Author: Aminnyar

K- Pop အဖွဲ့တွေကြားမှာ ထိပ်တန်းဖြစ်လာတဲ့ BLACKPINK ရဲ့ Ddu-Du Ddu- Du

BLACKPINK အဖွဲ့ဆိုတာဟာ အခုနှစ်တွေအတွင်း တောင်ကောင်ကိုရီးယား Girl Band တွေထဲက အရမ်းအောင်မြင်နေခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ပဲ ဆိုတာကို K- Pop ချစ်သူတွေအားလုံးလည်း သိပြီးသားဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီ ၂၀၁၉ နှစ်ဦးပိုင်းမှာတုန်းကလည်း BLACKPINK အဖွဲ့သူတွေဟာ သိပ်မကြာခင်မှာ အမေရိကမြောက်ပိုင်း၊ ဥရောပနဲ့ သြစတေးလျ နိုင်ငံတွေမှာရှိတဲ့ သူတို့ရဲ့ ပရိသတ်တွေရှိရာဆီကိုသွားပြီး ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေ ကျင်းပတော့မှာ ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ အမာခံပရိသတ်တွေဟာ […]

နိုင်ငံတကာမှာ Top ဖြစ်နေတဲ့ Ariana Grande ရဲ့ 7 Rings

ချစ်စရာကောင်းတဲ့ ပိုနီတေးလ် ဆံပင်ပုံစံလေးနဲ့ အမြဲလိုလို တွေ့ရတတ်တဲ့ အဆိုတော်မလေး Ariana Grande ဟာ ၂၀၁၈ ဒီဇင်ဘာလထဲမှာတုန်းက Thank U next ဆိုတဲ့ သီချင်းလေးနဲ့ နိုင်ငံအနှံ့အပြားမှာ ၀က်ဝက်ကွဲ အောင်ပွဲခံခဲ့တာကို သီချင်းချစ်သူတွေအားလုံး သိပြီးသား ဖြစ်မှာပါ။ အခုတော့ Ariana အဲဒီ အောင်မြင်မှုတွေကို ဒီ ၂၀၁၉ နှစ်ဦးပိုင်းအထိ ယူဆောင်လာခဲ့ပြန်ပါပြီ။ ဟုတ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်သာ ရှိသေးတဲ့ […]

နှစ်သစ်မှာ အခွေသစ်ထွက်လာကြတဲ့ Backstreet Boys

AJ McLean, Kevin Richardson, Nick Carter, Brian Littrell နဲ့ Howie Dorough စတဲ့ Backstreet Boys အဖွဲ့သား ၅ ယောက်တို့ဟာ ၂၀၁၉ နှစ်ဦးအစမှာ သူတို့ချစ်တဲ့ ပရိသတ်တွေကို ပျော်ရွှင်စေခဲ့ကြတယ်လို့ သိရပါတယ်။ တခြားကြောင့်တော့ မဟုတ်ပါဘူး။ BSB အဖွဲ့ရယ်လို့ အတိုကောက်ခေါ်ကြတဲ့ Backstreet Boys အဖွဲ့ဟာ ဇန်နဝါရီလ ၂၅ ရက်နေ့တုန်းက သူတို့ချစ်တဲ့ […]

ပဲရစ်မြို့ကို ရောက်တုန်းရောက်ခိုက်မှာ မုဒိမ်းမှုနဲ့ ဖမ်းခံလိုက်ရတဲ့ Chris Brown

With You, Forever အစရှိတဲ့ သီချင်းချိုချိုလေးတွေရဲ့ ပိုင်ရှင်ဖြစ်သူ အဆိုတော် Chris Brown နဲ့ ပတ်သက်နေတဲ့ သတင်းဆိုးတစ်ခုဟာ ဇန်နဝါရီလ ၂၂ ရက်နေ့တုန်းက အင်တာနက်ပေါ်က မီဒီယာတွေရဲ့ စာမျက်နှာထက်မှာ အုံနဲ့ကျင်းနဲ့ဆိုသလို ရောက်ရှိလာခဲ့တာကို တွေ့ရပါတယ်။ NBC သတင်းဋ္ဌာနရဲ့ ကြေငြာချက်အရ Brown ဟာ Paris Fashion Week မှာ Photo Shooting တွေ ရှိနေတဲ့ အတွက်ကြောင့် […]

Taylor Swift နဲ့ Kim Kardashian တို့ရဲ့ ရန်ငြိုးတွေက အဆုံးသတ်တော့မှာလား…?

