Wanna One က သူတို့ရဲ့ ရက်၂၀၀ပြည့်အနေနဲ့ Special Theme Track တစ်ခုကိုထုတ်ဖို့ကြေညာ

Wanna One အဖွဲ့သားတွေဟာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာ ရက် ၂၀၀ ပြည့်ခဲ့ပါပြီ။ March လထဲမှာသူတို့ရဲ့ ဒုတိယမြောက် Mini Album နဲ့အတူ ပရိသတ်ရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာမယ်ဆိုတဲ့အကြောင်းကို Confirm လုပ်ခဲ့ပါတယ်။ Wanna One အဖွဲ့သားတွေဟာ သူတို့ရဲ့ Wannable လေးတွေအတွက် အရမ်းကိုအံ့အားသင့်စရာကောင်းတဲ့ လက်ဆောင်တစ်ခုကိုပေးခဲ့ပါတယ်။

အဲ့ဒါကတော့ ရက်၂၀၀ ပြည့်အနေနဲ့ သူ့တို့ရဲ့ Fan တွေအပေါ်ကိုလည်း ကျေးဇူးတင်တဲ့အနေနဲ့ Special Theme Track တစ်ခုကိုထုတ်ဝေဖို့ပဲဖြစ်ပါတယ်။ Naver TV ရဲ့ Video Message တစ်ခုမှာ “သူတို့တွေအားလုံး Fan တွေကိုကျေးဇူးအရမ်းတင်ပါတယ်။ Wanna One ဆိုပြီးဖြစ်တည်လာမှုက ရက် ၂၀၀ တောင်ပြည့်ခဲ့ပါပြီ။ Wannable လေးတွေကြောင့် အရမ်းကိုပျော်ရွှင်ခဲ့ရပါတယ်။ ပြီးတော့ March လ ၅ ရက်နေ့မှာ ပရိတ်သတ်ကြီးအတွက် Special Theme Track လေးတစ်ခုကို ထုတ်ဝေဖို့ရှိပါတယ်” လို့ ကြေညာသွားပါတယ်။

Special Theme Track ထုတ်ဝေမယ့်နေ့ကတော့ သူတို့ပထမဦးဆုံးပွဲထွက်ခဲ့တာ (၃၃၃) ရက်မြောက်တဲ့နေ့လေးပါတဲ့ရှင်။ Wanna One အဖွဲ့လေးက March လ (၁၉) ရက်နေ့မှာ ပရိတ်သတ်ကြီးရှေ့ကို တစ်ဖန်ပြန်လည်ရောက်ရှိလာတော့မယ်ဆိုတော့ Wannable လေးတွေ အလွန့်အလွန်ကိုပျော်နေကြတယ်ဟုတ်…။ Wannable လေးတွေရဲ့ အကြိုက်ကိုသိတဲ့ Wanna One အဖွဲ့သားတွေကလည်း သူတို့လေးတွေပျော်ရွှင်နေသလို Fan လေးတွေလည်းပျော်ရွှင်အောင် Surprise တွေလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။

Ref: Allkpop

Leave a Reply

Your email address will not be published. Required fields are marked *