Tag: YouTube

K- Pop အဖွဲ့တွေကြားမှာ ထိပ်တန်းဖြစ်လာတဲ့ BLACKPINK ရဲ့ Ddu-Du Ddu- Du

BLACKPINK အဖွဲ့ဆိုတာဟာ အခုနှစ်တွေအတွင်း တောင်ကောင်ကိုရီးယား Girl Band တွေထဲက အရမ်းအောင်မြင်နေခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ပဲ ဆိုတာကို K- Pop ချစ်သူတွေအားလုံးလည်း သိပြီးသားဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီ ၂၀၁၉ နှစ်ဦးပိုင်းမှာတုန်းကလည်း BLACKPINK အဖွဲ့သူတွေဟာ သိပ်မကြာခင်မှာ အမေရိကမြောက်ပိုင်း၊ ဥရောပနဲ့ သြစတေးလျ နိုင်ငံတွေမှာရှိတဲ့ သူတို့ရဲ့ ပရိသတ်တွေရှိရာဆီကိုသွားပြီး ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေ ကျင်းပတော့မှာ ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ အမာခံပရိသတ်တွေဟာ […]

နိုင်ငံတကာမှာ Top ဖြစ်နေတဲ့ Ariana Grande ရဲ့ 7 Rings

ချစ်စရာကောင်းတဲ့ ပိုနီတေးလ် ဆံပင်ပုံစံလေးနဲ့ အမြဲလိုလို တွေ့ရတတ်တဲ့ အဆိုတော်မလေး Ariana Grande ဟာ ၂၀၁၈ ဒီဇင်ဘာလထဲမှာတုန်းက Thank U next ဆိုတဲ့ သီချင်းလေးနဲ့ နိုင်ငံအနှံ့အပြားမှာ ၀က်ဝက်ကွဲ အောင်ပွဲခံခဲ့တာကို သီချင်းချစ်သူတွေအားလုံး သိပြီးသား ဖြစ်မှာပါ။ အခုတော့ Ariana အဲဒီ အောင်မြင်မှုတွေကို ဒီ ၂၀၁၉ နှစ်ဦးပိုင်းအထိ ယူဆောင်လာခဲ့ပြန်ပါပြီ။ ဟုတ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်သာ ရှိသေးတဲ့ […]

Taylor Swift နဲ့ Kim Kardashian တို့ရဲ့ ရန်ငြိုးတွေက အဆုံးသတ်တော့မှာလား…?

နာမည်ကျော် အနုပညာရှင်တွေကလည်း လူတွေထဲက လူတွေပဲမို့ ချစ်တတ်၊ မုန်းတတ်ကြတာ အမှန်ပါ။ အဲဒီတော့ မေတ္တာတရားတွေ၊ အငြိုးအတေးတွေဟာလည်း သူတို့တွေရဲ့ ရင်ထဲမှာ ရှိသင့်သလောက်တော့ ရှိကြမှာ အမှန်ပါပဲ။ အမေရိကန်က ထိပ်တန်း အမျိုးသမီးအဆိုတော် တစ်ယောက်ဖြစ်တဲ့ Taylor Swift နဲ့ နာမည်ကျော် မော်ဒယ်လ်/ တီဗီစတား တစ်ယောက်ဖြစ်တဲ့ Kim Kardashian တို့ဟာလည်း အဲဒီလိုပါပဲ။ သူတို့နှစ်ယောက်ရဲ့ ကြားမှာ ဟိုးအရင်တုန်းက ရန်ငြိုးရန်စတွေ ရှိခဲ့ကြဖူးတယ်လို့ […]

တင်လှုပ်အကတွေကို မူးခါနေအောင် မြင်ရမယ့် Cardi B နဲ့ City Girls တို့ရဲ့ Music Video အသစ်

၂၀၁၈ တစ်နှစ်လုံးမှာ ဂီတ အနုပညာနဲ့ ပတ်သက်တဲ့ အောင်မြင်မှုတွေကို ဆင့်ကဲဆင့်ကဲ ရရှိခဲ့သလောက်… ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ပြဿနာတွေ၊ ရန်ပွဲတွေ၊ အိမ်ထောင်ရေး အရှုပ်အထွေးတွေ များခဲ့ရတဲ့ နာမည်ကျော် အမျိုးသမီး Rapper ကို ပြပါဆိုရင် Cardi B ကိုပဲ လက်ညှိုးထိုးပြီး ပြရမှာ အမှန်ပါ။ ဒါပေမဲ့လည်း လသားအရွယ် သမီးလေးတစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့ ၂၅ နှစ်အရွယ် Cardi ရဲ့ စန်းနဲ့ အောင်မြင်မှုတွေက […]

နှစ်သစ်မှာ သီချင်းအသစ်နဲ့ ပရိသတ်တွေဆီ ပြန်လာတဲ့ Westlife

ဟိုးအရင်တုန်းက အဖွဲ့သား ၅ ယောက်နဲ့ စတင်ခဲ့ပေမယ့် အခုလက်ရှိမှာတော့ အဖွဲ့သား ၄ ယောက်ပဲ ကျန်ရှိတော့တဲ့ အိုင်ယာလန်နိုင်ငံက ကိုလူချော ၄ ယောက်တို့ရဲ့ Westlife အဖွဲ့ဆီက သီချင်းသစ်တွေ ထွက်မလာတော့တာဟာ ၈ နှစ်လောက် ရှိခဲ့ပါပြီ။ ဟုတ်ပါတယ်။ ၂၀၁၁ မှာ ထွက်ရှိခဲ့တဲ့ The Greatest Hits နာမည်နဲ့ Album ဟာ သူတို့အဖွဲ့ နောက်ဆုံးထွက်ခဲ့တဲ့ Album မို့ပဲ […]

The Weeknd နဲ့ Gesaffelstein တို့ ပူးပေါင်းဖန်တီးလိုက်တဲ့ သီချင်းသစ်လေးတစ်ပုဒ်

ဟောလီးဝုဒ်က Mega Star တစ်ယောက်ဖြစ်တဲ့ အဆိုတော်/ သရုပ်ဆောင်မလေး Selena Gomez ရဲ့ ချစ်သူဟောင်း တစ်ယောက်ဖြစ်ခဲ့ဖူးသလို၊ လောလောဆယ်မှာတော့ နာမည်ကျော် မော်ဒယ်လ် Bella Hadid နဲ့ တွဲနေဆဲဖြစ်တဲ့ အဆိုတော် The Weeknd ကတော့ နှစ်သစ်မှာ ဦးဦးဖျားဖျား ဆိုသလိုပါပဲ။ သူကိုယ်တိုင် သီဆိုပြီး သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ Music Video အသစ်လေးတစ်ပုဒ်ကို ပရိသတ်တွေဆီရောက်အောင် ပို့လွှတ်ပေးလိုက်ပါပြီ။ အဲဒီ […]

ခွန်အားတွေပေးမယ့် Jlo ရဲ့ သီချင်းသစ်

၂၀၁၈ မကုန်ခင် အချိန်အတောအတွင်း You Tube ပေါ်ကို ရောက်လာခဲ့တဲ့ Music Video အသစ်တွေထဲမှာ Jlo ရဲ့ သီချင်းသစ်တစ်ပုဒ်လည်း ပါ၀င်ခဲ့ပါတယ်။ သီချင်းလေးရဲ့ နာမည်ကတော့ Limitless ပါ။ အများက ချစ်စနိုးနဲ့ Jlo လို့ ခေါ်ကြတဲ့ အဆိုတော်၊ သရုပ်ဆောင်မင်းသမီး Jennifer Lopez ကို ၄၉ နှစ်ဆိုတဲ့ သူမရဲ့ အသက်အရွယ်နဲ့ မလိုက်ဖက်အောင် ဒီ MV […]

တစိမ့်စိမ့်နဲ့ ကြေကွဲစရာကောင်းတဲ့ Avril Lavigne ရဲ့ Tell Me It’s Over

စူးရှတဲ့ အသံချိုချိုလေးနဲ့ ပရိသတ်တွေရဲ့ရင်ကို အမြဲလှုပ်ခါနိုင်ခဲ့တဲ့ Avril Lavigne ဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့တုန်းက Single သီချင်းလေးတစ်ပုဒ်ရဲ့ Music Video လေးတပုဒ် You Tube ပေါ် တင်ခဲ့တာကို တွေ့ရပါတယ်။ သီချင်းလေးရဲ့ နာမည်လေးကတော့ Tell Me It’s Over (ဒါဟာ ပြီးဆုံးသွားခဲ့ပြီလို့ ကိုယ့်ကိုယ်ပြောစမ်းပါ) ဖြစ်ပါတယ်။ ဒါရိုက်တာ Erica Silverman ရိုက်ကူးပုံဖော်ထားခဲ့တဲ့ Music […]

ကြည့်သူ ၂ ဘီလျံကျော်သွားပြီဖြစ်တဲ့ Selena Gomez နဲ့ Charlie Puth တို့ရဲ့ သီချင်းလေး

You Tube ဆိုတာဟာ ကမ္ဘာပေါ်က သီချင်းပေါင်းစုံကို တစ်နေရာတည်းမှာ ကြည့်ရှုခံစားနိုင်တဲ့ နေရာတစ်ခုဆိုတာ သီချင်းချစ်သူတွေအားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ အဲဒီတော့ You Tube ပေါ်မှာဆိုရင် သီချင်းအပုဒ်ရေတွေကလည်း အများကြီးမှ တကယ့်ကို အများကြီးပဲပေါ့။ အဲဒီလို သီချင်းတွေသာများပေမယ့် ကြည့်သူအရေအတွက် ၂ ဘီလျံပြည့်တဲ့ သီချင်းတွေကတော့ You Tube ပေါ်မှာ သိပ်မများလှပါဘူး။ တကယ့်ကို လက်ချိုးရေတွက်လို့ရတဲ့ ပမာဏလောက်ပဲ ရှိပါတယ်။ အနီးစပ်ဆုံး ပြောရမယ်ဆိုရင်တော့ […]

Youtube မှာ ကြည့်ရှုသူ သန်းတစ်ရာ ပထမဆုံးပြည့်သွားတဲ့ IU ရဲ့ “Palette” MV

ချစ်စရာကောင်းတဲ့ ရုပ်ရည်လေးကိုရော အသံလေးကိုပါ ပိုင်ဆိုင်ထားတဲ့ အဆိုတော်မင်းသမီးချောလေး IU ကတော့ သူမရဲ့ အနုပညာဘဝမှာ ပထမဦးဆုံး Youtube အောင်မြင်မှုတစ်ခုကို ရရှိသွားခဲ့ပါပြီ။ IU ဟာ သူမရဲ့ “Palette” Music Video နဲ့ Youtube မှာ ကြည့်ရှု့သူဦးရေ သန်းတစ်ရာကို ပထမဆုံးအကြိမ်အဖြစ် ပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ရက်နေ့ တောင်ကိုရီးယာစံတော်ချိန် ညနေ ၃နာရီမှာ IU ရဲ့ Palette […]