Tag: tour news

ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေ ကျင်းပတော့မယ့် BLACKPINK

တောင်ကိုရီးယားက နာမည်ကျော် မိန်းကလေး K – Pop အဖွဲ့တွေထဲမှာ ထိပ်ဆုံးရောက်နေဆဲဖြစ်တဲ့ BLACKPINK အဖွဲ့ဟာ ကမ္ဘာတစ်ဝှမ်းက သူတို့ရဲ့ ပရိသတ်တွေအတွက် နှစ်သစ်မှာ သတင်းကောင်းတွေ ယူလာခဲ့ပါပြီ။ အဲဒါက တခြားတော့ မဟုတ်ပါဘူး။ သိပ်မကြာခင် ကာလအတွင်းမှာ သူတို့တွေဟာ ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေကျင်းပရင်း သူတို့ရဲ့ ပရိသတ်တွေ ရှိရာဆီကို အရောက်လာကြတော့မယ်ဆိုတဲ့ သတင်းလေးပဲ ဖြစ်ပါတယ်။ BLACKPINK အဖွဲ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စီမံခန့်ခွဲပေးနေတဲ့ YG […]

One Direction အဖွဲ့ရဲ့စံချိန်ကို ချိုးဖြတ်တော့မယ့် BTS

ဒီနှစ်ပိုင်းတွေထဲမှာ အာရှဘက်ကနေပြီး ဟိုးအနောက်က နိုင်ငံဘက်တွေအထိတိုင်အောင် ထိုးဖောက်အောင်မြင်နေခဲ့တဲ့ ဂီတအဖွဲ့တစ်ဖွဲ့ကို ပြပါဆိုရင် တောင်ကိုရီးယားက K- Pop Boy Band တစ်ခုဖြစ်တဲ့ BTS ကို အရင်ဆုံး လက်ညှိုးထိုးပြရမှာ အမှန်ပါပဲ။ ဟုတ်ပါတယ်။ တောင်ကိုရီးယားလူငယ် ရ ယောက်ပါဝင်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ BTS အဖွဲ့ဟာ အရင်နှစ်တွေတုန်းကလည်း အောင်မြင်မှုတွေ ရရှိခဲ့ကြသလို၊ ဒီနှစ်ထဲမှာဆိုရင်လည်း အကြီးအကျယ်တွေကို အောင်မြင်နေခဲ့ကြတာပါ။ ဂီတနဲ့ပတ်သက်ပြီး (အာရှဘက်က ပြည်တွင်း/ပြည်ပက […]

Justin Bieber ရဲ့ သီချင်းကို ပြန်လည်သီဆိုသွားခဲ့တဲ့ Ed Sheeran

ကမ္ဘာကျော်ဗြိတိန်အဆိုတော် Ed Sheeran ကတော့ စိတ်ကျန်းမာရေး ယိုယွင်းနေတဲ့ ဝေဒနာရှင်တွေအတွက် ကျင်းပပြုလုပ်သွားတဲ့ ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲမှာ အဆိုတော် Justin Bieber အတွက် သူကိုယ်တိုင် ရေးစပ်သီကုံးပေးထားတဲ့ အပေါက်ဆုံး တေးသီချင်း Love Yourself ကို ပြန်လည်သီဆိုသွားခဲ့ပါတယ်။     Ed Sheeran ဟာ နိုဝင်ဘာလ ၁၈ရက်နေ့က လန်ဒန်မြို့ Roundhouse မှာ ကျင်းပသွားခဲ့တဲ့ Music 4 […]

MV အသစ် တစ်ပုဒ်နဲ့အတူ Album အသစ်ကို ကြေညာလိုက်တဲ့ Backstreet Boys

ကမ္ဘာပေါ်က နာမည်ကျော် Boy Band အကြောင်းတွေကို ပြောမယ်ဆိုရင်ပဲ ဖြစ်ဖြစ်၊ နာမည်ကျော် Pop သီချင်းတွေရဲ့ အကြောင်းတွေကို ပြောရမယ်ဆိုရင်ပဲ ဖြစ်ဖြစ်ပေါ့ အမေရိကန်နိုင်ငံ Orlando, Florida မှာ ၁၉၉၃ ခုနှစ်လောက်ကတည်းက စတင် ပေါက်ဖွားလာခဲ့တဲ့ Backstreet Boys အဖွဲ့နဲ့ သူတို့ရဲ့ သီချင်းတွေကို ချန်ထားရစ်ခဲ့ဖို့ ဆိုတာဟာ လုံးဝမဖြစ်နိုင်ဘူးလို့ ထင်မိပါတယ်။ ပြီးတော့ Band သက်တမ်း ၂၅ နှစ်ကျော်လာပြီဖြစ်တဲ့ […]

တစ်ကျော့ပြန် ပူးပေါင်းဖျော်ဖြေတော့မယ့် ရက်ကို ကြေညာလိုက်တဲ့ Spice Girls

အင်္ဂလန်နိုင်ငံ Girl Band တစ်ခုဖြစ်တဲ့ Spice Girls အဖွဲ့ကတော့ သူတို့ရဲ့ အင်္ဂလန်နိုင်ငံထဲက ပရိသတ်တွေကို အခုရက်ပိုင်းအတွင်းမှာ ပျော်စရာ သတင်းလေးတစ်ခုကို ပေးခဲ့ပါတယ်။ အဲဒါက တခြားတော့ မဟုတ်ပါဘူး။ သူတို့အဖွဲ့ဟာ နောက်နှစ် ၂၀၁၉ ခုနှစ်ကျရင် တစ်ကျော့ပြန်ပူးပေါင်းပြီး ရှိုးပွဲတွေကို အတူဖျော်ဖြေကြတော့မယ်ဆိုတဲ့ သတင်းလေးပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ Spice Girls အဖွဲ့သူတွေဟာ နိုဝင်ဘာလ ၅ ရက်နေ့တုန်းက အဲဒီသတင်းလေးတွေကို Instagram, […]

တဇွတ်ထိုးဆန်တဲ့ ပရိသတ်ကိုတောင် အကာအကွယ်ပေးခဲ့တဲ့ Shakira

ကိုလံဘီယာနိုင်ငံသူ တစ်ယောက်ဖြစ်တဲ့ အဆိုတော် Shakira ဟာ အင်္ဂလိပ်ဘာသာနဲ့ သီချင်းဆိုတဲ့နေရာမှာ ဂရမ်မီဆု ၃ ဆု ရခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့သူပါ။ ဒါပေမဲ့ သူမဟာ လက်တင်ဘာသာနဲ့ သီဆိုတဲ့နေရာမှာလည်း အရမ်းထူးချွန်သေးတာမို့ (Latin Music) လက်တင်တေးဂီတအတွက် ချီးမြှင့်တဲ့ ဂရမ်မီဆုကိုလည်း ၁၁ ကြိမ်တိတိ ရရှိထားခဲ့ပါသေးတယ်။ လက်တင်တေးဂီတလိုင်းမှာလည်း အဲဒီလို အောင်မြင်ပြီး၊ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ Shakira ဟာ ဒီလပိုင်းတွေထဲမှာ El Dorado […]

အသံပျက်သွားလို့ ကနေဒါက ရှိုးပွဲတွေကို ဖျက်သိမ်းလိုက်ရတဲ့ Christina Aguilera

ဂရမ်မီဆုနဲ့ တခြားဂီတဆိုင်ရာ ဆုအမျိုးမျိုးတို့ရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ အဆိုကျော် Christina Aguilera ဟာ ဇွန်လ ၁၅ ရက်နေ့တုန်းက သူမရဲ့ ၈ ခုမြောက် Album ဖြစ်တဲ့ Liberation ဆိုတဲ့ album အသစ်ကို ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Christina ဟာ ပြီးခဲ့တဲ့ လပိုင်းတွေကစပြီး Liberation Tour ဆိုတဲ့နာမည်နဲ့ နယ်လှည့်ရှိုးပွဲတွေကို ကျင်းပနေခဲ့တယ်လို့ သိရပါတယ်။   View this […]

