Tag: J-Pop

National Producer တစ်ဖြစ်လဲ သရုပ်ဆောင် Lee Seung Gi အကြောင်း တစ်စေ့တစ်စောင်း

စစ်မှုထမ်းပြီးနောက် အရမ်းကို ခန့်ညားလာတဲ့အပြင် စစ်မှုထမ်းပြီးပြီးချင်း ပထမဉီးဆုံး ရိုက်ကူးခဲ့တဲ့ ‘A Korean Odyssey’ (Hwayugi) လို့လူသိများတဲ့ Drama နဲ့ ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပြီးနောက် စွယ်စုံရအနုပညာရှင်ဖြစ်တဲ့ ကိုယ်တွေရဲ့ “မျောက်”လေးက Idol Program တစ်ခုဖြစ်တဲ့ ‘Produce 48’ မှာ National Producer အဖြစ် ပါဝင်ဉီးလာဉီးမှာပါတဲ့နော်။ ပြီးတော့ “ဝက်” လေး Hongki ကလည်း Vocal Trainner […]

အခွေပေါင်း ၄ သိန်းကျော်ရောင်းချခဲ့ရတဲ့ TWICE အဖွဲ့ရဲ့ ‘Candy Pop’

JYP Entertainment ကနေပြီး မြေတောင်မြှောက်ပေးထားတဲ့ အဖွဲ့ဝင် ၉ ယောက် ပါဝင်ဖွဲ့စည်းထားတဲ့ TWICE ဆိုတဲ့ Kpop အဖွဲ့လေးဟာ ခုဆိုရင် Japan နိုင်ငံမှာ သူတို့လေးတွေရဲ့ ဒုတိယမြောက်ဂျပန် Single ဖြစ်တဲ့ ‘Candy Pop’ ဟာ ရောင်းအားတွေအရမ်းကောင်းနေပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ကမှ ထုတ်လိုက်တဲ့ TWICE အဖွဲ့ရဲ့ ‘Candy Pop’ ကတော့ ထုတ်ဝေပြီး ပထမဦးဆုံးအပတ်မှာတင် အခွေပေါင်း […]

ဒေါ်လာသန်း ၅၀၀ ကျော်တန် Cryptocurrency ခိုးယူမှုကြီးကြောင့် လစာမရဖြစ်နေရှာတဲ့ ဂျပန် Idol အဖွဲ့

ဘယ်လို ဘယ်လို ??? ဒီသတင်းကိုစမြင်သူတိုင်းရဲ့ခေါင်းထဲမှာ အရင်ဆုံးပေါ်လာတာကလည်း အဲဒီ “ဘယ်လို ဘယ်လို” ဆိုတဲ့မေးခွန်းပါပဲ။ Cryptocurrency တွေ hack ခံလိုက်ရတာနဲ့ ဂျပန်နိုင်ငံက Idol တွေလစာမရတာ ဘယ်လိုတွေများပတ်သက်နေတာတုန်း… အဲဒီလိုတွေးမိတယ်ဆိုရင်တော့ သင်ဟာ လဦးပိုင်းတုန်းကသတင်းတွေနဲ့ နည်းနည်းကွင်းဆက်ပြတ်နေလို့ဖြစ်နိုင်ပါတယ်။ အဲဒါဆိုရင် အလင်းပြပါ့မယ်.. ဆက်သာဖတ်သွားကြည့်လိုက်ပါ။ Concept သောက်ဆန်းကြီးတွေနဲ့ Idol အဖွဲ့တွေကိုဖန်တီးဖို့ဝန်မလေးတဲ့ ဂျပန်နိုင်ငံက ဒီနှစ်အစောပိုင်းတုန်းက မြင်ဖူးသမျှ ဆန်းပေ့ဆိုတဲ့ Idol အဖွဲ့တွေနဲ့ယှဉ်လိုက်ရင်တောင် အပုံကြီးပိုဆန်းနေသေးတဲ့ […]

ချစ်စရာအသေကောင်းတဲ့ TWICE ရဲ့ ဒုတိယမြောက်ဂျပန် Single – ‘Candy Pop’

TWICE က သူတို့ရဲ့ ဒုတိယမြောက်ဂျပန် single ဖြစ်မယ့် ‘Candy Pop’ ရဲ့ Music Video ကို ထုတ်ပေးလိုက်ပါပြီ။ TWICE ရဲ့သီချင်းဆိုတော့ ဝေးဝေးပြေးစဉ်းစားနေစရာမလိုပါဘူး.. ချစ်စရာကောင်းချက်က သေလို့ရပါတယ်။ ဒီသီချင်းထဲမှာ TWICE အဖွဲ့သားတွေကို Anime ဇာတ်ကောင်လေးတွေအသွင်နဲ့ မြင်တွေ့ရမှာပါ။ 2 Dimensions လောကမှာရှိနေတဲ့သူတို့ဟာ သူတို့ရဲ့ performance ကိုအားပေးနေတဲ့ 3 Dimensions ကကောင်မလေးဆီကို သွားရောက်ဖို့ကြိုးစားကြမှာပါ။ သူတို့အဲဒီလိုကြိုးစားတာကို […]

အသက် ၃၆ နှစ်အရွယ်မှာ ကြွေလွင့်သွားခဲ့တဲ့ Babymetal အဖွဲ့က ဂီတာသမား Fujioka Mikio

ကမ္ဘာကျော် Babymetal အဖွဲ့ရဲ့ရှိုးပွဲတိုင်းမှာ လိုက်လံတီးခတ်ပေးတဲ့ KamiBand ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Fujioka Mikio ဟာ သူချစ်တဲ့ဂီတာကိုချန်ရစ်ထားခဲ့ပြီး သူ့ပရိသတ်တွေကိုကျောခိုင်းသွားခဲ့ပါပြီ။ ‘Ko-Gami’ (Little God) လို့ချစ်စနှိုးခေါ်ကြတဲ့ Fujioka ဟာ မျက်မှောက်ခေတ်ဂီတလောကထဲက အတော်ဆုံးဂီတာပညာရှင်တွေထဲကတစ်ယောက်လို့ဆိုရင် ပိုမယ်လို့မထင်မိပါဘူး။ Babymetal အဖွဲ့ကို သာမန် idol အဖွဲ့တစ်ခုအဆင့်ကနေ ကမ္ဘာတစ်ဝန်းက Metal ချစ်သူတွေ လက်ခံအားပေးလာတဲ့အထိ သူ့ရဲ့ဂီတာလက်စွမ်းတွေနဲ့ ပံ့ပိုးပေးခဲ့နိုင်တယ်ဆိုတာဟာ သာမန်စွမ်းဆောင်မှုမျိုးမဟုတ်ပါဘူး။ အဲဒီလိုအထင်ကရဂီတပညာရှင်တစ်ဦးကြွေလွင့်သွားတယ်ဆိုတဲ့သတင်းဟာ ကမ္ဘာတစ်ဝန်းက ဂီတချစ်သူတွေကို […]

ဒီထက်ပိုပြီးသောင်းကျန်းလာရင် နောက်လာမယ့် Event တွေဖျက်ပစ်မယ်လို့ သတိပေးခံရတဲ့ ‘Love Live’ Fan တွေ

တချို့လူတွေက ရှိုးပွဲတွေမှာ အားရပါးရအားပေးရတာကို ဝါသနာပါကြပါတယ်။ ဒါပေမယ့် ဘေးလူတွေကို အနှောင့်အယှက်အကြီးကြီးဖြစ်စေတဲ့အထိ အားပေးမိရင်တော့ ရှိုးပွဲစီစဉ်သူတွေရဲ့သတိပေးခြင်းကိုခံရနိုင်ပါတယ်။ ဒီဇင်ဘာ ၂၂ ရက်နေ့တုန်းက တိုကျို Akihabara UDX မှာကျင်းပပြုလုပ်ခဲ့တဲ့ Love Live! Sunshine!! event မှာ အဲဒီလိုအားရပါးရအားပေးတတ်တဲ့ fan တစ်စုက အခြားပွဲလာပရိသတ်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အထိ သောင်းကျန်းခဲ့ကြတာမို့ ကြည့်မရသူတွေက သူတို့အဖွဲ့သောင်းကျန်းနေကြတာကို ဗီဒီယိုရိုက်ပြီး twitter ပေါ်တင်လိုက်ကြပါတယ်။ အဲဒီဗီဒီယိုတွေထဲမှာဆိုရင် လမ်းသွားလမ်းလာတွေ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အထိ […]

BoA ရဲ့အသစ်စက်စက် MV ‘Jazzclub’

Queen of K-Pop လို့တင်စားခေါ်ဝေါ်ခံရတဲ့ K-Pop/J-Pop အဆိုတော် BoA ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက Jazzclub လို့အမည်ရတဲ့ သူမရဲ့အသစ်စက်စက် MV ကို release လုပ်ပေးခဲ့ပါတယ်။ Jazzclub သီချင်းဟာ ၂၀၁၈ ဖေဖော်ဝါရီ ၁၄ ရက်နေ့ထွက်ရှိမယ့် သူမရဲ့ ၉ ခုမြောက် ဂျပန် album ဖြစ်တဲ့ 私このままでいいのかな (Watashi Konomama de Iinokana) မှာပါဝင်မယ့်သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီ […]

စင်ကာပူ၊ ဟောင်ကောင်နဲ့ တိုင်ပေတို့ကိုလာမယ့် LiSA ရဲ့ Asia Tour

နာမည်ကျော် Anisong အဆိုတော်တစ်ဦးဖြစ်တဲ့ LiSA ဟာ သူမရဲ့ “LiVE is Smile Always~ASiA TOUR 2018~” ရဲ့တစ်စိတ်တစ်ဒေသအနေနဲ့ စင်ကာပူ၊ ဟောင်ကောင်နဲ့ တိုင်ပေမြို့တို့မှာလာရောက်ဖျော်ဖြေမယ်လို့ ကြေညာလိုက်ပါတယ်။ ၂၀၁၈ ဇူလိုင် ၂၁ မှာ စင်ကာပူ၊ သြဂုတ် ၁၁ မှာ ဟောင်ကောင်နဲ့ သြဂုတ် ၁၈ မှာ တိုင်ပေမြို့တို့မှာ လိုက်လံဖျော်ဖြေမှာဖြစ်ပါတယ်။ Angel Beats!, Fate/stay night: […]

Aimer နဲ့ Amazarashi တို့ရဲ့ ၂၀၁၈ မတ်လမှာလုပ်မယ့် Asia Tour

အဆိုတော် Aimer နဲ့ Rock Band တစ်ခုဖြစ်တဲ့ Amazarashi တို့ဟာ သူတို့ရဲ့ Asia Concert Tour အကြောင်းကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ၂၀၁၈ မတ်လအတွင်းမှာ ရှန်ဟိုင်း၊ ထိုင်ဝမ်နဲ့ စင်ကာပူမြို့တို့မှာ လှည့်လည်ဖျော်ဖြေသွားမှာဖြစ်ပြီး မတ်လ ၂-၃ ရက်နေ့တို့မှာ ရှန်ဟိုင်း၊ ၂၃ ရက်နေ့မှာ ထိုင်ဝမ်နဲ့ ၃၁ ရက်နေ့မှာ စင်ကာပူနိုင်ငံတို့မှာ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ Aimer ဆိုတာကတော့ […]