Tag: Band

Ben Affleck နဲ့ Jennifer Garner တို့ရဲ့ ဇိမ်ခံအိမ်ကြီးကို ပြန်ဝယ်လိုက်တဲ့ Adam Levine

ကမ္ဘာကျော် Band တစ်ခုဖြစ်တဲ့ Maroon 5 အဖွဲ့က အဆိုတော် Adam Levine နဲ့ သူ့ဇနီးသည်ဖြစ်တဲ့ Victoria’s Secret မော်ဒယ် Behati Prinsloo တို့စုံတွဲဟာ ၂၀၁၉ နှစ်ဦးမှာ အိမ်သစ်တစ်လုံးကို ဝယ်လိုက်ပြီလို့ သိရပါတယ်။ သူတို့ ဝယ်လိုက်တဲ့အိမ်က နာမည်ကျော် ဟောလီးဝုဒ်စုံတွဲ တစ်တွဲဖြစ်တဲ့ Batman မင်းသား Ben Affleck နဲ့ မင်းသမီး Jennifer Garner […]

Hit ဖြစ်နေတဲ့ LSD အဖွဲ့ရဲ့ Thunderclouds

ဒီလပိုင်းထဲမှာ တခြားနိုင်ငံတွေမှာရော မြန်မာပြည်က သီချင်းချစ်သူတွေကြားမှာပါ Hit ဖြစ်နေတဲ့ သီချင်းလေးတစ်ပုဒ်အကြောင်းကို ပြောပြချင်ပါတယ်။ အဲဒီ သီချင်းလေးရဲ့ နာမည်ကတော့ Thunderclouds ပါ။ သီချင်းလေးကို ဆိုထားတဲ့ အဖွဲ့ကတော့ LSD အဖွဲ့ပဲ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီအဖွဲ့ထဲက အဖွဲ့ဝင်တွေကို သီချင်းသစ်သူတွေအနေနဲ့ ရင်းနှီးပြီးသားလို့ ထင်မိပါတယ်။ ဟုတ်ပါတယ်။ အဖွဲ့နာမည်ထဲက L ကို ကိုယ်စားပြုတဲ့ လူကတော့ အင်္ဂလန်နိုင်ငံက ၂၉ နှစ်အရွယ် အဆိုတော် […]

သီချင်းသစ်တစ်ပုဒ်ကို ပူးပေါင်းဖန်တီးနေကြတယ်ဆိုတဲ့ LSD အဖွဲ့

တကယ်တော့ LSD အဖွဲ့ဆိုတာ သီချင်းချစ်သူတွေနဲ့ သိပ်မစိမ်းတဲ့ အနုပညာရှင် ၃ ယောက်ပါဝင်တဲ့ အဖွဲ့သစ်တစ်ဖွဲ့ရဲ့ နာမည်ပဲ ဖြစ်ပါတယ်။ အဖွဲ့ထဲက S ဆိုတဲ့ စာလုံးကို ကိုယ်စားပြုသူကတော့ မျက်နှာတစ်ဝက်ဖုံးလုမတတ် ဆံပင်တုကြီးနဲ့ ဖဲပြားအကြီးကြီးတွေကို ခေါင်းပေါ်မှာ အမြဲဝတ်ဆင်ပြီး သီချင်းတွေ အမြဲဆိုတတ်တဲ့ ၄၂ နှစ်အရွယ် သြစတေးလျသူ အဆိုတော်မမ Sia ပဲ ဖြစ်ပါတယ်။ D ကတော့ အမေရိကားက အကျော်အမော် DJ […]

Tove Lo နဲ့ Major Lazer အဖွဲ့တို့ ပူးပေါင်းဖန်တီးထားတဲ့ Blow That Smoke သီချင်းရဲ့ MV

အသက် ၃၁ နှစ်အရွယ် ဆွီဒင်နိုင်ငံသူ အဆိုတော် မမ Tove Lo နဲ့ Major Lazer အဖွဲ့တို့ ပူးပေါင်းဖန်တီးထားတဲ့ သီချင်းလေးတစ်ပုဒ်ရဲ့ Music Video အသစ်တစ်ပုဒ်ဟာ အောက်တိုဘာလ နောက်ဆုံးအပတ်ထဲမှာ You Tube ပေါ်ကို ရောက်လာခဲ့တာ တွေ့ရပါတယ်။ သီချင်းလေးရဲ့ နာမည်ကတော့ Blow That Smoke ပဲ ဖြစ်ပါတယ်။ သီချင်းရဲ့ အမျိုးအစားကတော့ Electropop ဆန်တဲ့ […]

