Tonny Immoi ရဲ့ Symptom of the Universe သီချင်းမှ riff အား ထာဝရအကောင်းဆုံး riff အဖြစ် Metal Hammer တွင်ဖော်ပြခံရ

ကမ္ဘာမှာ အကြီးကျယ်ဆုံး Rock မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Metal Hammer ကတော့ Heavy metal တွေထဲက ထာဝရအကောင်းဆုံး riff ကို ထုတ်ဖော်ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ Metal Hammer ဟာဆိုရင် UK မှာ လစဉ်ထုတ်လုပ်တဲ့ အောက်မြင်ကျော်ကြားတဲ့ မဂ္ဂဇင်းတစ်ခုဖြစ်ပါတယ်။ UK မှာတော့ Future Plc ကထုတ်လုပ်ပြီး အခြားသောနိုင်ငံတွေမှာလည်း ထုတ်လုပ်ပါသေးတယ်။ ဒီမဂ္ဂဇင်းမှာဆိုရင် ခေတ်ရေစီးကြောင်းအလိုက်ပေါ်ထွက်လာတဲ့ band တွေအကြောင်းနဲ့ ထို band တွေမှ မထင်မှတ်ထားစရာ ထူးခြားတဲ့ သံစဉ်တွေအကြောင်းကို  အဓိက တင်ဆက်ပေးနေတဲ့ Heavy metal မဂ္ဂဇင်းကောင်းတစ်ခုဖြစ်လို့ အောင်မြင်မှုအကြီးအကျယ်ရှိနေတာပဲဖြစ်ပါတယ်။ ခုတစ်ခေါက်မှာ Metal Hammer ကနေ ဖော်ပြခြင်းခံရတဲ့ အကောင်းဆုံး riff ဟာ ဘယ်သူ့ရဲ့ လက်ရာများဖြစ်မလဲ။ ဒီထူးခြားတဲ့ riff ဟာ 1975 ခုနှစ်မှာ Tonny Immoi အသံသွင်းထားတဲ့ Black Sabbath’s Symptom of the universe မှာ တီးခတ်ခဲ့တဲ့ riff ပဲဖြစ်ပါတယ်။ ရွေးချယ်တဲ့အခါမှာလည်း Metal Hammer ဟာ အတီးအခတ်ပိုင်နိုင်ကျွမ်းကျင်သူတစ်ချို့ရဲ့ ထင်မြင်ယူဆချက်တစ်ချို့ကိုလည်း ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ ထိုကျွမ်းကျင်သူတွေကို သူတို့အနှစ်သက်ဆုံးသော riff တွေရဲ့ နာမည်စာရင်းတွေ အစဉ်လိုက်စီချလိုက်တဲ့အခါမှာတော့ Tonny Immoi ရဲ့ riff ဟာ အကောင်းဆုံးသော riff 50 ရဲ့ အထက်မှာ ရပ်တည်နေခဲ့တာပဲဖြစ်ပါတယ်။ Zeal & Ardor’s ရဲ့ vocalist ဖြစ်သူ တစ်နည်းအားဖြင့် guiterist တစ်ဦးဖြစ်သူ Gagneux ကတော့ Tonny ကို “Symptom of the universe” ဟာ riff စက်ပစ္စည်းတစ်ခုလားလို့ထင်မှတ်စရာကောင်းလောက်အောင် ပိုမို ခိုင်မာစေတယ်လို့ တင်စားခဲ့ပါတယ်။ ဒါဟာ Metal Hammerကနေ တရညးဝင်ထုတ်ပြန်ကြေငြာခဲ့တဲ့ Tonny Immoi ရဲ့ greatest riff ပါ။ နောက်ထပ်အခြားသော website တွေကနေလည်း အကောင်းဆုံးသော riff 10 ခုကို ထုတ်ပြန်ကြေငြာထားပါသေးတယ်။

အဲ့ဒီ riff တွေကတော့

Smoke On the Water – Deep Purple

Sweet Child O’ Mine – Guns N’ Roses

Enter Sandman – Metallica

Crazy Train – Ozzy Osbourne

Iron Man – Black Sabbath

Whole Lotta Love – Led Zeppelin

(I Can’t Get No) Satisfaction – The Rolling Stones

Smells Like Teen Spirit – Nirvana

Back In Black – AC/DC

Layla – Derek & The Dominos တို့ဖြစ်ပြီးတော့

Symptom of the universe riff နီးပါး အံ့သြဆန်းကြယ်မှုကို ပေးစွမ်းနိုင်တဲ့ riff တွေပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *