Cardi B ဘာကြောင့်သူ့ Instagram account ကိုဖျက်သွားခဲ့ရတာလဲ??

အရင်နှစ်လောက်ကစပြီး နာမည်တရှိန်ထိုးကျော်ကြားလာနေတဲ့ Cardi B ဟာ rapper Azealia Banks နဲ့ လေလှိုင်းပေါ်မှာအချင်းများပြီးတဲ့နောက်မှာတော့ သူ့ရဲ့ Instagram ကို delete လုပ်သွားခဲ့ပါတယ်။ Instagram ကိုသာ ဖျက်တာမဟုတ်ပဲ Twitter ကိုလဲ private လုပ်လိုက်ပါသေးတယ်။

Related Article: Cardi B ဆိုတာဘယ်သူလဲ??

အကြောင်းရင်းကဘာဖြစ်မလဲဆိုတော့…… ဘာတွေကြောင့်ဆိုတာထက် Cardi B နဲ့ စကားများခဲ့တဲ့ Azealia Banks ဆိုတာဘယ်သူလဲဆိုတာအရင်ကြည့်လိုက်ရအောင်နော်။ Azealia Banks ဆိုတာကတော့ rapper, singer, songwriter, actress လို့ သူ့ရဲ့ bio ထဲမှာရေးထားတဲ့ အဆိုတော်တစ်ယောက်ပါ။ (တခြားရေးထားတဲ့ အစုံသုပ်တွေအကုန်လုံးလုပ်မလုပ်တော့ မသိပါဘူး) ဒီမှာတော့ သိတဲ့သူနည်းတဲ့ Banks တစ်ယောက်ဟာ ဘာလို့နာမည်ကြီးနေရလဲဆိုတော့ ဟုတ်ကဲ့ ရှိရှိသမျှတခြားနာမည်ကြီးအဆိုတော်တွေနဲ့ ပတ်ပြီး ရန်ဖြစ်နေလို့ပါပဲ။ ??

A post shared by Azealia Banks (@azealiabanks) on

သူ့ဟာသူတော့ ဘယ်လို skill တွေရှိလဲမသေချာပေမယ့် ပတ်ရမ်းပြီး ပြဿနာရှာရန်ဖြစ်တဲ့နေရာမှာတော့ Skill 9+++++ ပါပဲ။ သူနဲ့ပြဿနာဖြစ်ခဲ့တဲ့သူစာရင်းကိုရွတ်ပြရရင်မိုးချုပ်သွားမယ်ထင်ပါတယ်။ စီနီယာလေးတွေမဆိုထားတဲ့ Rap King ကြီးဖြစ်တဲ့ Eminem ကိုတောင် ပြဿနာရှာပြီး ရန်ဖြစ်ခဲ့သူပါ။ ထပ်ပြောရရင် Niki Minaj, Iggy Azealia, Kendrick Larma, A$ap Rocky စတဲ့ rapper အချင်းချင်းအပါ Zayn Malik, Beyonce’, Pharrell စတဲ့ အဆိုတော်တွေတောင်မချန် ရန်ပတ်ဖြစ်ခဲ့သူပါ။ တခြားမဆုံးနိုင်သောစာရင်းပေါင်းချုပ်တွေအများကြီးရှိသေးပေမယ့် တော်သေးပါပြီ။

အပေါ်ကစာရင်းကိုကြည့်လိုက်တာနဲ့ Banks ဟာတစ်ရွာနဲ့တစ်ယောက်ဆိုသလိုဖြစ်နေတာကို မြင်ရမှာပါ။ အခု Cardi B နဲ့ဖြစ်တဲ့ ပြဿနာမှာတော့ ပြီးခဲ့တဲ့ သောကြာနေ့ US radio station ရဲ့ အင်တာဗျူးတစ်ခုမှာ Banks တစ်ယောက်က Cardi B ကို “illiterate, untalented rat”,  “caricature of a black woman” ဆိုပြီးခေါ်ခဲ့တာကစပါတယ်။ Banks ဟာ twitter မှာတော်တော်ရိုင်းတတ်တဲ့တစ်ယောက်ဆိုပြီးတော့လဲနာမည်ကြီးပါတယ်။ Banks ကို Cardi B က ဒီလိုပြန်ပြီးတုံ့ပြန်ခဲ့ပါတယ်…သူမအနေနဲ့ တချိန်လုံးအရှိကိုအရှိအတိုင်းနေခဲ့ပြီး ဘာမှဟန်ဆောင်တာတွေမရှိခဲ့ပဲ ကိုယ့်ဘဝကိုလဲဘယ်တော့မှဖုံးကွယ်ဖို့မလုပ်ခဲ့ဖူးဘူး။ ကိုယ်မှန်တဲ့အတိုင်းနေတာမို့လို့ ဘာမှမဖြစ်ဘူး။ နာမည်ကျော်ကြားဖို့ ကိုယ့်ကိုပရိသတ်တွေရွေးချယ်ခဲ့တာပါ။ တပါးသူကျရှုံးဖို့ဆုတောင်းတာတွေထက် ကိုယ့်ဟာကိုယ်အောင်မြင်အောင်ပဲ အရင်ဆုတောင်းလိုက်ပါဦးလို့ အပြီးသတ်ပြောခဲ့ပြီး သူ့ရဲ့ Instagram account ကို ဖျက်သိမ်းသွားခဲ့တာပါ။

Banks ကမနှစ်တုန်းကလဲ Carci B ရဲ့သီချင်း Bodak Yellow ကိုဝေဖန်ပြစ်တင်ထားခဲ့ဖူးပြီး သူကပဲ Club ထဲမှာ အဲ့သီချင်းကိုလိုက်ဆို လိုက်ကဲနေတဲ့ video ထွက်ခဲ့တဲ့နောက်မှာတော့ ပရိသတ်တွေရဲ့ ဝိုင်းဟားထားတာကိုလဲခံထားရဖူးပါတယ်။

တခါတစ်လေမှာ တချိန်လုံးလိုက်ပြီးပြဿနာရှာနေတဲ့သူကို ပြန်ပြီးအဖက်လုပ်နေတာထက် အဲ့လိုမျိုးလစ်လျူရှုထားလိုက်တာမှ ငြိမ်းချမ်းတာမျိုးပေါ့……

Leave a Reply

Your email address will not be published. Required fields are marked *