Park Woo Jin Fan လေးတွေက သူ့ရဲ့ Graduation အတွက် ဂုဏ်ပြုပွဲအနေနဲ့ပြုလုပ်ပေးတဲ့ အလှူဒါနလေးတစ်ခု

WANNA ONE ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Park Woo Jin လေးဟာ မကြာသေးခင်ကာလမှ အထက်တန်းကျောင်းဆင်း Graduation လေးကိုဖြတ်သန်းပြီးဘဝတစ်ဆစ်ချိုးအချိန်လေးကို ကျော်လွန်ခဲ့ပါတယ်။ Park Woo Jin ဟာ အခုဆို Seoul Art Center မှာ အနုပညာသင်တန်းတွေကိုတက်ရောက်ပြီးသူ့ရဲ့ဝါသနာပါရာအနုပညာရပ်တွေကိုလေ့လာဆည်းပူးနေပါတယ်။

Wanna One အဖွဲ့ရဲ့ Rapper အဆိုတော်လေးတစ်ဦးအဖြစ်အောင်မြင်ကျော်ကြားနေတဲ့ Park Woo Jin ဟာ အသက်၁၁နှစ်အရွယ်ထဲက အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ငယ်ငယ်ထဲကလူချစ်လူခင်ပေါများခဲ့တဲ့ Woo Jin လေးရဲ့ Fan တွေကတော့ Woo Jin ရဲ့အထက်တန်းကျောင်းဆင်းပွဲကို ဂုဏ်ပြုပေးတဲ့အနေနဲ့ ‘The Korea Childhood Leukemia Foundation‘ ကို သွေးကင်ဆာဖြစ်နေတဲ့ ကလေးငယ်လေးတွေအတွက်ရည်မှန်းပြီး အလှူဒါနလေးတစ်ခုကို ဖေဖော်ဝါရီလ (၈) ရက်နေ့က ပြုလုပ်ပေးခဲ့ပါတယ်။

ဒီပွဲလေးမှာ Woo Jin ရဲ့ Fan လေးတွေဟာ “ခုလိုနေ့ထူးနေ့မြတ်မှာ ကင်ဆာရောဂါကိုတိုက်ပွဲဝင်ပြီး အသက်လုနေရတဲ့ကလေးငယ်လေးတွေကို Woo Jin ကိုချစ်တဲ့စိတ်တွေထဲကနေဖဲ့ပြီး ချစ်ပေးရတာရယ်၊ သူတို့လေးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းလှူဒါန်းပေးရတာရယ်က သူတို့အတွက်အရမ်းကိုပျော်ရွှင်ရပါတယ်” လို့ပြောဆိုထားကြပါတယ်။ ပြီးတော့ Fan လေးတွေက အလှူမှတ်တမ်းမှာအမှတ်တရအနေနဲ့ “Park Woo Jin ဆိုတဲ့ ကြယ်ပွင့်လေးကနေပြီး မျက်စိကျိန်းလောက်အောင် ထွန်းလင်တောက်ပလာတဲ့ကြယ်ပွင့်အဖြစ် အနာဂတ်မှာ အောင်မြင်ကျော်ကြားမှုတွေကိုရရှိပါစေ.. သူတို့ဟာ Woo Jin ရဲ့ Forever Fan Club အဖြစ်ရှိနေမှာပါ” လို့ ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။

Park Woo Jin ဟာ လာမယ့် March လ ၇ ရက်နေ့မှာ MBC ကနေထုတ်လွှင့်မည့် ‘Radio Star’ အစီအစဉ်အတွက် အဖွဲ့ဝင်တွေဖြစ်တဲ့ Kang Daniel နဲ့ Ong Seong Woo တို့နဲ့အတူ ပြင်ဆင်နေပါတယ်လို့ ပရိတ်သတ်ကြီးကိုအသိပေးထားပါတယ်။ Wanna One အဖွဲ့ဟာလည်း March လမှာ ပရိတ်သတ်ကြီးတို့ဆီပြန်လာဖို့ရှိတယ်လို့ Confirm လုပ်ထားလေတော့ Wanna One Boy Group လေးရဲ့ Fan လေးတွေ ပျော်စေသတည်းပေါ့ရှင်…

Ref: Soompi

Leave a Reply

Your email address will not be published. Required fields are marked *