Violin သံစဉ်ချစ်သူများအတွက် အံ့သြဆန်းကြယ်မှုရသကိုပေးစွမ်းနိုင်တဲ့ တယောဆရာမလေး Lindsey Stirling

တစ်ခါတလေ သီချင်းစာသားတွေက ခံစားချက်နဲ့မကိုက်ညီတော့တာမျိုး.. ဒါမှမဟုတ် ခံစားချက်တွေကို သီချင်းစာသားတွေနဲ့ ကန့်သတ်ခံရတယ်လို့ စိတ်ထဲမှာခံစားရတာမျိုး ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ဒီလိုအချိန်မျိုးမှာဆိုရင် သီချင်းစာသားတွေမပါပဲ သံစဉ်သက်သက်နားထောင်ရင်း ကိုယ့်ခံစားချက်လေးတွေကို သံစဉ်နဲ့ထပ်တူ ကွန့်မြူးကြည့်လိုက်ပါ။ သံစဉ်တွေကြီးပဲဆိုပေမယ့် ပျင်းဖို့မကောင်းပါဘူးနော်။ အဲဒီအတွက် Electro Violinist Lindsey Stirling နဲ့အရင်ဆုံးမိတ်ဆက်ပေးချင်ပါတယ်။ လူတော်တော်များများကတော့ သူ့ကို သိဖူးပြီးဖြစ်ကြမှာပါ။

ပုံမှန်အားဖြင့်  တယောထိုးပြီဆိုတာနဲ့ ငြိမ်ငြိမ်လေးပဲ ထိုးကြတာလေ။ သူကတော့ အဲ့လိုမဟုတ်ပါဘူးနော်။ တယောတီးရင်းနဲ့ကို သံစဉ်အလိုက်ကနေရင်း လုံးဝအငြိမ်မနေတဲ့သူပေါ့။ တယောတီးရင်း ကနေတော့ တီးကွက်တွေဘယ်မှန်တော့မလဲလို့လဲ စိတ်မပူပါနဲ့။ ကကွက်တွေကလည်း သိပ်မိုက်။ တယောတီးတာလည်း လုံးဝကို professional ပဲ။ မြူးကြွတဲ့ Electro Violin သံစဉ်နဲ့အတူ စည်းချက်ညီညီကနေတဲ့ သူမခြေထောက်တွေ၊ ပျော့ပြောင်းတဲ့သူမရဲ့ကကွက်တွေဟာ သံစဉ်အဆုံးထိ အံ့သြဆန်းကြယ်မှုကို ပေးစွမ်းပါလိမ့်မယ်။

Source: lindseystirling.com

2010 ခုနှစ်ရဲ့ အစောပိုင်းကာလတွေကနေစခဲ့တဲ့သူမဟာ အခု 2018 ထိ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေ၊ concert အသစ်တွေ ပြည့်တဲ့အထိအောင်မြင်နေပြီး ပွဲလက်မှတ်တွေကလည်း ရောင်းမလောက်ပါပဲ။ ဒီလောက် အောင်မြင်နေခဲ့တဲ့သူမဟာ 2010 ခုနှစ်ရဲ့ America Got Talent အစီအစဉ်မှာလည်း ပါဝင်ခဲ့ပါသေးတယ်။ ဒါပေမယ့် Judgesတွေက သူမကို “You are not good enough” ဆိုပြီးပယ်ချခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ‘Crystallize’, ‘Shatter Me’, ‘All of Me’, ‘Elements’ စတဲ့ music video တွေဆက်တိုက်ထွက်ခဲ့ပြီး Lindsey ဟာ တစ်နိုင်ငံတိုင်းစီမှာ အောင်မြင်မှုတွေကို ရယူခဲ့တာ ခုဆို ကမ္ဘာကျော်ခဲ့တဲ့ထိပါပဲ။ သူမသံစဉ်တွေဟာ Video ကြည့်လည်း ရသတစ်မျိုးပေးနိုင်သလို သံစဉ်ပဲနားထောင်လည်း အကန့်အသတ်မဲ့တဲ့ စိတ်ခံစားချက်တွေကိုပေးစွမ်းနိုင်ပါတယ်။

 

Lindsey ရဲ့ Most Popular Songs တွေကတော့

?The Greatest Showman Medley

?Carol of The Bells

?Dance of The Sugar Plum Fairy

?It Ain’t Me

?Hold My Heart

?Forgotten City from RiME

?Dragon Eye

?Shatter Me

စတဲ့ သီချင်းတွေပါ။ ဒီအောင်မြင်မှုတွေကိုပွေ့ပိုက်ပြီး America Got Talent က သူမကိုပယ်ချခဲ့တဲ့ Judge တွေမှားကြောင်း သက်သေပြခဲ့တာလည်း သိပ်ကို satisfy ဖြစ်စရာပါပဲ။  ဒါကြောင့် သူမရဲ့သီချင်းသံစဉ်လေးတွေကို နားထောင်ရင်း စိတ်ကျေနပ်မှုတွေ ရယူကြည့်လိုက်ပါလို့…

 

Leave a Reply

Your email address will not be published. Required fields are marked *