Drake ရဲ့ ပရိသတ်စစ်စစ်ပါလို့ ဝန်ခံလိုက်တဲ့ Adele

အမှန်အတိုင်း ပြောရမယ်ဆိုရင် အောင်မြင်ကျော်ကြားကြတဲ့ အနုပညာသည် အများစုဟာ အချင်းချင်းတွေကြားမှာ မသိမသာလေးတွေ ချေတတ်မိုးတတ်ကြပါတယ်။ အပြင်ပန်းမှာသာ အင်မတန် ချစ်ပြ၊ သည်းသည်းတွေ လှုပ်ပြနေတတ်ကြပေမယ့် အတွင်းကတော့ ကောက်ကွေးနေတတ်ကြပါတယ်။ တစ်ယောက်ရဲ့ အောင်မြင်မှုကို ကျန်တစ်ယောက်က ကျိတ်ပြီး မနာလိုတိုရှည် ဖြစ်နေတတ်ကြတာတွေကလည်း ဒုနဲ့ဒေးပါပဲ။ ပြီးတော့ အနုပညာသည် အချင်းချင်းကြားမှာ ကိုယ့်ထက် တော်နေရင်တောင်မှ ပေါ်တင်အားမပေးတတ်ကြပါဘူး။ ချီးမွမ်းဖို့ဆိုတာကတော့ ဝေလာဝေးပါ။ မသိချင်ယောင်တွေ ဆောင်နေတတ်ကြပါတယ်။ ခေတ်စကားနဲ့ ပြောရရင် ‘ပလစ်’ […]

80s Baby ဆိုတဲ့ သီချင်းနဲ့ တစ်ကျော့ပြန်လာတော့မယ့် New Kids On the Block

အမေရိကန်က Boston မြို့လေးမှာ စတင်ပေါက်ဖွားလာခဲ့တဲ့ New Kids On the Block (NKOTB) အဖွဲ့ဟာ ၁၉၈၀ ခုနှစ် နောက်ပိုင်းနဲ့ ၁၉၉၀ ခုနှစ် အစောပိုင်းကာလတွေမှာ အရမ်းရေပန်းစားခဲ့ဖူးတဲ့ Boy Band တစ်ခုပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ အကြီးအကျယ် အောင်မြင်ခဲ့ကြပြီးတဲ့နောက် ၁၉၉၄ ခုနှစ်မှာ ပြိုကွဲသွားကြပေမယ့် ၂၀၀၇ ခုနှစ်မှတော့ ပြန်လည်ပေါင်းစည်းခဲ့ကြပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ သူတို့တွေဟာ ကြိုကြားကြိုကြားဆိုသလို အနုပညာလှုပ်ရှားမှုတွေကို […]

ပရိသတ်တွေကို မမေ့တတ်တဲ့ Taylor Swift

ခေါင်းစဉ်လေးမှာ ရေးထားသလိုပါပဲ။ အကျော်အမော် အဆိုတော်မလေး Taylor Swift မြောက်များစွာသော ပရိသတ်တွေနဲ့ အမြဲထိတွေ့ ဆက်ဆံနေရပေမယ့် သူ့ကို အရမ်းအားပေးခဲ့ဖူးတဲ့ ထူးထူးခြားခြား ပရိသတ်တွေကိုလည်း မေ့မထားတတ်ဘူးလို့ သိရပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီလိုပါ။ အသက် ၂၈ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Swift ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကျော် အချိန်လောက်တုန်းက ရှိုးပွဲတစ်ပွဲမှာ သူမကို အရမ်းအားပေးတဲ့ ပရိသတ်တစ်ယောက်နဲ့ ဆုံဆည်းခဲ့ရဖူးပါတယ်။ ဒါပေမဲ့ အဲဒီပရိသတ်က လူကြီးတစ်ယောက် […]