Category: Music News

K- Pop အဖွဲ့တွေကြားမှာ ထိပ်တန်းဖြစ်လာတဲ့ BLACKPINK ရဲ့ Ddu-Du Ddu- Du

BLACKPINK အဖွဲ့ဆိုတာဟာ အခုနှစ်တွေအတွင်း တောင်ကောင်ကိုရီးယား Girl Band တွေထဲက အရမ်းအောင်မြင်နေခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ပဲ ဆိုတာကို K- Pop ချစ်သူတွေအားလုံးလည်း သိပြီးသားဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီ ၂၀၁၉ နှစ်ဦးပိုင်းမှာတုန်းကလည်း BLACKPINK အဖွဲ့သူတွေဟာ သိပ်မကြာခင်မှာ အမေရိကမြောက်ပိုင်း၊ ဥရောပနဲ့ သြစတေးလျ နိုင်ငံတွေမှာရှိတဲ့ သူတို့ရဲ့ ပရိသတ်တွေရှိရာဆီကိုသွားပြီး ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေ ကျင်းပတော့မှာ ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ အမာခံပရိသတ်တွေဟာ […]

နိုင်ငံတကာမှာ Top ဖြစ်နေတဲ့ Ariana Grande ရဲ့ 7 Rings

ချစ်စရာကောင်းတဲ့ ပိုနီတေးလ် ဆံပင်ပုံစံလေးနဲ့ အမြဲလိုလို တွေ့ရတတ်တဲ့ အဆိုတော်မလေး Ariana Grande ဟာ ၂၀၁၈ ဒီဇင်ဘာလထဲမှာတုန်းက Thank U next ဆိုတဲ့ သီချင်းလေးနဲ့ နိုင်ငံအနှံ့အပြားမှာ ၀က်ဝက်ကွဲ အောင်ပွဲခံခဲ့တာကို သီချင်းချစ်သူတွေအားလုံး သိပြီးသား ဖြစ်မှာပါ။ အခုတော့ Ariana အဲဒီ အောင်မြင်မှုတွေကို ဒီ ၂၀၁၉ နှစ်ဦးပိုင်းအထိ ယူဆောင်လာခဲ့ပြန်ပါပြီ။ ဟုတ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်သာ ရှိသေးတဲ့ […]

လီဆိုရာ ရဲ့ သီချင်းအသစ် Song Request

အခုခေတ် K-popper တွေကို လီဆိုရာကိုသိလားလို့ မေးကြည့်ရင်တော့ သိတဲ့သူကတော်တော်မှ တော်တော်လေး ရှားပါတယ်။ လီဆိုရာ ကတော့ ballad, jazz သီချင်းအမျိုးအစားတွေကိုပဲ ဆိုလေ့ရှိတဲ့ အဆိုတော်ကြီးတစ်ယောက်ပါ။   View this post on Instagram 2019 첫 작업. First work of the year. — ‪신청곡 (Song Request) ft. Suga‬ […]

နှစ်သစ်မှာ အခွေသစ်ထွက်လာကြတဲ့ Backstreet Boys

AJ McLean, Kevin Richardson, Nick Carter, Brian Littrell နဲ့ Howie Dorough စတဲ့ Backstreet Boys အဖွဲ့သား ၅ ယောက်တို့ဟာ ၂၀၁၉ နှစ်ဦးအစမှာ သူတို့ချစ်တဲ့ ပရိသတ်တွေကို ပျော်ရွှင်စေခဲ့ကြတယ်လို့ သိရပါတယ်။ တခြားကြောင့်တော့ မဟုတ်ပါဘူး။ BSB အဖွဲ့ရယ်လို့ အတိုကောက်ခေါ်ကြတဲ့ Backstreet Boys အဖွဲ့ဟာ ဇန်နဝါရီလ ၂၅ ရက်နေ့တုန်းက သူတို့ချစ်တဲ့ […]

တင်လှုပ်အကတွေကို မူးခါနေအောင် မြင်ရမယ့် Cardi B နဲ့ City Girls တို့ရဲ့ Music Video အသစ်

၂၀၁၈ တစ်နှစ်လုံးမှာ ဂီတ အနုပညာနဲ့ ပတ်သက်တဲ့ အောင်မြင်မှုတွေကို ဆင့်ကဲဆင့်ကဲ ရရှိခဲ့သလောက်… ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ပြဿနာတွေ၊ ရန်ပွဲတွေ၊ အိမ်ထောင်ရေး အရှုပ်အထွေးတွေ များခဲ့ရတဲ့ နာမည်ကျော် အမျိုးသမီး Rapper ကို ပြပါဆိုရင် Cardi B ကိုပဲ လက်ညှိုးထိုးပြီး ပြရမှာ အမှန်ပါ။ ဒါပေမဲ့လည်း လသားအရွယ် သမီးလေးတစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့ ၂၅ နှစ်အရွယ် Cardi ရဲ့ စန်းနဲ့ အောင်မြင်မှုတွေက […]

