၂၀၁၇ တစ်နှစ်တာအတွက် ကိုရီးယားနိုင်ငံအတွင်းမှာ ရေပန်းအစားဆုံး အဆိုတော် ၁၀ ဦး

Research ကုမ္ပဏီတစ်ခုဖြစ်တဲ့ Gallup Korea က ၂၀၁၇ ခုနှစ်အတွက် Korean Music Industry အတွင်းက နာမည်အကြီးဆုံး celebrity ၁၀ ဦးကိုသိရှိဖို့အတွက် အသက် ၁၃ ကနေ ၅၉ နှစ်ကြားက ကိုရီးယားနိုင်ငံသား ၄၂၀၀ ကျော်ခန့်ကိုစစ်တမ်းကောက်ခဲ့ပါတယ်။ အဲဒါရဲ့ရလဒ်ကတော့ အောက်မှာဖော်ပြထားတဲ့ celebrity တွေပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ရဲ့ရင်ထဲက ထိပ်ဆုံး ၁၀ ယောက်နဲ့ကိုက်မကိုက် အဖြေညှိကြည့်လိုက်ပါလား။

 

10. Lee Sun Hee

အမျိုးသမီးအဆိုရှင်တွေရဲ့ဘုရင်မလို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ Lee Sun Hee ဟာ အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူးဆိုတာ သက်သေပြသွားပါတယ်။ သူမရဲ့အချို့သီချင်းတွေဆိုရင် နာမည်ကြီးလွန်းလို့ ဒီကလူတွေကြားကိုကြားဖူးကြလောက်ပါတယ်။ ဥပမာ Lee Sun Hee ရဲ့ Fate လို့အမည်ရတဲ့သီချင်းဟာ ကိုရီးယားမီဒီယာတွေနဲ့ အထိအတွေ့ရှိသူတိုင်း သိကြတဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

 

8. Im Chang Jung

အဆိုတော်တစ်ဖြစ်လဲ သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ Im Chang Jung ဟာ သူ့ရဲ့နှစ်ရှည်လများစုဆောင်းလာတဲ့ အနုပညာအတွေ့အကြုံတွေနဲ့ K-Pop ပရိသတ်တွေရဲ့နှလုံးသားကို သိမ်းပိုက်ထားဆဲဖြစ်ပါတယ်။

 

8. BIGBANG

၂၀၁၇ ခုနှစ်အတွင်းမှာ သီချင်းအသစ်တစ်ပုဒ်မှမထုတ်ခဲ့ပေမယ့် BIGBANG ကတော့ K-Pop ချစ်သူတွေရဲ့နှလုံးသားကို ဖမ်းစားထားနိုင်စွမ်းရှိဆဲပဲဖြစ်တယ်ဆိုတာ ဒီ survery မှာ နံပါတ် ၈ နေရာကို Im Chang Jung နဲ့အတူရယူပြီး သက်သေပြသွားခဲ့ပါတယ်။

 

7. EXO

EXO ကတော့ အခုအချိန်အထိ K-Pop လောကကို လွှမ်းမိုးထားနိုင်ဆဲပါ။ ဒီနှစ်အတွင်းမှာထွက်ရှိတဲ့ Power နဲ့ Ko Ko Bop သီချင်းတွေရဲ့အောင်မြင်မှုဟာ EXO ဘယ်ကိုမှရွှေ့ဦးမှာမဟုတ်ဘူးဆိုတာ သက်သေပြနေတာပဲဖြစ်ပါတယ်။

 

6. Wanna One

Produce 101 ရဲ့ ဒုတိယ season ကနေဖွဲ့စည်းခဲ့တဲ့ Wanna One ဟာ စတင်ဖွဲ့စည်းကတည်းက အရှိန်အဟုန်နဲ့ အနုပညာလှုပ်ရှားမှုတွေကိုပြုလုပ်ခဲ့ပါတယ်။ စတင်ခဲ့တာလပိုင်းပဲရှိသေးပေမယ့် သူတို့ရဲ့အောင်မြင်မှုကတော့ အံ့မခန်းပါပဲ။

 

5. Yoon Jong Shin

စွယ်စုံရအနုပညာရှင်တစ်ဦးဖြစ်တဲ့ Yoon Jong Shin ရဲ့သီချင်းအေးအေးလေးတွေက ပရိသတ်တွေရဲ့ရင်ထဲကို ထိထိမိမိရောက်ရှိခဲ့ပါတယ်။ ပရိသတ်တွေကလည်း သူတို့ရဲ့ Yoon Jong Shin အပေါ်ထားရှိတဲ့ မေတ္တာတွေကို ဒီ survey မှာ နံပါတ် ၅ နေရာပေးပြီး ဖော်ပြသွားခဲ့ကြပါတယ်။

 

4. BTS

Billboard chart မှာတောင် နံပါတ်ချိတ်ပြီး စံချိန်တွေတင်ထားတဲ့ BTS ဟာ ပြည်ပရော ပြည်တွင်းကပရိသတ်တွေပါ ရှယ်အားပေးခြင်းခံရတဲ့အဖွဲ့ဖြစ်ပါတယ်။ အဲဒီတော့ သူတို့ကို ဒီ list ထဲမှာတွေ့ရတာ မဆန်းဘူးလို့တောင်ပြောလို့ရပါတယ်။

 

3. Jang Yun Jeong

ခေတ်ပေါ်သီချင်းဆိုတဲ့သူတွေပဲ နာမည်ကြီးကြတာမဟုတ်ဘူးဆိုတာကို Jang Yun Jeong က သက်သေပြသွားခဲ့ပါတယ်။ သူမသီဆိုတဲ့ ကိုရီးယား Trot သီချင်းတွေဟာဆိုရင် သက်ကြီးပိုင်းသီချင်းချစ်သူတွေရဲ့ လှိုက်လှိုက်လဲလဲအားပေးခြင်းကိုခံရပါတယ်။

 

2. TWICE

ဒီနောက်ပိုင်းအရမ်းနာမည်ကြီးလာတဲ့ TWICE သာ ဒီ list ထဲမှာမပါခဲ့ရင် တစ်ခုခုမှားနေလို့ပဲဖြစ်ပါတယ်။ ချစ်စဖွယ် member တွေနဲ့ သူတို့ရဲ့ မြူးမြူးကြွကြွသံစဉ်တွေက TWICE ကို ဒီနေရာရောက်အောင် စွမ်းဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။

 

1. IU

ချိုသာတဲ့အသံပိုင်ရှင်ဖြစ်သူ၊ ရုပ်ရှင်နဲ့သီချင်းဆိုင်ရာ ဆုပေါင်းများစွာကိုဆွတ်ခူးထားသူ IU ကတော့ ၂၀၁၇ ခုနှစ်ရဲ့ popular အဖြစ်ဆုံး celebrity အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ရုပ်ရှင်မင်းသမီး၊ အဆိုတော်၊ သီချင်းရေးစပ်သူတစ်ဖြစ်လဲ IU ကတော့ ၂၀၁၈ ခုနှစ်ကို ခေါင်းမော့ရင်ကော့ပြီး ကြိုဆိုလို့ရသွားပြီပဲဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *