အိပ်မက်တွေ အမှန်တကယ် ဖြစ်လာတဲ့ Troye Sivan

Troye Sivan ကိုတော့ လူငယ်တော်တော်များများသိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အသက် ၂၂ နှစ်သာရှိသေးတဲ့ Troye Sivan ကတော့ တောင်အာဖရိကမှာ မွေးဖွားခဲ့တဲ့ သြစတြေးလျနိုင်ငံသား အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ Troye ကတော့ You tube မှာ Subscribers 6.1 million ရှိပြီး You tube ကနေ ပေါ်ပြူလာဖြစ်လာသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အသက်ငယ်ငယ်နဲ့ နာမည်ကျော်ကြားလာတဲ့ Troye Sivan တစ်ယောက်ဟာ US billboard 200 မှာလည်း နံပါတ် ၅ အဆင့်ရရှိဖူးခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး မေလ ၁၉ ရက်နေ့ ကယ်လီဖိုးနီးယားမှာ ကျင်းပခဲ့တဲ့ Taylor Swift ရဲ့ Reputation Stadium Tour မှာလည်း ပါဝင်ခွင့်ရခဲ့သူတစ်ယောက်ဖြစ်လို့ “Dream come true.” ဆိုပြီး အခုချိန်မှာတော့ သူ့ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပါပြီလို့ ပြောကြားလာပါတယ်။

Taylor Swift ရဲ့ Reputation Stadium Tour ကိုတော့ ကယ်လီဖိုးနီးယားမှာရှိတဲ့ Rose Bowl Stadium မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး Reputation Tour ရဲ့ special guest အဖြစ် Selena Gomez နဲ့ Shawn Medes တို့လည်း ပါဝင်ခဲ့ကြပါသေးတယ်။

I mean, I could but why would I want to? @selenagomez

A post shared by Taylor Swift (@taylorswift) on

Leave a Reply

Your email address will not be published. Required fields are marked *