နှစ်သစ်မှာ သီချင်းအသစ်နဲ့ ပရိသတ်တွေဆီ ပြန်လာတဲ့ Westlife

ဟိုးအရင်တုန်းက အဖွဲ့သား ၅ ယောက်နဲ့ စတင်ခဲ့ပေမယ့် အခုလက်ရှိမှာတော့ အဖွဲ့သား ၄ ယောက်ပဲ ကျန်ရှိတော့တဲ့ အိုင်ယာလန်နိုင်ငံက ကိုလူချော ၄ ယောက်တို့ရဲ့ Westlife အဖွဲ့ဆီက သီချင်းသစ်တွေ ထွက်မလာတော့တာဟာ ၈ နှစ်လောက် ရှိခဲ့ပါပြီ။ ဟုတ်ပါတယ်။ ၂၀၁၁ မှာ ထွက်ရှိခဲ့တဲ့ The Greatest Hits နာမည်နဲ့ Album ဟာ သူတို့အဖွဲ့ နောက်ဆုံးထွက်ခဲ့တဲ့ Album မို့ပဲ […]

The Weeknd နဲ့ Gesaffelstein တို့ ပူးပေါင်းဖန်တီးလိုက်တဲ့ သီချင်းသစ်လေးတစ်ပုဒ်

ဟောလီးဝုဒ်က Mega Star တစ်ယောက်ဖြစ်တဲ့ အဆိုတော်/ သရုပ်ဆောင်မလေး Selena Gomez ရဲ့ ချစ်သူဟောင်း တစ်ယောက်ဖြစ်ခဲ့ဖူးသလို၊ လောလောဆယ်မှာတော့ နာမည်ကျော် မော်ဒယ်လ် Bella Hadid နဲ့ တွဲနေဆဲဖြစ်တဲ့ အဆိုတော် The Weeknd ကတော့ နှစ်သစ်မှာ ဦးဦးဖျားဖျား ဆိုသလိုပါပဲ။ သူကိုယ်တိုင် သီဆိုပြီး သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ Music Video အသစ်လေးတစ်ပုဒ်ကို ပရိသတ်တွေဆီရောက်အောင် ပို့လွှတ်ပေးလိုက်ပါပြီ။ အဲဒီ […]

ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေ ကျင်းပတော့မယ့် BLACKPINK

တောင်ကိုရီးယားက နာမည်ကျော် မိန်းကလေး K – Pop အဖွဲ့တွေထဲမှာ ထိပ်ဆုံးရောက်နေဆဲဖြစ်တဲ့ BLACKPINK အဖွဲ့ဟာ ကမ္ဘာတစ်ဝှမ်းက သူတို့ရဲ့ ပရိသတ်တွေအတွက် နှစ်သစ်မှာ သတင်းကောင်းတွေ ယူလာခဲ့ပါပြီ။ အဲဒါက တခြားတော့ မဟုတ်ပါဘူး။ သိပ်မကြာခင် ကာလအတွင်းမှာ သူတို့တွေဟာ ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေကျင်းပရင်း သူတို့ရဲ့ ပရိသတ်တွေ ရှိရာဆီကို အရောက်လာကြတော့မယ်ဆိုတဲ့ သတင်းလေးပဲ ဖြစ်ပါတယ်။ BLACKPINK အဖွဲ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စီမံခန့်ခွဲပေးနေတဲ့ YG […]

2019 – iHeartRadio Music ဆုပေးပွဲအတွက် ဇကာတင်စာရင်းများ ထွက်ရှိလာ

iHeartRadio Music ဆုပေးပွဲကြီးဟာ အခုနှစ်တွေ အတောအတွင်း သီချင်းချစ်သူတွေနဲ့ အဆိုတော်တွေကြားမှာ တော်တော်လေးကို အရေးပါလာပြီး ကျယ်ကျယ်ပြန့်ပြန့် အားပေးခံလာရပြီဖြစ်တဲ့ ဂီတဆိုင်ရာ ပွဲကြီးတစ်ပွဲ ဖြစ်လာခဲ့ပါပြီ။ ပြီးတော့ ဒီပွဲကြီးက ချီးမြှင့်တဲ့ ဆုတွေဟာလည်း ဂီတပညာရှင်တွေအတွက် လိုချင်မက်မောစရာ၊ တောင်းတချင်စရာ ဖြစ်လာရပြီ ဖြစ်သလို၊ သူတို့ရဲ့ အနုပညာ လမ်းခရီးတစ်လျှောက်မှာ မှတ်တိုင်တစ်ခုအဖြစ်လည်း အရေးပါလာခဲ့ရပါပြီ။ iHeartRadio ဟာ ၂၀၀၈ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ iHeartMedia ရဲ့ […]

Billboard မှာ နံပါတ် ၁ ချိတ်ခဲ့တဲ့ Halsey ရဲ့ Without Me

အမေရိကန်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Halsey ကဆိုရင် သူ့ရဲ့ အသံလေးနဲ့ ပရိသတ်တွေကို ဖမ်းစားလေ့ရှိပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့နောက်ဆုံးထွက်သီချင်းဖြစ်တဲ့ without me က Billboard မှာ နံပါတ် တစ်နေရာကို ချိတ်ခဲ့ပါတယ်။   View this post on Instagram TOP 1️⃣0️⃣ A post shared by Billboard (@billboard) on Jan 7, 2019 […]