Maroon 5 နဲ့ BTS တို့ Collaboration လုပ်ကြမှာလား

Update: Marron 5 ဖက်မှ ဒီသတင်းနဲ့ပတ်သက်တဲ့ သက်သေတွေကို အစအနဖျောက်သွား

Marron 5 က BTS နဲ့ပတ်သက်တဲ့ Tweet တွေအားလုံးကို ဖျက်သွားခဲ့ပါတယ်။ ဒီသတင်းကိုမဖွဖို့ တစ်ယောက်ယောက်ကပြောလိုက်လို့လား.. နဂိုကတည်းက အစီအစဉ်မရှိတာလား.. ဘယ်လိုပဲပြောပြော အကြောင်းရင်းမှန်ကို မကြာမီသိရှိနိုင်ဖို့မျှော်လင့်မိပါတယ်။

___________________________________________________________________________________________________________

Maroon 5 နဲ့ BTS တို့ရဲ့ Collab ?? ကြားလိုက်ရုံနဲ့ အမှန်အကန်စိတ်ဝင်စားသွားစေမယ့် သတင်းလေးပါ..

ဇန်နဝါရီ ၁၈ တုန်းက fan တစ်ယောက်က Maroon 5 ရဲ့ Tweet အောက်မှာ BTS နဲ့ collaboration လုပ်ပါလားဆိုပြီးတောင်းဆိုခဲ့ပါတယ်။ အဲဒီမေးခွန်းကို Maroon 5 Twitter account က smiley face လေးတစ်ခုတည်းနဲ့တုံ့ပြန်ခဲ့ပါတယ်။

ကျလိကျလိဖြစ်သွားတဲ့ fan တစ်ယောက်က သေချာအောင်လို့ BTS နဲ့ collaboration လုပ်မှာတကယ်လားဆိုပြီးထပ်မံမေးမြန်းခဲ့တာကို “မသိဖူးလေ” လို့အဓိပ္ပာယ်ရတဲ့ gif လေးနဲ့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

နောက်ဆုံးမှာ နောက် fan တစ်ယောက်က ဒါဆိုအဖြေမှန်ကဘာလဲဟင် ဆိုပြီးမေးမြန်းခဲ့ရာမှာ “ဒါကိုမင်း handle လုပ်နိုင်လောက်မှာမဟုတ်ဖူးထင်တယ်” ဆိုပြီး reply ပြန်ခဲ့ပါတယ်။

Maroon 5 ဟာ ပြီးခဲ့တဲ့လကစတင်ပြီး BTS ရဲ့ twitter ကို follow လုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း fan တွေက သူတို့နှစ်ဖွဲ့တစ်ခုခုလုပ်နေကြတာဖြစ်မယ်ဆိုပြီး တွေးနေကြတာဖြစ်ပါတယ်။ Collaboration တကယ်လုပ်မလုပ် အဖြေမှန်ကို မကြာမီသိရှိရမယ်လို့ မျှော်လင့်ရပါတယ်။

ကဲ.. ဒီကိစ္စအပေါ် စာဖတ်သူတို့ရောဘယ်လိုမြင်ကြပါသလဲ? ‘Maroon 5 x BTS‘ Collab.. ? or ?!?

Leave a Reply

Your email address will not be published. Required fields are marked *