Wanna One ရဲ့ Comeback Date ကိုအတည်ပြုလိုက်ပြီဖြစ်တဲ့ YMC

ဖေဖော်ဝါရီ ၂၀ရက်နေ့မှာပဲ Wanna One ဟာ သူတို့ရဲ့ comeback အတွက် music video တွေအကုန်ရိုက်ပြီးသွားပြီမို့ သူတို့ရဲ့ Comeback Date ကမတ်လ ၁၉ ရက်နေ့ လို့ YMC Entertainment က ပြောကြားခဲ့ပါတယ်။
(ကလေးတွေပင်ပန်းနေကြတော့မှာပဲ …. ?)

Debut Album ဖြစ်တဲ့ ‘1-1=0 (Nothing Without You)‘ ထွက်ရှိပြီး ၄လ အကြာမှ ‘Golden Age Begins‘ နဲ့ Comeback ပြန်လာတာဖြစ်ပါတယ်။

Produce 101 ကနေမှ တစ်ဆင့် အဖွဲ့ဝင် ၁၁ ယောက်နဲ့ Debut လုပ်ခဲ့တဲ့ Wanna One အဖွဲ့ဟာဆိုရင် Debut လုပ်တာ သိပ်မကြာသေးပေမယ့် World Wide Fan တွေအများဆုံးရရှိပြီးထားတဲ့ Global Idol Group ဆိုရင်လဲမမှားပါဖူး။

Debut လုပ်တာ ၁နှစ်မကြာသေးပဲ ဆုတွေလဲ အကြိမ်ကြိမ်ရရှိပြီး သူတို့ရဲ့ Debut Album ဖြစ်တဲ့ ‘1-1=0 (Nothing Without You)’ မှာတင် Million Seller ဖြစ်ခဲ့ပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ Golden Disc Awards မှာလဲ “Rookie Grand Slam” ဆုရရှိခဲ့တဲ့အပြင် Seoul Music Awards, Melon Music Awards နဲ့ Gaon Chart Music Awards တွေမှာလည်း Best New Artist ဆုတွေကို ရရှိပိုင်ဆိုင်ထားခဲ့ပါတယ်။ နောက်ပြီးတော့ Wanna One ကို Billboard က Best New K-Pop Act of 2017 အတွက် ရွေးချယ်ခဲ့ပါသေးတယ်။

Wannable လေးတွေလည်း ဖေဖော်ဝါရီ ၁၉ ရက်နေ့က ထွက်ရှိခဲ့တဲ့ ‘Golden Age Begins‘ ရဲ့ ရွှေလက်စွပ်လေးတွေနဲ့ Comeback Teaser Image လေးတွေနဲ့တင် အကြိမ်ကြိမ် သေခဲ့ကြတယ်ဟုတ်… ?

Comeback Date ကလဲ နီးနေပြီမို့ ရင်ခုန်နေကြပြီး လွမ်းနေကြမယ်ဆိုတာသိတာမို့ အလွမ်းပြေလေး ပြန်နားထောင်လို့ရအောင် ‘Beautiful‘ ဆိုတဲ့ သီချင်းလေးကို ဖော်ပြပေးလိုက်ပါတယ်…

Leave a Reply

Your email address will not be published. Required fields are marked *