နာမည်ကျော် အနုပညာရှင်တွေကလည်း လူတွေထဲက လူတွေပဲမို့ ချစ်တတ်၊ မုန်းတတ်ကြတာ အမှန်ပါ။ အဲဒီတော့ မေတ္တာတရားတွေ၊ အငြိုးအတေးတွေဟာလည်း သူတို့တွေရဲ့ ရင်ထဲမှာ ရှိသင့်သလောက်တော့ ရှိကြမှာ အမှန်ပါပဲ။ အမေရိကန်က ထိပ်တန်း အမျိုးသမီးအဆိုတော် တစ်ယောက်ဖြစ်တဲ့ Taylor Swift နဲ့ နာမည်ကျော် မော်ဒယ်လ်/ တီဗီစတား တစ်ယောက်ဖြစ်တဲ့ Kim Kardashian တို့ဟာလည်း အဲဒီလိုပါပဲ။ သူတို့နှစ်ယောက်ရဲ့ ကြားမှာ ဟိုးအရင်တုန်းက ရန်ငြိုးရန်စတွေ ရှိခဲ့ကြဖူးတယ်လို့ […]

နှလုံးသားလှတဲ့ Justin Timberlake

နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ Justin Timberlake ဟာ သီချင်းဆိုကောင်းသလောက် ပရဟိတစိတ်ဓာတ်လည်း ထက်သန်သူ တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အချိန်ရရင် ရသလို ကလေးလေးတွေ ရှိတတ်တဲ့ ကျောင်းလေးတွေ၊ ဆေးရုံတွေကို သွားရောက်လည်ပတ်တတ်ပြီး ကလေးလေးတွေကို အားပေးတတ်လို့ပဲ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ Justin Timberlake ဟာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကလည်း San Antonio မှာရှိတဲ့ Methodist […]

တင်လှုပ်အကတွေကို မူးခါနေအောင် မြင်ရမယ့် Cardi B နဲ့ City Girls တို့ရဲ့ Music Video အသစ်

၂၀၁၈ တစ်နှစ်လုံးမှာ ဂီတ အနုပညာနဲ့ ပတ်သက်တဲ့ အောင်မြင်မှုတွေကို ဆင့်ကဲဆင့်ကဲ ရရှိခဲ့သလောက်… ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ပြဿနာတွေ၊ ရန်ပွဲတွေ၊ အိမ်ထောင်ရေး အရှုပ်အထွေးတွေ များခဲ့ရတဲ့ နာမည်ကျော် အမျိုးသမီး Rapper ကို ပြပါဆိုရင် Cardi B ကိုပဲ လက်ညှိုးထိုးပြီး ပြရမှာ အမှန်ပါ။ ဒါပေမဲ့လည်း လသားအရွယ် သမီးလေးတစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့ ၂၅ နှစ်အရွယ် Cardi ရဲ့ စန်းနဲ့ အောင်မြင်မှုတွေက […]

သူများတွေ အားကျရလောက်အောင် အရမ်းတွေ Ro ပြနေတဲ့ Miley Cyrus

ဟိုတလောကမှ Nothing Breaks Like a Heart ဆိုတဲ့ သီချင်းသစ်လေးရဲ့ Music Video ကို ထွက်ရှိခဲ့တဲ့ နာမည်ကျော် အဆိုတော် Miley Cyrus ဟာ အခုရက်ပိုင်းထဲမှာလည်း သူမရဲ့ ပရိသတ်တွေကို အရမ်းအံ့သြစေနိုင်ခဲ့ပြန်တယ်လို့ သိရပါတယ်။ အဲဒါက တခြားမဟုတ်ပါဘူး။ အခုရက်ပိုင်းအတွင်းမှာ အသက် ၂၉ နှစ်ပြည့်သွားပြီဖြစ်တဲ့ သူမရဲ့ ချစ်သူ Liam Hemsworth အတွက်ရည်ရွယ်ပြီး Miley ဆုတောင်းပေးခဲ့တဲ့ […]

10 Year Challenge နဲ့ Dua Lipa

မြန်မာပြည်ရဲ့ Facebook လောကမှာ အခုရက်ပိုင်း 10 Year Challenge ဆိုပြီး ခေတ်စားနေကြတာကို တွေ့ကြမှာပါ။ အဲဒါဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကပုံနဲ့ အခုလက်ရှိပုံကို အတူယှဉ်တွဲပြီး ကိုယ့်ရဲ့ တိုးတက်မှု ဆုတ်ယုတ်မှု စတဲ့ ပုံရိပ်တွေကို လူမြင်ကွင်းမှာ အရှိအတိုင်း ချပြရတဲ့ စိန်ခေါ်မှု Game တစ်မျိုးလိုပဲပေါ့။ ဒီစိန်ခေါ်မှုရဲ့ အရင်းအမြစ်က ဘယ်ကလဲဆိုတာကို သိပ်ပြီးတော့ မေးစရာ မလိုဘူးလို့ ထင်မိပါတယ်။ ထုံးစံအတိုင်း […]

Social Media တွေပေါ်ကို ပြန်ရောက်လာခဲ့တဲ့ Selena Gomez

ဟောလီးဝုဒ် နာမည်ကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အောင်မြင်ထင်ရှားတဲ့ အဆိုတော် တစ်ယောက်လည်းဖြစ်တဲ့ Selena Gomez ဟာ Social Media စာမျက်နှာတွေပေါ်က ပျောက်ချက်သား ကောင်းနေခဲ့တာ ကြာပါပြီ။ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ကတည်းက စပြီးတော့ပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Gomez ဟာ စိတ်ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံကို နှစ်ခေါက်တောင် တက်လိုက်ရတယ်ဆိုတဲ့ သတင်းတွေဟာ မီဒီယာစာမျက်နှာတွေပေါ်မှာ ပလူပျံလာခဲ့ပါတယ်။ […]