ့ ဒိုင်တွေက Adam Levine, Blake Shelton, Alicia Keys နဲ့ Kelly Clarkson တို့ဖြစ်ပါတယ်။ Kelly Clarkson ကတော့ ဒီနှစ်အတွက်ရွေးချယ်ထားတဲ့ ဒိုင်ဖြစ်ပြီး Adam Levine နဲ့ Blake Shelton တို့ကတော့ ဒိုင်သက်တမ်းအရှည်ဆုံးဖြစ်တဲ့ ဒိုင်၂ယောက်ဖြစ်ပါတယ်။

အားလုံးသိထားကြတဲ့အတိုင်း မြန်မာနိုင်ငံလိုပဲ The Voice ကို franchise ယူထားတဲ့နိုင်ငံတော်တော်များများရှိပါတယ်။ The Voice ရဲ့ မူရင်းအတိုင်းလိုက်လုပ်ကြတဲ့ နိုင်ငံတွေလဲရှိသလို ကိုယ့်နိုင်ငံနဲ့ကိုက်အောင် စည်းမျဉ်းစည်းကမ်းတွေတချို့ကို ပြင်ဆင်ပြီးလုပ်ကြတဲ့ နိုင်ငံတွေလဲရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ တခြားပြိုင်ပွဲတွေအများကြီးရှိနေခဲ့ပြီဖြစ်ပေမယ့် The Voice Myanmar ကတော့ ဒီနှစ်မှစလုပ်ဖြစ်တဲ့ပွဲတစ်ခုဖြစ်ပြီး ပရိသတ်တော်တော်များများရဲ့ စိတ်ဝင်စားမှုကိုလဲရရှိနေပါတယ်။ The Voice Myanmar ကိုကြည့်ချင်တော့ အပတ်စဉ်တနင်္ဂနွေနေ့ ည၉နာရီမှာ MRTV-4 တစ်ခုတည်းကပဲထုတ်လွှင့်ပြသနေတာဖြစ်ပြီး online ကနေကြည့်ချင်တယ်ဆိုရင်တော့ pyone play ကနေ ရယူကြည့်ရှုနိုင်ပါတယ်နော်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *