Tag: Latin music

Bad Bunny နဲ့အတူတွဲပြီး MV အသစ် ထွက်ရှိလာခဲ့တဲ့ Jennifer Lopez

သီချင်းအဆိုကောင်းသလောက် သရုပ်ဆောင်လည်း ကောင်းလှတဲ့ Jennifer Lopez ကို JLo ရယ်လို့ ချစ်စနိုးနဲ့ ခေါ်တတ်ကြတဲ့ လူတွေထဲမှာ သူမကိုချစ်တဲ့ ပရိသတ်တွေက ထိပ်ဆုံးမှာ ပါဝင်နေခဲ့ကြပါတယ်။ အဲဒါကြောင့် JLo ကလည်း သူမရဲ့ ပရိသတ်တွေအတွက် အသစ်အသစ်သော အနုပညာတွေကို အမြဲတမ်း ပေးစွမ်းနိုင်အောင် ကြိုးစားနေခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း JLo ဟာ သူမရဲ့ သီချင်းသစ်တွေကို မျှော်လင့်နေကြတဲ့ ချစ်တဲ့ ပရိသတ်တွေရဲ့ […]

El Alfa နဲ့အတူ သီချင်းသစ်တစ်ပုဒ်ကို သီဆိုထားတဲ့ Cardi B

Cardi B ဟာ ဒီနှစ်တွေထဲမှာ အောင်မြင်မှုတွေ အများကြီး ရရှိနေခဲ့တဲ့ အမျိုးသမီး Rapper တစ်ယောက်ဆိုတာ ဘယ်သူမှ မငြင်းဆန်နိုင်တဲ့ အမှန်တရားတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူမဟာ အဲဒီလိုတွေ အောင်မြင်နေသလောက် အနုပညာနဲ့ ပတ်သက်လာရင်လည်း ခြေလှမ်းတွေ အရမ်းစိပ်နေတဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်နေခဲ့ပြန်ပါတယ်။ ဟုတ်ပါတယ်။ Cardi B ဟာ သိပ်မကြာသေးခင်က Money ဆိုတဲ့ သူမရဲ့ Single သီချင်းဖြစ်တစ်ပုဒ်ကို ထွက်ရှိခဲ့ပါတယ်။ […]

Music Video အသစ် ထွက်ရှိလာခဲ့တဲ့ Shakira

နာမည်ကျော် အဆိုတော် Shakira ရဲ့ Music Video အသစ်လေးတစ်ပုဒ်ဟာ နိုဝင်ဘာလ ၃ ရက်နေ့တုန်းက You Tube ပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။ သီချင်းလေးရဲ့ နာမည်ကတော့ Nada ပဲ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီသီချင်းလေးဟာ ၂၀၁၇ မေလထဲမှာ ထွက်ရှိခဲ့တဲ့ Shakira ရဲ့ El Dorado ဆိုတဲ့ Album ထဲမှာ ပါဝင်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ပြီးတော့ […]

လက်တင်တေးဂီတ စာရင်းတွေမှာ နံပါတ် ၁ ဖြစ်နေတဲ့ CNCO အဖွဲ့ရဲ့ Se Vuelve Loca

လက်တင် – အမေရိက (Latin – American) တေးဂီတလိုင်းမှာ ဆယ်ကျော်သက်အရွယ် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်ဖြစ်နေတဲ့ CNCO အဖွဲ့ဟာ အောက်တိုဘာလရဲ့ နောက်ဆုံး ရက်သတ္တပတ်မှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ အဲဒါကတော့ သူတို့အဖွဲ့ရဲ့ Se Vuelve Loca ဆိုတဲ့ သီချင်းလေးဟာ Billboard က Latin Airplay, Latin Pop နဲ့ Latin Rhythm ဆိုတဲ့ […]

တဇွတ်ထိုးဆန်တဲ့ ပရိသတ်ကိုတောင် အကာအကွယ်ပေးခဲ့တဲ့ Shakira

ကိုလံဘီယာနိုင်ငံသူ တစ်ယောက်ဖြစ်တဲ့ အဆိုတော် Shakira ဟာ အင်္ဂလိပ်ဘာသာနဲ့ သီချင်းဆိုတဲ့နေရာမှာ ဂရမ်မီဆု ၃ ဆု ရခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့သူပါ။ ဒါပေမဲ့ သူမဟာ လက်တင်ဘာသာနဲ့ သီဆိုတဲ့နေရာမှာလည်း အရမ်းထူးချွန်သေးတာမို့ (Latin Music) လက်တင်တေးဂီတအတွက် ချီးမြှင့်တဲ့ ဂရမ်မီဆုကိုလည်း ၁၁ ကြိမ်တိတိ ရရှိထားခဲ့ပါသေးတယ်။ လက်တင်တေးဂီတလိုင်းမှာလည်း အဲဒီလို အောင်မြင်ပြီး၊ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ Shakira ဟာ ဒီလပိုင်းတွေထဲမှာ El Dorado […]

တေးဂီတ ပုံစံသစ်နဲ့ တစ်ကျော့ပြန်လာခဲ့တဲ့ Akon

အမေရိကားက R&B နဲ့ Hip-Hop လိုင်းတွေမှာ ဆရာကျခဲ့တဲ့ Akon ရဲ့ သီချင်းသစ်တွေကို နားမထောင်ရတာ နည်းနည်းတော့ ကြာခဲ့ပါပြီ။ တခြားကြောင့်တော့ မဟုတ်ပါဘူး။ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော် Akon ဟာ “Akon Lighting Africa” ဆိုတဲ့ နာမည်နဲ့ အာဖရိကနိုင်ငံအပါအဝင် တခြားနိုင်ငံ ၁၇ နိုင်ငံမှာ လူသားချင်း စာနာထောက်ထားတဲ့ ပရဟိတ လူမှုရေးအလုပ်တွေကို လုပ်နေခဲ့လို့ပဲ ဖြစ်ပါတယ်။ […]

Drake နဲ့ Bad Bunny တို့ရဲ့ သီချင်းအသစ် Mia

နာမည်ကျော် အဆိုတော် Drake နဲ့ အမေရိကား (Latin Music) လက်တင်တေးဂီတလိုင်းမှာ ဆရာကျနေတဲ့ အဆိုတော် Bad Bunny တို့ရဲ့ Music Video အသစ်လေးတစ်ပုဒ်ဟာ အောက်တိုဘာလ ၁၁ ရက်နေ့တုန်းက You Tube ပေါ် ရောက်လာခဲ့တာကို တွေ့ရပါတယ်။ သီချင်းလေးရဲ့ နာမည်ကတော့ Mia ပဲ ဖြစ်ပါတယ်။ သီချင်းရဲ့ Music Video ကို ရိုက်ကူးထားပုံကလည်း ပျော်စရာ […]

အလန်းစား ရိုက်ချက်တွေနဲ့ Taki Taki သီချင်းရဲ့ Music Video အသစ်

Taki Taki သီချင်းလေးဟာ ပြင်သစ်နိုင်ငံက DJ ပညာရှင်တစ်ယောက်ဖြစ်တဲ့ DJ Snake, ဟောလီးဝုဒ်က နာမည်ကျော် သရုပ်ဆောင်/ အဆိုတော် Selena Gomez, လက်တင်တေးဂီတလိုင်းက နာမည်ကျော်ဖြစ်တဲ့ အဆိုတော် Ozuna နဲ့ ဒီနှစ်ထဲမှာ အရမ်းအောင်မြင်နေတဲ့ အမျိုးသမီး Rapper ဖြစ်သူ Cardi B … စတဲ့ အကျော်အမော် ၄ ယောက်ရဲ့ စုပေါင်းဖန်တီးမှု သီချင်းသစ်လေးပဲ ဖြစ်ပါတယ်။ အဲဒီ […]

Music Video တစ်ပုဒ်ကို ပူးပေါင်းဖန်တီးလိုက်ကြတဲ့ Steve Aoki နဲ့ Nicky Jam

ဂျပန်လူမျိုးတစ်ယောက်ဖြစ်ပေမယ့် အမေရိကားနိုင်ငံ၊ Florida က Miami မှာ မွေးဖွားကြီးပြင်းခဲ့ပြီး နာမည်ကျော် DJ ပညာရှင်တစ်ယောက် ဖြစ်နေခဲ့တဲ့ Steve Aoki နဲ့ လက်တင်တေးဂီတ (Latin Music) လိုင်းမှာ ဂရမ်မီဆု ရရှိထားခဲ့တဲ့ အဆိုတော် Nicky Jam တို့တွေ ပူးပေါင်းဖန်တီးထားကြတဲ့ Music Video အသစ်တစ်ပုဒ်ဟာ အောက်တိုဘာလ ၅ ရက်နေ့တုန်းက You Tube ပေါ်ကို ရောက်လာခဲ့ပါတယ်။ […]

2018- Latin American Music Awards ပွဲမှာ Icon Award ယူရတော့မယ့် Daddy Yankee

လက်တင်တေးဂီတ (Latin Music) လိုင်းမှာ ဘုရင်တစ်ဆူဖြစ်တဲ့ Daddy Yankee ဟာ ဟိုတလောက တရုတ်ပြည်မှာ ရယ်ရအခက် ငိုရအခက်ဖြစ်ရအောင် ဒုက္ခနဲ့လှလှတို့ တွေ့ခဲ့ရတာကို တချို့တွေလည်း သိလိုက်ကြမယ်လို့ ထင်မိပါတယ်။ အဲဒါက တခြားတော့ မဟုတ်ပါဘူး။ လက်တင်အဆိုတော် Luis Fonsi နဲ့အတူတွဲဖက်ပြီး သူသီဆိုထားခဲ့တဲ့ သူ့ရဲ့အကျော်ကြားဆုံး Despacito သီချင်းလေးကို ဟိုကလူတွေက တရုတ်လို ဆိုပြခိုင်းလို့ပဲ ဖြစ်ပါတယ်။ ထားပါတော့။   View […]