Wanna One အဖွဲ့ဝင်တွေဟာ UNESCO နဲ့ပူးပေါင်းပြီး ကမ္ဘာတစ်ဝန်းက အမျိုးသမီးလေးတွေပညာရေးအတွက် ထောက်ပံ့မှုပေးခဲ့ကြ

အဖွဲ့ဝင် ၁၁ ယောက်နဲ့ဖွဲ့စည်းထားတဲ့ K-Pop Boy Group တစ်ခုဖြစ်တဲ့ Wanna One အဖွဲ့လေးကတော့ UNESCO အဖွဲ့အစည်းနဲ့ပူးပေါင်းပြီး ကမ္ဘာတစ်ဝန်းက ဆင်းရဲနွမ်းပါးတဲ့ မိန်းကလေးတွေအတွက် ထောက်ပံ့မှုများပြုလုပ်ခဲ့ကြပါတယ်။

Wanna One အဖွဲ့ဝင်တွေဟာ အမျိုးသမီးတွေရဲ့ လုပ်ပိုင်ခွင့် အခွင့်အရေးတွေကို အပြည့်အဝထောက်ပံ့အားပေးခဲ့ပါတယ်။ သူတို့အားလုံးဟာ UNESCO ရဲ့ ‘Bright Girls’ Campaign မှာ ပါဝင်လှုပ်ရှားနေကြပါတယ်။ ဒီ Campaign လေးမှာတော့ ဆင်းရဲနွမ်းပါးပြီး စစ်ဘေးဒဏ်တွေကြောင့် ပညာသင်ကြားခွင့်မရရှိကြတဲ့ အမျိုးသမီးလေးတွေရဲ့ အနာဂတ်အတွက်ရည်ရွယ်ပြီး လှုပ်ရှားတဲ့ Activity လေးတွေ ပါရှိနေပါတယ်။

Wanna One အဖွဲ့ဟာ Instagram မှာ “သူတို့ဟာ UNESCO ရဲ့ Ambassador တွေအဖြစ်လုပ်ဆောင်နေကြပါတယ်။ သူတို့အားလုံးဟာ ကမ္ဘာတစ်ဝန်းက ပညာရေးအကူညီလိုအပ်တဲ့ အမျိုးသမီးတွေအတွက် ကူညီထောက်ပံ့မှုတွေ မျှော်လင့်ချက်တွေကို ယူဆောင်ပေးပါ့မယ်။ အမျိုးသမီးတိုင်း ပညာတတ်ပြီး လုပ်ပိုင်ခွင့်တွေရရှိလာကာ သူမတို့ရဲ့ အိပ်မက်တွေကို ပြည့်ဝလာဖို့အတွက် ကူညီမှုတွေပေးပါ့မယ်” လို့ ပြေကြားထားပါတယ်။

Wannable လေးတွေကလည်း Instagram ရဲ့ @forbrightgirls Campaign လေးကို join ပြီးတော့ Wanna One အဖွဲ့ဝင်တွေနဲ့အတူ ပါရမီဖြည့်ရင်းပါဝင်လှုပ်ရှားနိုင်ပါတယ်..။ Wannable တွေရေ Oppa တွေအားရှိသွားအောင် ဒီ ‘Bright Girls’ Campaign လေးမှာ အတူတူ Activity လေးတွေ ပါဝင်လှုပ်ရှားပေးလိုက်ပါဦးနော်။

Ref: Allkpop

Leave a Reply

Your email address will not be published. Required fields are marked *