Tag: electro pop

Miley Cyrus နဲ့ Mark Ronson တို့ ပူးပေါင်းဖန်တီးလိုက်တဲ့ သီချင်းသစ်

အကျော်အမော် အဆိုတော် Miley Cyrus ဟာ ကယ်လီဖိုးနီးယားမှာရှိတဲ့ သူမရဲ့အဖိုးတန်အိမ်ကလေးကို ဟိုတလောတုန်းကလောင်တဲ့ တောမီးတွေထဲမှာ ဆုံးရှုံးခဲ့ရသူပါ။ ဒါပေမဲ့ Miley ဟာ သူမရဲ့ ချစ်ဦးသူဖြစ်တဲ့ Liam Hemsworth နဲ့အတူ အဲဒီ တောမီးလောင်တာတွေကို ငြိမ်းသတ်နိုင်ဖို့အတွက် ကယ်လီဖိုးနီးယားက အစိုးရအဖွဲ့ကို $ 500,000 လှူခဲ့သေးတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ပရိသတ်တွေဟာ Miley ရဲ့ အိမ်ကလေးအတွက် စိတ်မကောင်း ဖြစ်ကြရပေမယ့်၊ သူမရဲ့ […]

MV အသစ် ထွက်ရှိလာပြန်တဲ့ The Chainsmokers

The Chainsmokers အဖွဲ့သားနှစ်ယောက်ဖြစ်ကြတဲ့ Alex Pall နဲ့ Andrew Taggart တို့နှစ်ယောက်ဟာ ဒီလတွေထဲမှာ ဂီတအနုပညာနဲ့ ပတ်သက်နေတဲ့ ခြေလှမ်းတွေ အရမ်းစိပ်နေခဲ့ကြတယ်လို့ ပြောမယ်ဆိုရင် ရနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။ တခြားကြောင့်တော့ မဟုတ်ရပါဘူး။ သူတို့အဖွဲ့ဟာ ပြီးခဲ့တဲ့ အပတ်ထဲမှာတုန်းက This Feeling ဆိုတဲ့ သီချင်းလေးရဲ့ Music Video အသစ်လေးတစ်ပုဒ်ကို ထွက်ရှိခဲ့ကြသေးတာမို့ပါ။ အမေရိကန်က Country အဆိုတော်မလေး တစ်ယောက်ဖြစ်တဲ့ အသက် […]

ဆိုင်ကယ်ပြိုင်ပွဲတစ်ခု ကြည့်နေရသလို ရင်ဖိုရမယ့် The Chainsmokers ရဲ့ Music Video

Alex Pall နဲ့ Andrew Taggart တို့နှစ်ယောက်ဟာ The Chainsmokers ဆိုတဲ့နာမည်နဲ့ ၂၀၁၄ ခုနှစ်ကတည်းကနေ စပြီး EDM – Pop နဲ့ Electropop ဆန်တဲ့ Music တွေကိုသာ တစိုက်မတ်မတ် ဖန်တီးရင်း သူတို့လမ်းကြောင်းပေါ်မှာ အောင်မြင်လာခဲ့ကြတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အမေရိကား နာမည်ကျော် အဆိုတော်မလေး Daya နဲ့အတူတွဲပြီး […]

သီချင်းသစ်တစ်ပုဒ်ကို ပူးပေါင်းဖန်တီးနေကြတယ်ဆိုတဲ့ LSD အဖွဲ့

တကယ်တော့ LSD အဖွဲ့ဆိုတာ သီချင်းချစ်သူတွေနဲ့ သိပ်မစိမ်းတဲ့ အနုပညာရှင် ၃ ယောက်ပါဝင်တဲ့ အဖွဲ့သစ်တစ်ဖွဲ့ရဲ့ နာမည်ပဲ ဖြစ်ပါတယ်။ အဖွဲ့ထဲက S ဆိုတဲ့ စာလုံးကို ကိုယ်စားပြုသူကတော့ မျက်နှာတစ်ဝက်ဖုံးလုမတတ် ဆံပင်တုကြီးနဲ့ ဖဲပြားအကြီးကြီးတွေကို ခေါင်းပေါ်မှာ အမြဲဝတ်ဆင်ပြီး သီချင်းတွေ အမြဲဆိုတတ်တဲ့ ၄၂ နှစ်အရွယ် သြစတေးလျသူ အဆိုတော်မမ Sia ပဲ ဖြစ်ပါတယ်။ D ကတော့ အမေရိကားက အကျော်အမော် DJ […]