Album အသစ် ထွက်ရှိလာပြီဖြစ်တဲ့ The Black Eyed Peas

ဒီ ၂၀၁၈ ခုနှစ်ဟာ သီချင်းချစ်သူတွေအတွက် တကယ့်နှစ်လို့ ပြောမယ်ဆိုရင် ရနိုင်လိမ့်မယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Album အသစ်တွေ၊ သီချင်းအသစ်တွေ မထွက်တာ အရမ်းကြာနေပြီဖြစ်တဲ့ အဆိုတော်တချို့က ဒီနှစ်ထဲမှာ သီချင်းသစ်လေးတွေ၊ Album အသစ်လေးတွေကို ထွက်ရှိလာကြလို့ပဲ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင်တော့ Avril Lavigne, Janet Jackson စတဲ့ အဆိုတော်တွေပါပဲ။ ထားပါတော့။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့တုန်းကလည်း […]

IDOL နဲ့ စံချိန်သစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ပြန်တဲ့ BTS

BTS ရဲ့ အောင်မြင်မှုတွေကတော့ ဘယ် Kpop အဖွဲ့ကမှ လိုက်လို့မမှီနိုင်တော့သလို သူတို့အဖွဲ့ထက် စီနီယာကျတဲ့ ဘယ်အဖွဲ့ကမှလည်း သူတို့လောက် မအောင်မြင် မကျော်ကြားနိုင်ခဲ့ပါဘူး။ အခုလည်း သူတို့အဖွဲ့ရဲ့ နောက်ဆုံးထွက် “IDOL” Music Video ဟာ ကြည့်ရှုသူဦးရေ သန်းငါးဆယ် ပြည့်မြောက်သွားခဲ့ပြီး နောက်ထပ် အသစ်အသစ်သော စံချိန်မှတ်တမ်းတစ်ခုကိုပါ စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။

Twenty One Pilots အဖွဲ့ရဲ့ အခွေအသစ်က သီချင်းနာမည်များ ထွက်ရှိလာ

ပင်တိုင်အဆိုတော် Tyler Joseph နဲ့ ဒရမ်မာ Josh Dun တို့နှစ်ယောက် အဓိကပါ၀င်တဲ့ Twenty One Pilots အဖွဲ့ဟာ ၂၀၀၉ ခုနှစ်လောက်ကတည်းက စတင် ပေါ်ပေါက်လာခဲ့တာပါ။ သူတို့အဖွဲ့ဟာ Twenty One Pilots နာမည်နဲ့ပဲဖြစ်တဲ့ ပွဲဦးထွက်အခွေကို ၂၀၀၉ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာ သူတို့အဖွဲ့ဟာ အခွေတွေ တစ်ခွေပြီးတစ်ခွေ ထုတ်ခဲ့ကြပြီး၊ အခုတော့ သူတို့အဖွဲ့ရဲ့ ၅ […]

Las Vegas မှာ ရှိုးပွဲတွေ ကျင်းပနေဆဲဖြစ်တဲ့ Backstreet Boys အဖွဲ့

အမေရိကန်နိုင်ငံက Orlando, Florida မှာ ၁၉၉၃ ခုနှစ်လောက်ကတည်းက စတင် သန္ဓေတည်ခဲ့တယ်…ဆိုတဲ့ Backstreet Boys အဖွဲ့ဟာ ၁၉၉၆ ခုနှစ်နောက်ပိုင်းကျတော့မှ သူတို့အဖွဲ့ရဲ့ ပထမဦးဆုံး Album ဖြစ်တဲ့ Backstreet Boys နာမည်နဲ့အခွေကို ထွက်ရှိနိုင်ခဲ့တာပါ။ သူတို့အဖွဲ့ဟာ အဲဒီ အခွေလေးကနေစပြီး တစ်ဟုန်ထိုး အောင်မြင်လာခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ View this post on Instagram Meet you […]

မူရင်းအဆိုတော်တွေထက်တောင် အဆိုကောင်းကြတဲ့ Walk off the Earth

http://vivaglammagazine.com/sarah-blackwood-of-walk-off-the-earth-tells-us-all-about-sing-it-all-away/

တချို့သီချင်းတွေကို မူရင်းအဆိုတော်ဆိုတဲ့ ပုံစံထက်ပိုကောင်းအောင်ဆိုထားတဲ့ music video တွေကို ကြည့်ဖူးကြတယ်မလား? အဲ့လိုမျိုးဆိုတာကို cover ဆိုတယ်လို့ ပြောကြပြီး အများအားဖြင့် အဆိုပိုင်းမှာဝါသနာပါပြီး နာမည်သိပ်မကြီးသေးသူတွေက သူတို့ဆိုထားတဲ့ cover song တွေကို youtube, facebook စတဲ့ social media တွေမှာတင်တတ်ကြပါတယ်။ အခုတစ်ခါမှာတော့ အဲ့လိုမျိုးရွက်ပုန်းသီးလေးတွေအများကြီးရှိတဲ့အထဲကမှ အက်မင်စွန်းခိုက်တဲ့ Walk off the Earth ဆိုတဲ့ အဖွဲ့လေးနဲ့ အားလုံးကို မိတ်ဆက်ပေးချင်ပါတယ်။ […]