အမှတ်မရှိသေးတဲ့ Zayn

အရင်တစ်ပါတ်က နှစ်ဦးသဘောတူလူသိရှင်ကြား ပြတ်စဲခဲ့ကြတဲ့ Zayn နဲ့ Gigi တို့အကြောင်းကို အားလုံးကြားလိုက်မိကြမယ်လို့ထင်ပါတယ်နော်။ Gigi တစ်ယောက်ကတော့ ဘဲအသစ်ရနေပြီလိုလိုသတင်းတွေထွက်နေပေမယ့် Zayn တစ်ယောက်တော့ ဘာတွေလုပ်နေမလဲဆိုပြီး အားလုံးသိချင်နေကြမယ်ထင်ပါတယ်။

အမှတ်မရှိသေးတဲ့ Zayn တစ်ယောက်ကတော့ Gigi နဲ့ကွဲပြီးနောက်မှာ တက်တူး အသစ်၂ခုထိုးလိုက်ပါတယ်တဲ့။

တကယ့်ကိုအမှတ်မရှိတာပါ…. Zayn ရဲ့ တကိုယ်လုံးမှာ တက်တူးတွေအများကြီးရှိတာကိုတော့ အားလုံးသိပြီးကြမှာဖြစ်မှာပါနော်။ အဲ့ဒီထဲက တက်တူးတစ်ခုဟာ သူ One direction ကနေမထွက်ခင်တုန်းကထိုးထားတာဖြစ်ပြီး One D အဖွဲ့ဝင်တစ်ယောက်နဲ့ အမှတ်တရဆိုပြီး ဆင်တူထိုးခဲ့တာလို့ဆိုပါတယ်။

A post shared by Zayn Malik (@zayn) on

ပြီးတော့Zayn ဟာ စေ့စပ်တဲ့အခြေအနေထိရောက်ခဲ့ဖူးတဲ့ အဆိုတော် Perrie Edwards ရဲ့ ပုံကို လက်မောင်းမှာထိုးထားခဲ့ဖူးပါတယ်။ ထိုးထားတာမှ သေးသေးလေးမဟုတ်ပဲ လက်မောင်းတစ်ခုလုံး အပြည့်နီးပါး ထိုးထားခဲ့တာပါ။ Perrie ဆိုတာကတော့ “Shout out to my Ex” သီချင်းကို Zayn ကို ရည်စူးပြီး ဆိုထားခဲ့တဲ့ အဆိုတော်တစ်ယောက်ပါ။ Perrie နဲ့လဲပြတ်ပြီးနောက် Gigi နဲ့လဲတွဲဖြစ်ရော အဲ့တက်တူးကို cover up လုပ်ထားခဲ့ရပါတယ်။ အပေါ်ကပုံကတော့ Perrie ပုံတက်တူး cover up မလုပ်ခင်ကရိုက်ထားတဲ့ပုံပါ။

A post shared by Zayn Malik (@zayn) on

အဲ့လိုကိစ္စတွေဖြစ်ခဲ့တာတောင် Zayn တစ်ယောက် အမှတ်မရှိသေးပါဘူး Gigi နဲ့ ချစ်ကြည်နူး တစ်တီတူးတဲ့ကာလတွေမှာ ချစ်သက်သေပြဖို့အတွက် Gigi ရဲ့ ထင်ရှားတဲ့ မျက်လုံးပုံလေးကို သူ့ရင်ဘတ်မှာ ထိုးခဲ့ပါသေးတယ်။ အဲ့ဒီတုန်းကလဲ လူတချို့က Zayn တစ်ယောက်တော့ အမှတ်မရှိသေးပါလားဆိုပြီး ဝေဖန်သံတွေညံခဲ့ဖူးပါတယ်။

A post shared by Zayn Malik (@zayn) on

အသက်၂၅ နှစ်ဆိုတာ မငယ်တော့ဘူးလို့ပြောလို့ရသလို မိုက်မဲတဲ့အပြုအမူတွေလုပ်နေရမယ့်အရွယ် မဟုတ်တော့ဘူးလို့ အက်မင်ကတော့ ယူဆပေမယ့် Zayn ကတော့ သင်ခန်းစာယူရကောင်းမှန်းမသိသေးဘူးထင်ပါရဲ့။ Gigi နဲ့ပြတ်ပြီး ဘာမှမကြာသေးတဲ့အချိန်မှာပဲ တက်တူးအသစ် ၂ခုထပ်ထိုးလိုက်ပြန်ပြီတဲ့လေ။ ဒီတစ်ခါတော့ ဘယ်ရည်းစားပုံမှမထိုးပဲ နှင်းဆီပန်းပွင့်ပုံလေးဖြစ်နေလို့ တော်သေးတယ်လို့ပဲ ပြောရမလိုပါပဲ။ နောက်တစ်ခုကတော့ ဘာပုံဆိုတာကို မသိရသေးပေမယ့် လည်ပင်းမှာထိုးထားတာဆိုတော့ သိပ်မကြာခင်မှာ မြင်ရမယ်လို့ မျှော်လင့်ရပါတယ်။

Zayn ကတော့ Gigi နဲ့ ပြတ်ပြီး သူတို့ကို unfollow လုပ်ထားလိုက်ပေမယ့် Gigi နဲ့ သူ့အမေတို့ကတော့ follow လုပ်ထားနေတုန်းပဲဖြစ်တဲ့အပြင် သူ့ပုံတွေကိုတောင် like လုပ်နေတုန်းပါပဲတဲ့။

ကဲ Zayn တစ်ယောက် Gigi ပုံတက်တူးလေးကို ဘယ်လို Cover up လုပ်လာမလဲဆိုတာ စောင့်ကြည့်လိုက်ကြရအောင်နော်……

Leave a Reply

Your email address will not be published. Required fields are marked *