ပြန်တွဲနေတာ ဝန်ခံလိုက်တဲ့ The weeknd နဲ့ Bella

ကဲ ကဲ အားလုံးထင်နေကြတဲ့အတိုင်း၊ ကောလဟာလတွေ ထွက်နေတဲ့အတိုင်း The weeknd နဲ့ Bella တို့ ပြန်တွဲနေတယ်ဆိုတာ လုံးဝကြီးကို သေချာသွားပါပြီ။ ပြီးခဲ့တဲ့ ဇွန်လမှာကတည်းက သူတို့နှစ်ဦးပြန်တွဲနေကြတယ်ဆိုတာကို တိတ်တဆိတ်ဓါတ်ပုံတွေ ထွက်ခဲ့ပေမယ့် နှစ်ဦးနှစ်ဖက်လုံးက ဝန်မခံခဲ့ကြပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ Bella တစ်ယောက် weeknd ရဲ့ အိမ်အသစ်ကို ရောက်နေတဲ့အကြောင်း သူမရဲ့ instagram my story မှာ တင်ထားတာကို တွေ့ရပြီး Weeknd ရဲ့ instagram မှာလည်း အိမ်အသစ်မှာ ရိုက်ထားတဲ့ ပုံကိုတင်ထားတာ တွေ့ရပါတယ်။

A post shared by The Weeknd (@theweeknd) on

Weeknd ကတော့ ဒီအိမ်ကို ၂၀၁၇ ခုနှစ်ကတည်းက ဒေါ်လာ $18 million နဲ့ ဝယ်ခဲ့တာဖြစ်ပြီး တည်နေရာကတော့ Los Angeles, Hidden Hills မှာဖြစ်ပါတယ်။ များသောအားဖြင့် အနုပညာရှင် celebrity တွေ အများဆုံးနေထိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အိမ်ရဲ့အနေထားကတော့ luxuriy home  ဖြစ်တဲ့အတွက် အိပ်ခန်း ၉၊ ရေချိုးခန်း ၁၁ ခန်းနဲ့ guest house ၁ လုံးပါဝင်ပြီး ၃ ဧက လောက်အကျယ်အဝန်းပေါ်မှာ ဆောက်ထားပါတယ်။ အိမ်ရဲ့ အသေးစိတ်ကိုတော့ ပုံမှာဆက်လက်ကြည့်ရှု့ပေးပါ-

  

  

  

  

  

  

  

Weeknd နဲ့ Selena တို့ အချိန်အကြာကြီးတွဲခဲ့ပေမယ့်လည်း အခုချိန်ထိ Bella ဘက်က Weekend ကို တော်တော်လေးသံယောဇဉ်ရှိပုံရပါတယ်။ အခုချိန်မှာတော့ Weeknd ကလည်း အောင်မြင်နေတဲ့ အဆိုတော်တဉီးဖြစ်ပြီး Bella ကလည်း အောင်မြင်ကျော်ကြားနေတဲ့ မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ fan တွေကတော့ ပြန်ပေါင်းထုတ်နေကြတာကို ဝမ်းသာနေကြပြီး Bella နဲ့ Weeknd ကို မျက်ခြေမပျက်စောင့်ကြည့်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *