လမ်းခွဲလိုက်ပြီဖြစ်တဲ့ Zayn နဲ့ Gigi ???

လူတိုင်းအားကျရလောက်အောင် ချစ်နေခဲ့ကြတဲ့ Zayn နဲ့ Gigi တို့ဟာ လမ်းခွဲလိုက်ကြပြီဖြစ်ကြောင်း နှစ်ဖက်လုံးက အတည်ပြုလိုက်ပါပြီ ?

နှစ်နှစ်ကျော်လက်တွဲခဲ့ကြပြီး relationship goal ပေါင်းများစွာနဲ့ အတွဲတကာရဲ့ idol ဖြစ်ခဲ့ကြပေမယ့် ဒီမနက်မှာပဲ (၁၄.၃.၂၀၁၈) နှစ်ယောက်လုံးရဲ့ social midea တွေကတဆင့် ကြေညာခဲ့ကြတာပါ။ (အသည်းတွေကွဲချက်ဖဲ အက်မင်ကတော့ ? )

နှစ်ယောက်လုံးရဲ့ ပြောကြားချက်အရဆိုရင်တော့ မချစ်ကြတော့လို့မဟုတ်ပဲ ဆက်ပြီးလက်တွဲသွားဖို့ မဖြစ်တော့တဲ့ အကြောင်းတစ်စုံတစ်ရာရှိနေလို့လမ်းခွဲရတာလို့ ထင်မြင်မိပါတယ်။ Zaynကတော့ Gigi နဲ့လက်တွဲခဲ့ရတဲ့အချိန်တွေမှာ ချစ်သူလို သူငယ်ချင်းလေးလို လေးစားမြတ်နိုးခဲ့ရတာဖြစ်ပြီး တကယ့်ကိုဘဝရဲ့အဓိပ္ပါယ်တွေအပြည့်နဲ့ပျော်ရွှင်ခဲ့ရကြောင်းနဲ့ အခုလိုခက်ခဲတဲ့ဆုံးဖြတ်ချက်ချရတာကို ပရိသတ်တွေနားလည်ပေးစေချင်ကြောင်းပြောထားခဲ့ပါတယ်။

Gigi လေးကလဲ Zayn နဲ့အတူမျှဝေခဲ့တဲ့ အချစ်တွေအချိန်တွေနဲ့ ဘဝသင်ခန်းစာတွေအတွက် အမြဲတမ်းကျေနပ်ကျေးဇူးတင်နေမယ်….သူငယ်ချင်းတွေလိုအမြဲတမ်း နေသွားကြမယ်လို့ပြောထားတဲ့အပြင် အက်မင့်ကို heart ထိစေတဲ့စကားလေးကတော့

I want nothing but the best for him …………❤As for the future, whatever’s meant to be will always to be.

ဆိုတဲ့စကားလေးပါ…… (အသည်းတွေကွဲကြေနေရပါပြီကွယ်….?)

နှစ်ယောက်လုံးရဲ့ fan တွေကတော့ social media ပေါ်မှာအပြတ်အသတ်အသည်းတွေကွဲနေကြပြီး သတင်းတိုင်းမှာလဲ သူတို့အကြောင်းတွေပလူပျံနေတော့မှာပါ……..

ပြန်တွဲဖြစ်ကြဖို့လဲ ဆုတောင်းပေးနေသလို ပြန်မတွဲဖြစ်ကြတော့ဘူးဆိုရင်တောင် သူတို့ရဲ့ ချစ်ဇာတ်လမ်းလေးက အချိန်တွေကြာတဲ့ထိ လူတိုင်းပြန်ပြောနေရမယ့် ချစ်ပုံပြင်တစ်ခုအဖြစ်ရှိနေတော့မှာပါ………….

Leave a Reply

Your email address will not be published. Required fields are marked *