Author: Cthu

၂၀၁၉ မှာ စစ်မှုထမ်းဆောင်ရတော့မယ့် Kpop အဆိုတော်များ

စစ်မှုထမ်းပုံစံ ပြောင်းလဲသွားခဲ့တဲ့ ( အမြင့်ဆုံးအသက် ၃၀နှစ်ကနေ ၂၈နှစ်ထိ ပြောင်းလဲ ) လာမယ့် ၂၀၁၉ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံတော်အတွက် စစ်မှုထမ်းဆောင်ပေးရတော့မယ့် Kpop အမျိုးသား အဆိုတော်တွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်နော်။   Seungri ( BIGBANG)   View this post on Instagram R u guys ready for tomorrow!? #thegreatseungritour #osaka #大阪 […]

Ariana Grande ကို ချစ်သူနဲ့ ပြတ်ချိန်တုန်းက နှစ်သိမ့်ပေးခဲ့ဖူးတယ်ဆိုတဲ့ Miley Cyrus

Ariana Grande ကတော့ ချစ်သူနဲ့ပြတ်စဲသွားချိန်မှာ သူမအတွက် စိတ်ထိခိုက်စရာတွေ များစွာကြုံတွေ့ခဲ့ရပေမယ့်လည်း သူကို ချစ်ခင်ကြသူတွေက နှစ်သိမ့်အားပေးခဲ့ကြလို့ ဝေဒနာဆိုးတစ်ခုကို အေးအေးဆေးဆေး ကျော်လွှားနိုင်ခဲ့ရပါတယ်။ သူမကို ဒီလို နှစ်သိမ့်မှုပေးတဲ့အထဲမှာ သူမရဲ့ BFF တစ်ယောက်လည်းဖြစ်တဲ့ အဆိုတော် Miley Cyrus လည်း အပါအဝင်ပါပဲ။ Miley Cyrus က Ariana Grande အသည်းကွဲနေချိန်မှာ Text Message ပို့ပြီး နှစ်သိမ့်အားပေးခဲ့တယ်လို့ U.S. […]

Youtube မှာ ကြည့်ရှုသူ သန်းတစ်ရာ ပထမဆုံးပြည့်သွားတဲ့ IU ရဲ့ “Palette” MV

ချစ်စရာကောင်းတဲ့ ရုပ်ရည်လေးကိုရော အသံလေးကိုပါ ပိုင်ဆိုင်ထားတဲ့ အဆိုတော်မင်းသမီးချောလေး IU ကတော့ သူမရဲ့ အနုပညာဘဝမှာ ပထမဦးဆုံး Youtube အောင်မြင်မှုတစ်ခုကို ရရှိသွားခဲ့ပါပြီ။ IU ဟာ သူမရဲ့ “Palette” Music Video နဲ့ Youtube မှာ ကြည့်ရှု့သူဦးရေ သန်းတစ်ရာကို ပထမဆုံးအကြိမ်အဖြစ် ပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ရက်နေ့ တောင်ကိုရီးယာစံတော်ချိန် ညနေ ၃နာရီမှာ IU ရဲ့ Palette […]

All About That Bass သီချင်းရဲ့အကကြောင့် ခပ်ကြမ်းကြမ်း ဝေဖန်ခံခဲ့ရဖူးတဲ့ Meghan Trainor

သီချင်းတွေလည်းဆို သီချင်းတွေလည်း ကိုယ်တိုင်ရေးစပ်တတ်သူ ဝဝဖြိုးဖြိုးနဲ့ အမေရိကန်အဆိုတော်မလေး Meghan Trainor ကို ကျွန်တော်တို့တတွေ စတင်ရင်းနှီးလာခဲ့တာက All About That Bass သီချင်းနဲ့ပါ။ ဒီသီချင်းကြောင့် သူမကို တစ်ကမ္ဘာလုံးက သတိထားလာမိခဲ့တာဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် ဒီသီချင်းကြောင့်ပဲ သူမစိတ်ထိခိုက်စရာတွေ ဖြစ်ပေါ်လာခဲ့တာကိုတော့ Meghan Trainor ကလွဲပြီး ဘယ်သူကမှ သိရှိထားမှာ မဟုတ်ပါဘူး။ ၂၀၁၄ခုနှစ်ရဲ့ အအောင်မြင်ဆုံး တေးသီချင်းတွေထဲမှာ တစ်ပုဒ်အပါအဝင်ဖြစ်ခဲ့တဲ့ All […]

ဇန်နဝါရီမှာ Comeback လုပ်မှာ သေချာသွားတဲ့ Apink

Apink အဖွဲ့ကတော့ သူတို့ရဲ့ပရိသတ်တွေ အလိုဆန္ဒပြည့်ဝစေနိုင်မယ့် ကြေညာချက်လေးတစ်ခုကို 2018 Melon Music Awards ဆုပေးပွဲမှာ ပြောဆိုသွားခဲ့ပြီးတဲ့နောက်မှာ ဒီကြေညာချက်ကို Apink ရဲ့ အေဂျင်စီဘက်ကလည်း အတည်ပြုသွားခဲ့ပါတယ်။ ဒီဇင်ဘာ၁ရက်နေ့က ဆိုးလ်မြို့မှာ ကျင်းပသွားခဲ့တဲ့ 2018 Melon Music Awards ဆုပေးပွဲမှာ Top 10 Artists Award ဆုကို လက်ခံရယူပြီးနောက် Apink အဖွဲ့ခေါင်းဆောင် Chorong က “ကျွန်မတို့တွေ […]

2018 MAMA ဆုပေးပွဲမှာ ဆုရရှိကြသူများ

ဒီနှစ် ၂၀၁၈ခုနှစ်ရဲ့ Mnet Asian Music Awards (MAMA) ဆုပေးပွဲအခမ်းအနားကြီးကတော့ ဒီဇင်ဘာ ၁၀ရက်နေ့က ကိုရီးယားနိုင်ငံမှာ စတင်ကျင်းပခဲ့ပါပြီ။ ဒီပွဲကို နာမည်ကျော် ကိုရီးယားအနုပညာရှင်ပေါင်းများစွာ တတ်ရောက်လာခဲ့ကြပြီး Something in the Rain ဇာတ်လမ်းတွဲထဲက မင်းသားချောလေး Jung Hae In က အခမ်းအနားတင်ဆက်သူအဖြစ် တာဝန်ယူဆောင်ရွက်ပေးသွားခဲ့ပါတယ်။ 2018 MAMA တောင်ကိုရီးယားပွဲမှာ Wanna One, fromis_9,(G)I-DLE, GWSN, […]

Golden Disc Awards ဆုပေးပွဲရဲ့ ဇကာတင်စာရင်းထွက်ရှိလာခဲ့

၃၃ကြိမ်မြောက် အဖြစ်နဲ့ ကျင်းပပြုလုပ်သွားတော့မယ့် တောင်ကိုရီးယား တေးဂီလောကရဲ့ အကြီးမားဆုံး တေးဂီဆုပေးပွဲကြီး Golden Disc Awards မှ အဓိကဆုတံဆိပ်သုံးခုရဲ့ ဇကာတင်စာရင်းကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ ၃၃ကြိမ်မြောက် Golden Disc Awards ဆုပေးပွဲကိုတော့ လာမယ့် ၂၀၁၉ခုနှစ် ဇန်နဝါရီ ၅ရက်နေ့နဲ့ ၆ရက်နေ့ နှစ်ရက်ဆက်တိုက် မတူညီတဲ့ MC များနဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီဆုပေးပွဲကို ၁၉၈၆ခုနှစ်ကနေ စတင်ပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ဒီနှစ် […]

ကြီးကြီးမားမား အောင်မြင်မှုကြီးတစ်ခု ထပ်မံရရှိဖို့ နီးစပ်နေတဲ့ BTS

ဒီနှစ် ၂၀၁၈ခုနှစ်ကတော့ BTS အဖွဲ့ရဲ့ ရွှေထီးဆောင်းခဲ့တဲ့ နှစ်တစ်နှစ်လို့ ပြောရမလိုပါပဲ။ ထွက်သမျှ Music Video တိုင်းကလည်း Youtube ပေါ်မှာ စံချိန်တွေ တစ်ခုပြီးတစ်ခု တင်နိုင်ခဲ့သလို အနောက်တိုင်းနိုင်ငံတွေမှာ ကျင်းပတဲ့ ဂီတဆုပေးပွဲတွေမှာပါ ဆုတံဆိပ်တွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အခုလည်း ကမ္ဘာကျော် မဂ္ဂဇင်းကြီးတစ်ခုဖြစ်တဲ့ TIME ကနေ နှစ်စဉ်နှစ်တိုင်း ပေးအပ်လေ့ရှိတဲ့ တစ်နှစ်တာရဲ့ အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်ဆုကိုပါ BTS ကပဲ ရယူသွားနိုင်ဖို့ လက်တစ်ကမ်းအလိုကို […]

နောက်လမှာ စစ်မှုထမ်းတော့ရမယ့် BTOB အဖွဲ့သားလေး Changsub

လာမယ့် ၂၀၁၉ခုနှစ် နှစ်ဦးပိုင်းအစမှာပဲ တိုင်းပြည်တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် စစ်မှုထမ်းရတော့မယ့် ကေပေါ့လ်အဆိုတော်တစ်ယောက် ပေါ်ထွက်လာခဲ့ပါပြီ။ သူကတော့ အမျိုးသမီးလေးတွေ အားပေးနှစ်သက်မှုကို တခဲနက်ရထားတဲ့ BTOB အဖွဲ့ရဲ့ အဖွဲ့သား Changsub ပဲဖြစ်ပါတယ်။ Changsub က နောက်လမှာပဲ သူရဲ့စစ်မှုထမ်းတာဝန်တွေကို စတင်ထမ်းဆောင်သွားရတော့မှာပါ။ BTOB အဖွဲ့သားလေး Changsub အနေနဲ့ လာမယ့် ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁၄ရက်နေ့မှာ စတင်ပြီး စစ်မှုထမ်းရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုတော်လေး Changsub […]

အမိုက်စားကကွက်တွေနဲ့ Minzy ရဲ့ ပထမဆုံး English Single သီချင်းထွက်ရှိ

တောင်ကိုရီးယား တေးဂီတနယ်ပယ်ထဲမှာတင်မကပဲနဲ့ ကမ္ဘာပေါ်က တေးဂီတချစ်သူတွေကြားမှာရော စိတ်ပျက်ဝမ်းနည်းစရာ ဖြစ်စေခဲ့ရတာကတော့ နာမည်ကြီး Kpop အဖွဲ့ကြီး 2NE1 ရဲ့ အဖွဲ့ဖျက်သိမ်းသွားတဲ့ သတင်းဆိုးပါပဲ။ ဒီလို အဖွဲ့ဖျက်သိမ်းသွားပြီးနောက်မှာ မန်ဘာလေးယောက်က တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုတွေကို ကိုယ်စီလုပ်ကိုင်လျက်ရှိပြီးတော့ အခုလည်း အဖွဲ့ဝင်ဟောင်း Minzy က သူမရဲ့ ပထမဦးဆုံးသော English Single သီချင်း “All of You Say” ကို ဖြန့်ချိလိုက်ပါပြီ။ Minzy […]