2018 MAMA ဆုပေးပွဲမှာ ဆုရရှိကြသူများ

ဒီနှစ် ၂၀၁၈ခုနှစ်ရဲ့ Mnet Asian Music Awards (MAMA) ဆုပေးပွဲအခမ်းအနားကြီးကတော့ ဒီဇင်ဘာ ၁၀ရက်နေ့က ကိုရီးယားနိုင်ငံမှာ စတင်ကျင်းပခဲ့ပါပြီ။ ဒီပွဲကို နာမည်ကျော် ကိုရီးယားအနုပညာရှင်ပေါင်းများစွာ တတ်ရောက်လာခဲ့ကြပြီး Something in the Rain ဇာတ်လမ်းတွဲထဲက မင်းသားချောလေး Jung Hae In က အခမ်းအနားတင်ဆက်သူအဖြစ် တာဝန်ယူဆောင်ရွက်ပေးသွားခဲ့ပါတယ်။

2018 MAMA တောင်ကိုရီးယားပွဲမှာ Wanna One, fromis_9,(G)I-DLE, GWSN, Hyeongseop X Euiwoong, IZ*ONE, Kim Dong Han, LOONA, NATURE, Stray Kids, The Boyz, VINXEN, Dean Ting, Hiragana Keyakizaka46, Marion Jola, Orange နဲ့ The Toys တို့လို ကေပေါ့လ်အဆိုတော်ပေါင်းများစွာက အားပါးတရကို ဖျော်ဖြေတင်ဆက်ပေးသွားခဲ့ပါတယ်။

ဆုပေးပွဲမှာတော့ ကိုရီးယားမှာရော နိုင်ငံတကာမှာပါ အရမ်းကို အောင်မြင်ကျော်ကြားနေတဲ့ BTS အဖွဲ့နဲ့ပတ်သက်ပြီး ဆုတံဆိပ်၄ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆုရရှိသူများစာရင်းကိုလည်း အပြည့်အစုံ ဖော်ပြပေးလိုက်ပါတယ်နော်။

Best New Asian Artist: The Toys (Thailand), Orange (Vietnam)
Best Producer: Pdogg
Best Choreographer: Son Sung Deuk (BTS’s “IDOL”)
Best Art Director: MU:E (BTS’s “Fake Love”)
Best Executive Producer: Bang Shi Hyuk
Best of Next: (G)I-DLE
Best New Artist (Male): Stray Kids
Best New Artist (Female): IZ*ONE
DDP Best Trend: Wanna One

၂၀၁၈ခုနှစ်ရဲ့ MAMA ဆုပေးပွဲကို တောင်ကိုရီးယားနိုင်ငံ ၊ ဂျပန်နိုင်ငံနဲ့ ဟောင်ကောင်တွေမှာပါ ဆက်တိုက်ကျင်းပသွားမှာဖြစ်ပြီးတော့ အခုတောင်ကိုရီးယားနိုင်ငံအပြီး ဒီဇင်ဘာ ၁၂ရက်နေ့ ဂျပန်နိုင်ငံမှာ 2018 MAMA Fans’ Choice Award ပွဲကိုလည်း ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။ ဒီပွဲမှာတော့ အခုလက်ရှိ ထုတ်လွှင့်ပြသနေတဲ့ နာမည်ကြီး ကိုရီးယားဇာတ်လမ်းတွဲ Boyfriend ထဲက မင်းသားချော Park Bo Gum က Host အဖြစ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီပွဲပြီးရင်တော့ ဒီဇင်ဘာ ၁၄ရက်နေ့ ဟောင်ကောင်မှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး မင်းသားချောလေး Song Joong Ki က Host အဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *