ကမ္ဘာ့လှည့် ဂီတဖျော်ဖြေ တင်ဆက်မှုအားကောင်းတဲ့ Pink ရဲ့ Music Video အသစ်ပေါ်ထွက်လာခဲ့

International Pop Star တစ်ယောက်ဖြစ်တဲ့ Pink ဟာ သူမရဲ့ စတူဒီယိုနောက်ကွယ်က လှုပ်ရှားမှုတွေ၊ ကမ္ဘာ လှည့်ဖျော်ဖြေပွဲတွေ ၊ Beautiful Trauma ခွေအတွက် ပရိုမိုးရှင်းလုပ်ခဲ့တဲ့ ဖြေဖျော်မှုပုံရိပ်တွေ၊ ခင်ပွန်းသည် Carey Hart နဲ့အတူ တနှစ်တာကုန်ဆုံးခဲ့တဲ့ ရိုက်ကူးသရုပ်ဖော်ထားတဲ့ Whatever You Want ဆိုတဲ့ Music Video တစ်ခုထွက်ရှိလာပါတယ်။

A post shared by P!NK (@pink) on

Billboard 200 chart နဲ့ Digital Albums Chart တွေရဲ့ ရောင်းအားအကောင်းဆုံးနေရာတွေမှာ Beautiful Trauma Album ကနံပါတ်တစ်နေရာရပ်တည်နေတာပါ။

North Ameica မှာကျင်းပတဲ့ သူမရဲ့ 48 date Live Show ကတော့ သူမ ဖျော်ဖြေလာတဲ့ သက်တမ်းငါးနှစ်တွင်းမှာ ရောင်းအားအကောင်းဆုံးရှိုးပွဲတစ်ပွဲဆိုလည်းမမှားပါဘူး။

မတ်လ ၁ရက်နေ့ Phoenix, AZ မြို့တို့မှာ စတင်ခဲ့တဲ့ Talking Stick Resort Arena ဖျော်ဖြေမှုပွဲ တွေပြုလုပ်လာခဲ့တာမှာ မတ်၊ ဧပြီ၊ မေလ တစ်လျှောက်လုံးဖြေဖျော်မှုတွေ မရပ်မနားပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဇွန်လ၂ရက်နေ့ Los Angeles, CA မှာ ပြုလုပ်သွားတဲ့ The Forum Musci show မှာ Pink ရဲ့ဖျော်ဖြေမှုကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

’ What About US ‘ Pink ရဲ့ Music Video က Best Pop Solo Performance အြဖစ် ဂရမ်မီဆုမှတ်တမ်း၀င်ခဲ့ပါသေးတယ်။
Adult Pop songs chart မှာ နံပါတ် ၁ နေရာတွေကိုလည်း ပိုင်ဆိုင်ထားခဲ့ပြန်ပါတယ်။

Pink ဟာ သူမရဲ့ ၁၆ နှစ်တာကာလတစ်လျှောက် ခွေပေါင်း မီလီယံ ၄၀ ကျော်ဖြန့်ချိထားတဲ့ထဲမှာ သူမထွက်သမျှခွေတိုင်းက ရောင်းအားကျမနေခဲ့ပါဘူး။ ခွေပေါင်း မီလီယံ ၄၀ကျော် ရောင်းထားရတာမို့သူမထွက်ထားသမျှခွေတိုင်းရဲ့ ရောင်းအားဟာ တော်တော်ကောင်းတာကို တွေ့ရမှာပါ

၂၀၀၀ ခုနှစ်တည်းက စတင်ပြီး တေးအယ်လ်ဘမ် ခုနှစ်မျိုး ဖြန့်ချိခဲ့ပါတယ်။
သူမက MTV Video Music Awards, MTV Europe Awards, People’s Choice Awards, Billboard Music Awards, Grammy Awards, Daytime Emmy Award, People’s Choice Awards တွေအြပင် တခြားဆွတ်ခူးခဲ့တဲ့ဆုပေါင်းများစွာလည်း ရှိပါသေးတယ်။ တေးအယ်လ်ဘမ်အသီးသီးဖြန့်ချိထုတ်ေခဲ့တဲ့သူမတစ်ယောက် ၂၀၁၃ ခုနှစ်ရဲ့  Billboard အမျိုးသမီး တနှစ်တာ ဆုကိုပေးအပ်ခံရပြန်ပါတယ်။ လက်မှတ်ရောင်းကုန်လောက်အောင် ကမ္ဘာ့ဖျော်ဖြေမှုအသီးသီးမှာ အံ့မခန်းဖျော်ဖြေမှုတွေပြုလုပ်ခဲ့တဲ့ သူမအဖို့ ပွဲတစ်ပွဲလုပ်ရင် လက်မှတ်ရောင်းကုန်တဲ့အထိအောင် တင်ဆက်မှုအားကောင်းတဲ့ အမျိုးသမီး ဂီတအနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

Ref: music-asia/fuse.tv

Leave a Reply

Your email address will not be published. Required fields are marked *