Tove Lo နဲ့ Major Lazer အဖွဲ့တို့ ပူးပေါင်းဖန်တီးထားတဲ့ Blow That Smoke သီချင်းရဲ့ MV

အသက် ၃၁ နှစ်အရွယ် ဆွီဒင်နိုင်ငံသူ အဆိုတော် မမ Tove Lo နဲ့ Major Lazer အဖွဲ့တို့ ပူးပေါင်းဖန်တီးထားတဲ့ သီချင်းလေးတစ်ပုဒ်ရဲ့ Music Video အသစ်တစ်ပုဒ်ဟာ အောက်တိုဘာလ နောက်ဆုံးအပတ်ထဲမှာ You Tube ပေါ်ကို ရောက်လာခဲ့တာ တွေ့ရပါတယ်။ သီချင်းလေးရဲ့ နာမည်ကတော့ Blow That Smoke ပဲ ဖြစ်ပါတယ်။ သီချင်းရဲ့ အမျိုးအစားကတော့ Electropop ဆန်တဲ့ […]

သီချင်းသစ် ထွက်ရှိလာပြီဖြစ်တဲ့ Ellie Goulding

အင်္ဂလန်နိုင်ငံသူ တစ်ယောက်ဖြစ်တဲ့ အဆိုတော် Ellie Goulding ဟာ စက်တင်ဘာလ နောက်ဆုံးအပတ်တုန်းက သူမရဲ့ Twitter စာမျက်နှာပေါ်မှာ ပရိသတ်တွေဆီက တောင်းဆိုမှုတချို့ကို လက်ခံရရှိခဲ့ဖူးပါတယ်။ အဲဒါက တခြားတော့ မဟုတ်ပါဘူး။ Album အသစ်ထွက်ဖို့ အစီအစဉ်ရှိရင် မျက်စိလေး မှိတ်ပြပါဆိုတဲ့ တောင်းဆိုချက်ပဲ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Ellie ဟာ အဲဒီတုန်းက မျက်စိတစ်ဖက်မှိတ်ပြနေတဲ့ Emoji လေး နှစ်ခုနဲ့ ပရိသတ်ရဲ့ […]

ငယ်ဘဝတွေကို သတိရစေနိုင်မယ့် Charli XCX နဲ့ Troye Sivan တို့ရဲ့ Music Video အသစ်

အင်္ဂလန်နိုင်ငံက အဆိုတော်မလေး တစ်ယောက်ဖြစ်တဲ့ Charli XCX နဲ့ တောင်အာဖရိက နိုင်ငံဇာတိဖြစ်တဲ့ အဆိုတော် Troye Sivan တို့ဟာ အောက်တိုဘာလ ၅ ရက်နေ့တုန်းက 1999 ဆိုတဲ့ သီချင်းလေးကို Audio သက်သက်အဖြစ်နဲ့ ထွက်ရှိခဲ့ကြပါတယ်။ အဲဒီသီချင်းလေးဟာ Charli နဲ့ Troye တို့ အနုပညာ မောင်နှမနှစ်ယောက်ရဲ့ ပထမဦးဆုံးသော စုံတွဲသီချင်းလေးလည်း ဖြစ်ပါတယ်။ သီချင်းလေးက electropop ဆန်လို့ ခပ်မြူးမြူးလေး […]

1999 ဆိုတဲ့ Charli XCX နဲ့ Troye Sivan တို့ရဲ့ စုံတွဲသီချင်းအသစ်

ဂီတအနုပညာဆိုတာ သိပ်ကိုနက်နဲပြီး ဆန်းကြယ်လှပလွန်းပါတယ်။ ပြီးတော့ အနေဝေးနေခဲ့ သူတွေကိုလည်း နီးစပ်သွားစေနိုင်တဲ့ အစွမ်းတွေ ရှိခဲ့ပါတယ်။ အဲဒီသဘောတရားကို လူငယ်အဆိုတော်တွေ ဖြစ်ကြတဲ့ Charli XCX နဲ့ Troye Sivan တို့က အခုရက်ပိုင်းမှာ ထပ်ပြီး သက်သေပြလိုက်သလိုပါပဲ။ တခြားကြောင့်တော့ မဟုတ်ပါဘူး။ အသက် ၂၆ နှစ်အရွယ် Charli XCX ဟာ အင်္ဂလန်နိုင်ငံက အဆိုတော်မလေး တစ်ယောက် ဖြစ်နေပေမယ့်၊ ဂီတအနုပညာရဲ့ အစွမ်းကြောင့် […]